အိမ်မှာနေရင်း အွန်လိုင်းသင်တန်းတက်မယ့်သူတွေအတွက် အကြံပြုချက်လေးတစ်ချို့
အွန်လိုင်းသင်တန်းတွေဆိုတာ အိမ်ကနေပဲ လွယ်ကူထိရောက်စွာ လေ့လာနိုင်တဲ့စနစ်ဖြစ်ပြီး အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ မိမိအားတဲ့အချိန်တွေမှာလေ့လာနိုင်ပါတယ်။ လက်ရှိအွန်လိုင်းသင်တန်းတွေအများကြီးပေါ်လာခဲ့ပြီး ဖြစ်တာကြောင့် အိမ်မှာနေရင်း အွန်လိုင်းသင်တန်းတက်တမယ့်သူတွေအတွက် အကြံပြုချက်လေးတစ်ချို့ကိုပြောပြပေးချင်ပါတယ်။ (၁) ကိုယ့်ကိုယ်ကိုစိတ်ပိုင်းဖြတ်ပါ အွန်လိုင်းပေါ်ကလေ့လာတယ်ဆိုတာ တစ်နည်းအားဖြင့်ပြောရရင် self Learning လုပ်ရတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ပုံမှန်စာလုပ်ပါ။ အတန်းတက်ပါဆိုပြီး…