Mon. Jun 5th, 2023

ပြီးပြည့်စုံသော Relationship တစ်ခုမှာ သာတယ်နာတယ်ဆိုတာ မရှိဘူး…

 

ပြီးပြည့်စုံသော Relationship တစ်ခုမှာ သာတယ်နာတယ်ဆိုတာ မရှိဘူး ပြီးတော့ ယောကျာ်းဖြစ်မှ မိန်းမဖြစ်မှဆိုတဲ့ လိင်ကွဲပြာမှုလည်း မရှိဘူး ။ ကိုယ်သင့်တော်မယ်ထင်ပြီး ရွေးချယ်လိုက်တဲ့ အချစ်တစ်ခုမှာ ရုပ်ချောတာ ရုပ်မချောတာ မရှိဘူး ကိုယ် ချစ်နေရင် နူးနူး ဝဲဝဲ ချစ်နေဖို့သာ အဓိက ။

ကိုယ်ဘဝရဲ့ လက်တွဲဖော်က ဘယ်လိုလူစားမျိုးလဲ…?
အနုပညာသမားလား ဂီတသမားလား ဆရာဝန်လား စစ်ဗိုလ်လား အထက်လူတန်းစားလား စသည့်အားဖြင့် ဥပမာ .. အနုပညာသမားတစ်ယောက်ကို လက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင် သူချစ်တဲ့ အနုပညာကိုလဲ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ချစ်ပေးနိုင်ရမယ် ၊ ပြီးတော့….. သူ့ ပရိတ်သတ်တွေကိုလည်း ကိုယ်ဘက်က အပြစ်မမြင်ပဲ ချစ်ခင်ပေးရမယ် ။ ဟင့်အင်း .. ငါက သူ့ကိုဘဲ ချစ်တာ သူ့အနုပညာ သူ့ပရိသတ်တွေကိုတော့ မချစ်နိုင် နားလည်မပေးနိုင်ဘူးဆိုရင်တော့ ကိုယ်တည်ဆောက်ခဲ့တဲ့ Relationship က ရေရှည် ခိုင်မြဲဖို့ဆိုတာ ဝေးကွာသွားစေတယ် ။

 

တကယ်တော့ .. အချစ်တစ်ခုမှာ လိုအပ်ချက်ဆိုတာ မရှိပါဘူး သူ့ချစ်တာကို ကိုယ်ဘက်က အကြွင်းမဲ့ ယုံကြည်ပေးသလို ကိုယ်ချစ်တာကိုလည်း သူ့ဘက်က အကြွင်းမဲ့ ယုံကြည်ပေးနေဖို့ပါပဲ ။ ကိုယ့်ချစ်သူဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ ကာယကံရှင် ကိုယ်တိုင်းက ပိုအသိဆုံးနေမှာပါ ။ ဒီတော့ .. ကိုယ့်ဘက်က မပြတ်သားနိုင်သေးသ၍ ချစ်တဲ့သူအပေါ်မှာ သံသယတွေ နားလည်မှုတွေ မရှိဘဲ မယုံသင်္ကာဖြစ်နေမဲ့အစား ၊ သူ့ကို ကိုယ့်ဘဝရဲ့ လက်တွဲဖော်အဖြစ် ခံယူထားတယ်ဆိုရင် သူ့ဂုဏ်သိက္ခာ ကိုယ်ကျင့်တရားတွေကို အပေါ်ယံ အမြင်တွေနဲ့ အထင်မလွဲပဲ ယုံကြည်ပေးစေချင်တယ် ။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံယုံကြည်ကြည် နားလည်မှု သစ္စာတရားတွေနဲ့ သံသယကင်းကင်း ချစ်ကြမယ်ဆိုရင် ၊ ခိုင်မြဲအောင်တည်ဆောက်ခဲ့တဲ့ Relationship မှာ ကြားလူတွေ ဘယ်လို နှောက်ယှက်နှောက်ယှက် မနာလိုသူတွေ ဘယ်လို နည်းနဲ့ သွေးခွဲခွဲ ပြိုလဲသွားမှာ မဟုတ်ပါဘူး ။

 

ဒါကြောင့် ကိုယ့်ဘက်က မမုန်းနိုင် မမေ့နိုင်ဘူးဆိုရင် မာနတွေကို သံသယတွေနဲ့ တင်းခံထားပါနဲ့ တင်းလွန်းရင် ပြတ်တယ်ဆိုတာ ” ကြိုး ” ဘဲ ကောင်းပါတယ် ။ ချစ်တဲ့သူတိုင်း ခိုင်မြဲသော In a Relationship တစ်ခု တည်ဆောက်နိုင်ပါစေ…..”

#နံရိုး

 

 

Zawgyi

ၿပီးျပည့္စုံေသာ Relationship တစ္ခုမွာ သာတယ္နာတယ္ဆိုတာ မရွိဘူး…

 

ၿပီးျပည့္စုံေသာ Relationship တစ္ခုမွာ သာတယ္နာတယ္ဆိုတာ မရွိဘူး ၿပီးေတာ့ ေယာက်ာ္းျဖစ္မွ မိန္းမျဖစ္မွဆိုတဲ့ လိင္ကြဲျပာမႈလည္း မရွိဘူး ။ ကိုယ္သင့္ေတာ္မယ္ထင္ၿပီး ေ႐ြးခ်ယ္လိုက္တဲ့ အခ်စ္တစ္ခုမွာ ႐ုပ္ေခ်ာတာ ႐ုပ္မေခ်ာတာ မရွိဘူး ကိုယ္ ခ်စ္ေနရင္ ႏူးႏူး ဝဲဝဲ ခ်စ္ေနဖို႔သာ အဓိက ။

ကိုယ္ဘဝရဲ႕ လက္တြဲေဖာ္က ဘယ္လိုလူစားမ်ိဳးလဲ…?
အႏုပညာသမားလား ဂီတသမားလား ဆရာဝန္လား စစ္ဗိုလ္လား အထက္လူတန္းစားလား စသည့္အားျဖင့္ ဥပမာ .. အႏုပညာသမားတစ္ေယာက္ကို လက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္ေတာ့မယ္ဆိုရင္ သူခ်စ္တဲ့ အႏုပညာကိုလဲ ကိုယ့္ဘက္က အတတ္ႏိုင္ဆုံး ခ်စ္ေပးႏိုင္ရမယ္ ၊ ၿပီးေတာ့….. သူ႔ ပရိတ္သတ္ေတြကိုလည္း ကိုယ္ဘက္က အျပစ္မျမင္ပဲ ခ်စ္ခင္ေပးရမယ္ ။ ဟင့္အင္း .. ငါက သူ႔ကိုဘဲ ခ်စ္တာ သူ႔အႏုပညာ သူ႔ပရိသတ္ေတြကိုေတာ့ မခ်စ္ႏိုင္ နားလည္မေပးႏိုင္ဘူးဆိုရင္ေတာ့ ကိုယ္တည္ေဆာက္ခဲ့တဲ့ Relationship က ေရရွည္ ခိုင္ၿမဲဖို႔ဆိုတာ ေဝးကြာသြားေစတယ္ ။

 

တကယ္ေတာ့ .. အခ်စ္တစ္ခုမွာ လိုအပ္ခ်က္ဆိုတာ မရွိပါဘူး သူ႔ခ်စ္တာကို ကိုယ္ဘက္က အႂကြင္းမဲ့ ယုံၾကည္ေပးသလို ကိုယ္ခ်စ္တာကိုလည္း သူ႔ဘက္က အႂကြင္းမဲ့ ယုံၾကည္ေပးေနဖို႔ပါပဲ ။ ကိုယ့္ခ်စ္သူဟာ ဘယ္လိုလူစားမ်ိဳးလဲဆိုတာ ကာယကံရွင္ ကိုယ္တိုင္းက ပိုအသိဆုံးေနမွာပါ ။ ဒီေတာ့ .. ကိုယ့္ဘက္က မျပတ္သားႏိုင္ေသးသ၍ ခ်စ္တဲ့သူအေပၚမွာ သံသယေတြ နားလည္မႈေတြ မရွိဘဲ မယုံသကၤာျဖစ္ေနမဲ့အစား ၊ သူ႔ကို ကိုယ့္ဘဝရဲ႕ လက္တြဲေဖာ္အျဖစ္ ခံယူထားတယ္ဆိုရင္ သူ႔ဂုဏ္သိကၡာ ကိုယ္က်င့္တရားေတြကို အေပၚယံ အျမင္ေတြနဲ႔ အထင္မလြဲပဲ ယုံၾကည္ေပးေစခ်င္တယ္ ။

တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ယုံယုံၾကည္ၾကည္ နားလည္မႈ သစၥာတရားေတြနဲ႔ သံသယကင္းကင္း ခ်စ္ၾကမယ္ဆိုရင္ ၊ ခိုင္ၿမဲေအာင္တည္ေဆာက္ခဲ့တဲ့ Relationship မွာ ၾကားလူေတြ ဘယ္လို ေႏွာက္ယွက္ေႏွာက္ယွက္ မနာလိုသူေတြ ဘယ္လို နည္းနဲ႔ ေသြးခြဲခြဲ ၿပိဳလဲသြားမွာ မဟုတ္ပါဘူး ။

 

ဒါေၾကာင့္ ကိုယ့္ဘက္က မမုန္းႏိုင္ မေမ့ႏိုင္ဘူးဆိုရင္ မာနေတြကို သံသယေတြနဲ႔ တင္းခံထားပါနဲ႔ တင္းလြန္းရင္ ျပတ္တယ္ဆိုတာ ” ႀကိဳး ” ဘဲ ေကာင္းပါတယ္ ။ ခ်စ္တဲ့သူတိုင္း ခိုင္ၿမဲေသာ In a Relationship တစ္ခု တည္ေဆာက္ႏိုင္ပါေစ…..”

#နံ႐ိုး

 

 

Leave a Reply

Your email address will not be published. Required fields are marked *