Love

အိမ်ထောင်ကျသွားတဲ့ မိန်းမတစ်ယောက်ရဲ့ လှခြင်းမလှခြင်းဟာ သူ့အိမ်ထောင်ဖက်အပေါ် အများကြီး မူတည်ပါတယ် ။

ဒီစကာလေးကို စပြီးပြောခဲ့တုန်းက . . . အငြင်းအခုန်တွေ အများကြီးဖြစ်ခဲ့ဖူးတယ် ။ ယောက်ျားလေးတွေဘက်က အများဆုံး ကွန်ပလိန်းတက်ကြတာပါ ။ သူတို့ပြောတာတွေလဲ မှန်သင့်သလောက် မှန်ပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်မက မိန်းမသားဖြစ်တဲ့အတွက် ကျွန်မတို့မိန်းမသားတွေရဲ့ ခံစားချက်ကို မြင်သာအောင် ပြတာပါ ။

အိမ်ထောင်ကျသွားတဲ့ မိန်းမတစ်ယောက်ရဲ့ လှခြင်းမလှခြင်းဆိုတာ သူ့အိမ်ထောင်ဖက်အပေါ်အများကြိး မူတည်ပါတယ် ။ အိမ်ထောင်ပြုလိုက်တယ်ဆိုတာ ယောက်ျားလေးတစ်ယောက်အတွက် ဆေးပေးမီးယူရှာတယ်ဆိုပေမယ့် မိန်းကလေးတစ်ယောက်အတွက်ကျတော့ ဘ၀တစ်ခုလုံးကော စိတ်ကော အလုံးစုံ နှစ်မြုပ်ပစ်လိုက်ရတာမျိုးပါ ။ အိမ်ထောင်စုဇယားမှာ မှီခိုလို့တပ်ထားပေမယ့် ဘယ်တော့မှ မအားမလပ်အောင် လုပ်နေရတာလဲ အမျိုးသမီးတွေပဲ ထမင်းချက် မီးပူတိုက် ကလေးဝေယျာ၀စ္စအစစအရာရာအကုန်လုံး သူ့ခြေသူ့လက်ကြီးပဲလေ ။မင်းဘာလုပ်ရတာမှတ်လို့ဆိုတဲ့ယောက်ျားတွေကို တစ်ရက်လောက်အိမ်မှာရှိစေချင်တယ် ။ ကိုယ်တစ်နေ့လုံးဘာတွေ လုပ်နေလဲဆိုတာ သိစေချင် မြင်စေချင်တယ် ။ ဒါမှ စာနာနားလည်မှာလေ ။

မိန်းကလေးတစ်ယောက်က … အိမ်ထောင်ကျသွားတဲ့အခါ သူ့ကိုယ်သူ ပိုင်တယ်လို့ဘယ်လောက်ပဲပြောပြော တကယ်တမ်းကျတော့ သူ့ကိုယ်သူ မပိုင်တော့ဘူး ကြည့်စရာမျက်နှာတွေ အများကြီးရှိလာပြီလေ . . .အနည်းဆုံးတော့ သူ့ယောက်ျားမျက်နှာ သူပြန်ကြည့်ရတော့မယ် အရင်လို . . . မနက်ခင်းဘက် မိတ်ကပ်လှလှလေးထိုင်ပြင်နေဖို့ထက် မနက်စာကို အချိန်မှီ ပြင်ပေးရတော့မယ် ကလေးတွေ ရှိတဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ဆိုရင် ပိုလို့တောင် ဆိုးသေးတာပေါ့ . . . ကိုယ့်အတွက် အချိန်ပေးဖို့ထက် ကိုယ့်အိမ်အတွက်အချိန်ပေးဖို့ကို ရွေးရတယ်လေ ။

မိန်းကလေးတစ်ယောက် ပင်ပန်းမှုဒဏ်ကို မညည်းမညူပဲ သည်းခံနိုင်ပါတယ် ဒါပေမယ့် စိတ်ပင်ပန်းတဲ့ ဒဏ်ကိုတော့ မိန်းကလေးတွေ မခံနိုင်ကြဘူး ။ စိတ်ပျိုမှ ကိုယ်နုတာမျိုး လေ နားလည်မှုမရှိတဲ့ အိမ်ထောင်ရေးတစ်ခုကို ဆွဲဆန့်နေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အပူက စိတ်မှာတင်မက ရုပ်မှာပါ လာထင်တာမျိုး ပတ်၀န်းကျင်မှာ တွေ့ဖူးကြမှာပါ . . .အိမ်ထောင်မကျခင်က မင်းသမီးရှုံးအောင် လှတဲ့ကောင်မလေးတစ်ယောက် အိမ်ထောင်ကျသွားပြီးမှ ကိုယ်တောင်မနည်းရုပ်ဖမ်းယူရတဲ့သူတွေ ကြုံဖူးတွေ့ဖူးကြမှာပါ ။

မိန်းကလေးတစ်ယောက်ရဲ့အလှတရားဟာ စိတ်နဲ့ အရမ်းဆိုင်တယ်လေ ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့မျက်နှာမှာ မိတ်ကပ်တွေမလိမ်းထားလဲ သူ့အလိုလိုနေရင်း ကြည်လင်နေတာမျိုးပေါ့ ။ ကိုယ့်ဘ၀မှာ ကိုယ်ပျော်နေတဲ့မိန်းကလေးရဲ့ အပြုံးဟာ ကျက်သရေရှိနေတာမျိုးပေါ့ ။ အိမ်ထောင်ကျတဲ့မိန်းကလေးတစ်ယောက်ရဲ့လှခြင်းမလှခြင်းဆိုတာတွေကို ဒီအရာတွေနဲ့ တိုင်းပါတယ် ။အဲ့လိုလှနေနိုင်ဖို့အဲ့ဒီမိန်းကလေးရဲ့အနောက်မှာ ရိုက်နှက်တတ်တဲ့လက်တစ်စုံထက် နားလည်မှုရှိတဲ့လက်တစ်စုံ လိုပါတယ် ။ မှားနေတဲ့အခါ အပြစ်တင်တတ်တဲ့နှုတ်ခမ်းထက် အမှားပြင်ပေးတတ်တဲ့ နှုတ်ခမ်းတစ်စုံကို လိုပါတယ် ။အိပ်မက်လှလှ မက်နိုင်ဖို့အတွက် . . . စိတ်ချလက်ချ အိပ်နိုင်လောက်တဲ့ သစ္စာတရားတွေရှိနေဖို့လဲ လိုပါတယ် ။ Beauty saloon တွေ လိုက်ပို့ဖို့မလိုဘူး . . .ပင်ပန်းနေပြီလား ဆိုတဲ့စကားလုံးချိုချိုလေးနဲ့တင် မိန်းကလေးတစ်ယောက်ကို အလှဆုံး ပြုံးစေနိုင်ပါတယ် . . .

မိန်းကလေးတိုင်း . . . .ကိုယ့်ကိုနားလည်ပေးနိုင်တဲ့ လက်တစ်စုံမှာ လှနိုင်ကြပါစေ ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

အိမ္ေထာင္က်သြားတဲ့ မိန္းမတစ္ေယာက္ရဲ႕ လွျခင္းမလွျခင္းဟာ သူ႔အိမ္ေထာင္ဖက္အေပၚ အမ်ားႀကီး မူတည္ပါတယ္ ။

ဒီစကာေလးကို စၿပီးေျပာခဲ့တုန္းက . . . အျငင္းအခုန္ေတြ အမ်ားႀကီးျဖစ္ခဲ့ဖူးတယ္ ။ ေယာက္်ားေလးေတြဘက္က အမ်ားဆုံး ကြန္ပလိန္းတက္ၾကတာပါ ။ သူတို႔ေျပာတာေတြလဲ မွန္သင့္သေလာက္ မွန္ပါလိမ့္မယ္ ။ ဒါေပမယ့္ ကြၽန္မက မိန္းမသားျဖစ္တဲ့အတြက္ ကြၽန္မတို႔မိန္းမသားေတြရဲ႕ ခံစားခ်က္ကို ျမင္သာေအာင္ ျပတာပါ ။

အိမ္ေထာင္က်သြားတဲ့ မိန္းမတစ္ေယာက္ရဲ႕ လွျခင္းမလွျခင္းဆိုတာ သူ႔အိမ္ေထာင္ဖက္အေပၚအမ်ားႀကိး မူတည္ပါတယ္ ။ အိမ္ေထာင္ျပဳလိုက္တယ္ဆိုတာ ေယာက္်ားေလးတစ္ေယာက္အတြက္ ေဆးေပးမီးယူရွာတယ္ဆိုေပမယ့္ မိန္းကေလးတစ္ေယာက္အတြက္က်ေတာ့ ဘ၀တစ္ခုလုံးေကာ စိတ္ေကာ အလုံးစုံ ႏွစ္ျမဳပ္ပစ္လိုက္ရတာမ်ိဳးပါ ။ အိမ္ေထာင္စုဇယားမွာ မွီခိုလို႔တပ္ထားေပမယ့္ ဘယ္ေတာ့မွ မအားမလပ္ေအာင္ လုပ္ေနရတာလဲ အမ်ိဳးသမီးေတြပဲ ထမင္းခ်က္ မီးပူတိုက္ ကေလးေဝယ်ာ၀စၥအစစအရာရာအကုန္လုံး သူ႔ေျခသူ႔လက္ႀကီးပဲေလ ။မင္းဘာလုပ္ရတာမွတ္လို႔ဆိုတဲ့ေယာက္်ားေတြကို တစ္ရက္ေလာက္အိမ္မွာရွိေစခ်င္တယ္ ။ ကိုယ္တစ္ေန႔လုံးဘာေတြ လုပ္ေနလဲဆိုတာ သိေစခ်င္ ျမင္ေစခ်င္တယ္ ။ ဒါမွ စာနာနားလည္မွာေလ ။

မိန္းကေလးတစ္ေယာက္က … အိမ္ေထာင္က်သြားတဲ့အခါ သူ႔ကိုယ္သူ ပိုင္တယ္လို႔ဘယ္ေလာက္ပဲေျပာေျပာ တကယ္တမ္းက်ေတာ့ သူ႔ကိုယ္သူ မပိုင္ေတာ့ဘူး ၾကည့္စရာမ်က္ႏွာေတြ အမ်ားႀကီးရွိလာၿပီေလ . . .အနည္းဆုံးေတာ့ သူ႔ေယာက္်ားမ်က္ႏွာ သူျပန္ၾကည့္ရေတာ့မယ္ အရင္လို . . . မနက္ခင္းဘက္ မိတ္ကပ္လွလွေလးထိုင္ျပင္ေနဖို႔ထက္ မနက္စာကို အခ်ိန္မွီ ျပင္ေပးရေတာ့မယ္ ကေလးေတြ ရွိတဲ့ အိမ္ေထာင္ရွင္မ တစ္ေယာက္ဆိုရင္ ပိုလို႔ေတာင္ ဆိုးေသးတာေပါ့ . . . ကိုယ့္အတြက္ အခ်ိန္ေပးဖို႔ထက္ ကိုယ့္အိမ္အတြက္အခ်ိန္ေပးဖို႔ကို ေ႐ြးရတယ္ေလ ။

မိန္းကေလးတစ္ေယာက္ ပင္ပန္းမႈဒဏ္ကို မညည္းမညဴပဲ သည္းခံႏိုင္ပါတယ္ ဒါေပမယ့္ စိတ္ပင္ပန္းတဲ့ ဒဏ္ကိုေတာ့ မိန္းကေလးေတြ မခံႏိုင္ၾကဘူး ။ စိတ္ပ်ိဳမွ ကိုယ္ႏုတာမ်ိဳး ေလ နားလည္မႈမရွိတဲ့ အိမ္ေထာင္ေရးတစ္ခုကို ဆြဲဆန္႔ေနရတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ အပူက စိတ္မွာတင္မက ႐ုပ္မွာပါ လာထင္တာမ်ိဳး ပတ္၀န္းက်င္မွာ ေတြ႕ဖူးၾကမွာပါ . . .အိမ္ေထာင္မက်ခင္က မင္းသမီးရႈံးေအာင္ လွတဲ့ေကာင္မေလးတစ္ေယာက္ အိမ္ေထာင္က်သြားၿပီးမွ ကိုယ္ေတာင္မနည္း႐ုပ္ဖမ္းယူရတဲ့သူေတြ ႀကဳံဖူးေတြ႕ဖူးၾကမွာပါ ။

မိန္းကေလးတစ္ေယာက္ရဲ႕အလွတရားဟာ စိတ္နဲ႔ အရမ္းဆိုင္တယ္ေလ ။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိေနတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕မ်က္ႏွာမွာ မိတ္ကပ္ေတြမလိမ္းထားလဲ သူ႔အလိုလိုေနရင္း ၾကည္လင္ေနတာမ်ိဳးေပါ့ ။ ကိုယ့္ဘ၀မွာ ကိုယ္ေပ်ာ္ေနတဲ့မိန္းကေလးရဲ႕ အၿပဳံးဟာ က်က္သေရရွိေနတာမ်ိဳးေပါ့ ။ အိမ္ေထာင္က်တဲ့မိန္းကေလးတစ္ေယာက္ရဲ႕လွျခင္းမလွျခင္းဆိုတာေတြကို ဒီအရာေတြနဲ႔ တိုင္းပါတယ္ ။အဲ့လိုလွေနႏိုင္ဖို႔အဲ့ဒီမိန္းကေလးရဲ႕အေနာက္မွာ ႐ိုက္ႏွက္တတ္တဲ့လက္တစ္စုံထက္ နားလည္မႈရွိတဲ့လက္တစ္စုံ လိုပါတယ္ ။ မွားေနတဲ့အခါ အျပစ္တင္တတ္တဲ့ႏႈတ္ခမ္းထက္ အမွားျပင္ေပးတတ္တဲ့ ႏႈတ္ခမ္းတစ္စုံကို လိုပါတယ္ ။ အိပ္မက္လွလွ မက္ႏိုင္ဖို႔အတြက္ . . . စိတ္ခ်လက္ခ် အိပ္ႏိုင္ေလာက္တဲ့ သစၥာတရားေတြရွိေနဖို႔လဲ လိုပါတယ္ ။ Beauty saloon ေတြ လိုက္ပို႔ဖို႔မလိုဘူး . . .ပင္ပန္းေနၿပီလား ဆိုတဲ့စကားလုံးခ်ိဳခ်ိဳေလးနဲ႔တင္ မိန္းကေလးတစ္ေယာက္ကို အလွဆုံး ၿပဳံးေစႏိုင္ပါတယ္ . . .

မိန္းကေလးတိုင္း . . . .ကိုယ့္ကိုနားလည္ေပးႏိုင္တဲ့ လက္တစ္စုံမွာ လွႏိုင္ၾကပါေစ ။

 

Leave a Comment