Wed. Oct 27th, 2021

သန်မာတယ်လို့ ထင်ထားတဲ့သူတွေက ပိုပြီး အားငယ်တတ်ကြတယ်

လူတွေအရှေ့မှာ အမြဲပြုံးနေတယ်ဆိုရုံနဲ့ သူက အမြဲပျော်နေတယ်လို့ပဲ ထင်သွားတတ်ကြတာလေ သူက မပျော်လဲ ပြုံးတတ်တယ်ဆိုတာ ဘယ်သူကမှ သတိမထားမိခဲ့ကြဘူး … နာကျင်နေရင်တောင် သူက တိတ်တိတ်လေးပဲ ငိုတယ် ကြေကွဲရင်တောင် အခန်းကျဉ်းလေးထဲမှာ ကြေကွဲတယ် ဒါကြောင့်ပဲ သူ့မှာ ဘာသောကမှ မရှိဘူးလို့ထင်သွားတတ်တာပါ ။

တကယ်တော့ ပြောပြချင်တဲ့ ဒုက္ခတွေမှ ရင်ထဲမှာ အများကြီးပဲ ။ ကိုယ်ပြောလိုက်ရင် ကိုယ့်ကြောင့်တစ်ဖက်လူ ပူသွားမှာစိုးလို့သာ မြိုသိပ်ထားပစ်လိုက်တာပါ . တစ်ပါးသူကိုဆို သိပ်အားပေးတတ်တာ ဒါပေမယ့် သူကိုယ့်သူကျ အားမပေးတတ်ခဲ့ဘူး ဖေးမပေးပါဆိုပြီးလဲ ဘယ်သူ့ကိုမှ မတောင်းဆိုခဲ့သလို ဘာဖြစ်နေပါတယ်ဆိုပြီးလဲ ရင်ဖွင့်မပြတတ်ခဲ့ဘူးလေ ။

ရင့်ကျက်လိုက်တာနော်တဲ့ … သဲ့သဲ့လေး ပြုံးမိတယ် ရင့်ကျက်တယ်ဆိုတာ ဟန်ဆောင်တတ်တာလားလို့လဲ တွေးမိတယ် တကယ်တမ်းကျတော့ တစ်ယောက်တည်းလျှောက်တဲ့လမ်းမှာ ဘယ်သူမဆို အထီးကျန်တာပါပဲ ကိုယ်မှ မလျှောက်ရင် ဘယ်ခရီးမှ မရောက်လို့သာ လဲကျချင်နေတဲ့ ခြေထောက်တွေကို မနည်းမာန်တင်းထားပြီး ဆက်လှမ်းနေရတာပါ .

သူက သန်မာတယ်လေ ဖေးမစရာမလိုဘူးဆိုတဲ့ အတွေးတွေပဲ တချို့မှာ ရှိတယ် ပြောသမျှ နားထောင်တတ်တဲ့ နားတစ်စုံမှာလဲ သူပြောရင် နားထောင်ပေးမယ့် နားတစ်စုံကိုတော့ မျှော်လင့်တတ်ကြတာပါပဲ ဒါပေမယ့် ဘယ်သူမှ သတိမထားမိခဲ့ပါဘူး … သူတို့ဒဏ်ရာတွေ အနာကျက်သွားတဲ့အခါ ထုံးစံအတိုင်း အရာအားလုံးတိတ်ဆိတ်လို့ နေသားကျနေပါပြီ ဆိုပေမယ့်လဲ တစ်ခါတစ်လေကျတော့ ကိုယ့်ကို နားလည်ပေးမယ့် နားလည်နိုင်မယ့် ရင်ခွင်တစ်ခုကို လိုချင်မိပြန်တယ်

သူများထက် ပိုပြီးအားငယ်တတ်လို့ကိုယ့််ဟန်ကိုယ့်ဖို့ရင်း တခြားသူထက် ပိုပြီး သန်မာအောင် နေဖြစ်ခဲ့တာပါ တကယ်တမ်းကျတော့ ဘယ်သူမှ မသိတဲ့အရပ်မှာဆို ဘယ်သူမှ မရှိတဲ့အရပ်မှာဆို လေလေးတိုးတာကအစ မိုးရွာတာအဆုံး ငိုချင်နေတတ်တာလေ ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

 

သန္မာတယ္လို့ ထင္ထားတဲ့သူေတြက ပိုျပီး အားငယ္တတ္ၾကတယ္ …

လူေတြအေရွ့မွာ အျမဲျပံဳးေနတယ္ဆိုရံုနဲ႔ သူက အျမဲေပ်ာ္ေနတယ္လုိ့ပဲ ထင္သြားတတ္ၾကတာေလ သူက မေပ်ာ္လဲ ျပံဳးတတ္တယ္ဆိုတာ ဘယ္သူကမွ သတိမထားမိခဲ့ၾကဘူး … နာက်င္ေနရင္ေတာင္ သူက တိတ္တိတ္ေလးပဲ ငိုတယ္ ေၾကကြဲရင္ေတာင္ အခန္းက်ဥ္းေလးထဲမွာ ေၾကကြဲတယ္ ဒါေၾကာင့္ပဲ သူ့မွာ ဘာေသာကမွ မရွိဘူးလုိ ့ထင္သြားတတ္တာပါ ။

တကယ္ေတာ့ ေျပာျပခ်င္တဲ့ ဒုကၡေတြမွ ရင္ထဲမွာ အမ်ားၾကီးပဲ ။ ကိုယ္ေျပာလုိက္ရင္ ကိုယ့္ေၾကာင့္တစ္ဖက္လူ ပူသြားမွာစိုးလုိ့သာ ျမိဳသိပ္ထားပစ္လုိက္တာပါ . တစ္ပါးသူကိုဆို သိပ္အားေပးတတ္တာ ဒါေပမယ့္ သူကိုယ့္သူက် အားမေပးတတ္ခဲ့ဘူး ေဖးမေပးပါဆိုျပီးလဲ ဘယ္သူ့ကိုမွ မေတာင္းဆိုခဲ့သလုိ ဘာျဖစ္ေနပါတယ္ဆိုျပီးလဲ ရင္ဖြင့္မျပတတ္ခဲ့ဘူးေလ ။

ရင့္က်က္လုိက္တာေနာ္တဲ့ … သဲ့သဲ့ေလး ျပံဳးမိတယ္ ရင့္က်က္တယ္ဆိုတာ ဟန္ေဆာင္တတ္တာလားလို့လဲ ေတြးမိတယ္ တကယ္တမ္းက်ေတာ့ တစ္ေယာက္တည္းေလွ်ာက္တဲ့လမ္းမွာ ဘယ္သူမဆုိ အထီးက်န္တာပါပဲ ကိုယ္မွ မေလွ်ာက္ရင္ ဘယ္ခရီးမွ မေရာက္လုိ့သာ လဲက်ခ်င္ေနတဲ့ ေျခေထာက္ေတြကို မနည္းမာန္တင္းထားျပီး ဆက္လွမ္းေနရတာပါ .

သူက သန္မာတယ္ေလ ေဖးမစရာမလိုဘူးဆိုတဲ့ အေတြးေတြပဲ တခ်ိဳ႔မွာ ရွိတယ္ ေျပာသမွ် နားေထာင္တတ္တဲ့ နားတစ္စံုမွာလဲ သူေျပာရင္ နားေထာင္ေပးမယ့္ နားတစ္စံုကိုေတာ့ ေမွ်ာ္လင့္တတ္ၾကတာပါပဲ ဒါေပမယ့္ ဘယ္သူမွ သတိမထားမိခဲ့ပါဘူး … သူတို့ဒဏ္ရာေတြ အနာက်က္သြားတဲ့အခါ ထံုးစံအတိုင္း အရာအားလံုးတိတ္္ဆိတ္လုိ့ ေနသားက်ေနပါျပီ ဆုိေပမယ့္လဲ တစ္ခါတစ္ေလက်ေတာ့ ကိုယ့္ကို နားလည္ေပးမယ့္ နားလည္နုိင္မယ့္ ရင္ခြင္တစ္ခုကို လိုခ်င္မိျပန္တယ္

သူမ်ားထက္ ပိုျပီးအားငယ္တတ္လုိ ့ကိုယ့္္ဟန္ကိုယ့္ဖို႔ရင္း တျခားသူထက္ ပိုျပီး သန္မာေအာင္ ေနျဖစ္ခဲ့တာပါ တကယ္တမ္းက်ေတာ့ ဘယ္သူမွ မသိတဲ့အရပ္မွာဆုိ ဘယ္သူမွ မရွိတဲ့အရပ္မွာဆို ေလေလးတိုးတာကအစ မိုးရြာတာအဆံုး ငိုခ်င္ေနတတ္တာေလ ။

 

Leave a Reply

Your email address will not be published. Required fields are marked *