Uncategorized

မီးလောင်ခြင်းကြောင့် အိမ်တစ်ခုလုံးပြာဖြစ်သွားပြီး သူ့ကို ကူညီဖို့ ပရဟိတလုပ်သားတွေကို အကူညီတောင်းခံနေခဲ့တဲ့ အဖိုးအို

မီးလောင်ကျွမ်းတာတို့ဆိုရင် မည်သူ့ကိုမှ မဖြစ်စေချင်၊ မကြုံစေချင်တဲ့ အရာပါ ။ ဘာလို့လဲဆိုတော့ မီးဟာ လောင်ပြီဆိုရင် ဘယ်အရာမှ ကျန်ရှိမနေတော့အောင် လောက်ကျွမ်နိုင်တဲ့ အရာဘဲဖြစ်ပါတယ် ။ ဒါကြောင့် မီးဟာ လူတိုင်း အထူးသတိပြု ဂရုစိုက်သင့်ပါတယ် ။ မကြာသေးမီက လာအိုနိုင်ငံ၊ Khammouane ပြည်နယ်၊ Nakai ခရိုင်၊ Don ရွာမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက် ၈၀ အရွယ် အဘိုး Som ရဲ့ အိမ်ကို မီးစတင်လောင်ကျွမ်းခဲ့ပါတယ် ။ အဘိုး Som ဟာ အရာအားလုံးကို ဆုံးရှုံးသွားခဲ့ပြီး နေစရာအိမ်တွေလည်း မရှိတော့တာကြောင့် ပရဟိတအသင်းသမားတွေကို အကူညီတောင်းခံခဲ့ပါတယ် ။


ကံကောင်းထောက်မစွာ ပရဟိတလူမှုကူညီရေးအဖွဲ့တွေက အဖိုးအိုကို တက်နိုင်သမျှ ကူညီပြီး လူမှုအသိုင်းအဝိုင်းမှ အကူအညီများစွာနဲ့ အိမ်များပြန်လည်ဆောက်လုပ်ရန် စတင်နေခဲ့ပါပြီ ။ အဖိုး Som အခုလို ကြုံတွေ့ခဲ့တာ ကျွန်တော်တို့ စိတ်မကောင်း ဖြစ်မိပါတယ် ။ ဒီလိုအဖြစ်မျိုးမကြုံရဖို့ မိမိတို့အိမ်တွေ၊ စတဲ့နေရာတွေမှာ မီးများကို အထူးသတိပြုရန် မှာကြားချင်ပါတယ်ဗျာ ။


JRose (KBdailynews)


Reference : sanook


Zawgyi





JRose (KBdailynews)

Leave a Comment