Love

ချေပါ

ချေပါ

 

ကိုယ်စပြောမှ အသက်ဝင်မယ့် Conversations တွေ Bye bye လုပ်။ သူတခွန်းပြောရင် ကိုယ်ကငါးခွန်းလောက် ဖော်ရွေချင်တဲ့ စိတ်ဓာတ်လေးကို ပြင်။

အထီးကျန်တဲ့အခါ အနားရောက်လာတဲ့ လက်တစ်စုံကို အားကိုးတကြီးဆုပ်ကိုင်ချင်တာတွေ မလုပ်နဲ့။ ခင်ဗျားအမိအရဖမ်းဆွဲထားလည်း ဧည့်သည်သဘောမျိုးနဲ့ ရောက်လာတဲ့သူကတော့ အချိန်တန်ရင် ပြန်မှာပဲ။ သူတို့လိုအပ်လို့ ကိုယ့်ဘဝထဲဝင်လာပြီး ပြန်ထွက်သွားတဲ့အချိန်မှ ကိုယ်ကသူတို့ကို လိုအပ်ပြီး မကျန်ခဲ့စေနဲ့။

 

ချေတယ်ဆိုတာ နားထောင်လို့သာ မကောင်းတာ။ ဘယ်သူ့အတွက်မှ လိုသုံး ဖြစ်စရာမလိုဘူး။ ခဏတာလောက် အဖော်ရပြီး သူတို့အဖက်မလုပ်တဲ့အချိန် ဝမ်းနည်းရမယ့်အတူတူ အထီးကျန်နေလည်း အထာလေးနဲ့ ချေပါ။

ခင်ဗျားချေခဲ့ဖူးလို့ နောင်တရမှာမဟုတ်ဘူး။ တကယ်လိုချင်တဲ့သူက အနားကိုမရောက်ရောက်အောင် လာလိမ့်မယ်။ မလိုချင်တဲ့သူအနားကို အတင်းရောက်အောင်သွားပြီး ဖော်ရွေမိမှသာ နောင်တရ ရမှာ။

Zawgyi





Leave a Comment