Love

သတိရ​နေပါတယ် ဒါ​ပေမဲ့ ဆက်သွယ်ဖို့ မကြိုးစား​တော့ဘူး

သတိရနေပါတယ်ဆိုတဲ့ အနောက်မှာ ဆက်သွယ်ချင်မိတဲ့ စိတ်တွေရှိတယ်။ သို့သော် ကိုယ့်ကို မျှော်နေမယ်ဆိုတာ မသေချာဘူးလေ။ သူက ကိုယ်မရှိလဲ ပျော်အောင်နေတတ်တယ် ကိုယ့်ကို မလွမ်းပဲလဲ နေပျော်တတ်တယ်။

 

သတိရတဲ့စိတ်လေးပဲ ရှိတာပါ။ သူ့ကို ဆက်သွယ်လိုက်ဖို့ထိ သတ္တိတွေ မရှိခဲ့ဘူး။ ကိုယ်ခေါ်လိုက်တဲ့ ဖုန်းလေးဟာ သူ့အတွက် အနှောင့်အယှက် မဖြစ်စေချင်တော့ဘူး။ စကားတွေ ပြောချင်ပါတယ် ဖုန်းတွေ မဆက်ဖြစ်ခဲ့တာပါ။ ရိုက်လက်စနံပါတ်လေးကို ဖျက်ပြီး တခြားအရာတစ်ခုကို တွေးတယ်။

၀တ်ကျေတမ်းကျေဆိုတဲ့ အရာတွေဟာ တကယ်တမ်း တောင့်တနေတတ်တဲ့ လူတွေကျတော့ သိသိသာသာကို ကွဲပြားတယ်။ ဆားမပါတဲ့ ဟင်းတောင် ပေါ့ပေမယ့် စားလို့ရပါသေးတယ်။ ကိုယ့်ကို စိတ်မပါတဲ့ ပြောတဲ့စကားတွေဟာ အရာရာဟာ ပေါ့ပျက်ပျက် နိုင်လွန်းတယ်။

သတိရနေတဲ့ စိတ်ပဲ ရှိတော့တာပါ။ အရင်လို စကားတွေ အများကြီး​ပြောဖို့ မျှော်လင့်ချက်တွေတော့ မရှိတော့ဘူး။ တာ၀န်အရ ၀တ္တရားအရ ပြောလာမယ့် စကားတွေကို နားထောင်နေနိုင်မယ် အင်အားတွေ မရှိတော့ဘူး။ သတိရပါတယ် သို့သော် ဆက်သွယ်ဖို့ မကြိုးစားဖြစ်တော့ဘူး။

Zawgyi

သတိရေနပါတယ္ဆိုတဲ့ အေနာက္မွာ ဆက္သြယ္ခ်င္မိတဲ့ စိတ္ေတြရွိတယ္။ သို႔ေသာ္ ကိုယ့္ကို ေမွ်ာ္ေနမယ္ဆိုတာ မေသခ်ာဘူးေလ။ သူက ကိုယ္မရွိလဲ ေပ်ာ္ေအာင္ေနတတ္တယ္ ကိုယ့္ကို မလြမ္းပဲလဲ ေနေပ်ာ္တတ္တယ္။

 

သတိရတဲ့စိတ္ေလးပဲ ရွိတာပါ။ သူ႔ကို ဆက္သြယ္လိုက္ဖို႔ထိ သတၱိေတြ မရွိခဲ့ဘူး။ ကိုယ္ေခၚလိုက္တဲ့ ဖုန္းေလးဟာ သူ႔အတြက္ အေႏွာင့္အယွက္ မျဖစ္ေစခ်င္ေတာ့ဘူး။ စကားေတြ ေျပာခ်င္ပါတယ္ ဖုန္းေတြ မဆက္ျဖစ္ခဲ့တာပါ။ ႐ိုက္လက္စနံပါတ္ေလးကို ဖ်က္ၿပီး တျခားအရာတစ္ခုကို ေတြးတယ္။

၀တ္ေက်တမ္းေက်ဆိုတဲ့ အရာေတြဟာ တကယ္တမ္း ေတာင့္တေနတတ္တဲ့ လူေတြက်ေတာ့ သိသိသာသာကို ကြဲျပားတယ္။ ဆားမပါတဲ့ ဟင္းေတာင္ ေပါ့ေပမယ့္ စားလို႔ရပါေသးတယ္။ ကိုယ့္ကို စိတ္မပါတဲ့ ေျပာတဲ့စကားေတြဟာ အရာရာဟာ ေပါ့ပ်က္ပ်က္ ႏိုင္လြန္းတယ္။

သတိရေနတဲ့ စိတ္ပဲ ရွိေတာ့တာပါ။ အရင္လို စကားေတြ အမ်ားႀကီး​ေျပာဖို႔ ေမွ်ာ္လင့္ခ်က္ေတြေတာ့ မရွိေတာ့ဘူး။ တာ၀န္အရ ၀တၱရားအရ ေျပာလာမယ့္ စကားေတြကို နားေထာင္ေနႏိုင္မယ္ အင္အားေတြ မရွိေတာ့ဘူး။ သတိရပါတယ္ သို႔ေသာ္ ဆက္သြယ္ဖို႔ မႀကိဳးစားျဖစ္ေတာ့ဘူး။

Leave a Comment