Uncategorized

ကြွယ်ဝချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ချင်ရင် ရည်စားမရှာဘဲ အချိန်ကို အကျိုးရှိရှိသုံးပြီး အလုပ်လုပ်ပါဆိုတဲ့ တစ်ကိုယ်တော်တည်း တောက်ပနေတဲ့ အမျိုးသမီး

ထိုင်းနိုင်ငံက နာမည်ကြီး Kamarat Pansarasibenchamart အမည်ရှိ အမျိုးသမီးက သူမရဲ့အချစ်ဇာတ်လမ်းကို ဖွင့်ပြော လာခဲ့ပါတယ် ။ သူမဟာ Club Friday Show မှာ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို စုစည်းပြီး သူမရဲ့ Single ဘဝမှာ ပျော်ရွှင်ဖို့ အပျော်ဆုံးနည်းလမ်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ ” တစ်စုံတစ်ယောက်ကို ချစ်တာတို့ သို့မဟုတ်ရည်းစားရှာတာတွေ မလုပ်ပါနဲ့။ ၎င်းဟာ သင့်ရဲ့ အချိန်ကို အလဟသဖြစ်စေသလို ပျော်ရွှင်မှုတွေလည်း သိပ်မရရှိပါဘူး။ နောက်ပြီး သန်း ၁၀၀ ရှိတဲ့လူတိုင်းက ခင်ပွန်းမရှိဘဲ တစ်ကိုယ်တည်းနေထိုင်တဲ့ သူအများစုဖြစ်တယ် ။” လို့ Kamarat က ဆိုပါတယ် ။


Club Friday အစီအစဉ်မှာ ဆွေးနွေးမှုနဲ့အင်တာဗျူးကို နားထောင်ပြီးနောက် များစွာသော netizen များက သင်ဟာ တစ်ဦးတည်းနဲ့ ငွေရှာပျော်လျှင် သင့်မှာ ရည်းစားမရှိဘူးဆိုပြီး ခံယူကြပါတယ် ။ Kamarama အတွက် သူမက မဂ္ဂဇင်း၊ ပုံပြင်များ၊ အခမ်းအနားများနဲ့ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်နေရသူဖြစ်ပြီး သူမက အလုပ်ကြိုးစားသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ “အချစ်ရှိရင် မကောင်းဘူး၊ တစ်ယောက်တည်းနေပြီး အလုပ်နဲ့မင်းပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့မှ ပိုပျော်ဖို့ကောင်းတယ်။ ” လို့ Kamarama က ထပ်မံပြောဆိုခဲ့ပါတယ် ။


၎င်းဟာ မိမိကိုယ်တိုင် single ဖြစ်သော်လည်း ပျော်ရွှင်နေတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ စကားဖြစ်ပါတယ် ။ Karamae ဟာ လူနေမှုပုံစံ၊ အလုပ်နဲ့ ချွေတာမှုတို့မှာ ကမ္ဘာ့သြဇာအရှိဆုံးအမျိုးသမီးများထဲမှ တစ်ဦးဖြစ်လာခဲ့ပါတယ် ။


.


.


.


.


.


.


.


.


JRose (KBdailynews)

Reference : sanook

Zawgyi






JRose (KBdailynews)

Leave a Comment