Wed. Oct 27th, 2021

August 27ရက်နေ့တွင် Koreaသို့ပြန်လာမယ့် Miyawaki Sakura

 

Japanese mediaများရဲ့ ဖော်ပြချက်အရ IZ*ONE ရဲ့အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Miyawakiသည် မူလက ယနေ့ 23ရက်နေ့တွင် koreaသို့ ပြန်လာရန် ရယ်ရွည်ထားခဲ့‌သည်။ သို့သော် အချိန်ဇယားအပြောင်းအလဲကြောင့် August 27ရက်နေ့တွင် Narita အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာပြီး ညနေ5:30အချိန်တွင် Incheonအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

Miyawaki ကိုရီးယားသို့ပြန်လာရခြင်းအကြောင်းအရင်းမှာ IZ*ONE အဖွဲ့ဝင်တစ်ဦးအနေဖြင့် အနုပညာလှုပ်ရှာမှုများ ပြုလုပ်ရန်ဖြစ်သည်ဟု Japanese mediaများမှ ဖော်ပြထားသည်။ HYBE ၏တရားဝင် ထုတ်ပြန်ပြောကြားခြင်းမရှ်ိသေးသော်လည်း ဂျပန်mediaများမှ Miyawakiသည် angecyနှင့် စာချုပ်ချုပ်ဆိုမှုရှိခဲ့ပြီး HYBEနှင့် Source Musicတို့မှ ပထမဆုံးပူးပေါင်းပွဲထုတ်သွားမယ့် Girl Group တွင်ပါဝင်နိုင်သည်ဟု ထင်ကြေးပေးနေကြသည်။ ၎င်းgroupတွင် Miyawakiနှင့် Kim Chae Wonအပါအဝင် အခြား IZ*ONEမှ အဖွဲ့ဝင်‌ဟောင်း 2ဦးမှ 3ဦးအထိ ပါဝင်မည်ဟု မျှော်လင့်ထားကြသည်။

Miyawaki Sakuraသည် June19တွင် J-Pop idol Groupတစ်ခုဖြစ်သော HKT48မှ ဘွဲ့ရခဲ့ပြီး လျှင်မြန်စွာပင် IZ*ONE အဖွဲ့ဝင်အနေဖြင့် အနုပညာလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ယခုလက်ရှိလည်း သူမ၏ ကိုယ်ပိုင် YouTube Channelမှတဆင့် ပရိတ်သတ်များနှင့် အနီးကပ်ရှိနေပါသည်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *