Love

ယောက်ျားလေးတွေ လမ်းခွဲချင်လာတဲ့အခါ …

ယောက်ျားလေးတွေ လမ်းခွဲချင်လာတဲ့အခါ …

ယောက်ျားလေးတွေက လမ်းခွဲချင်လာတဲ့အခါ လမ်းခွဲရအောင်ဆိုတဲ့စကားတွေ အရင်မပြောဘူး … သူတို့က လမ်းခွဲချင်အောင် လုပ်တဲ့နေရာမှာတော့ ဆရာကျတယ်လေ အရင်က ဂရုစိုက်ခဲ့သမျှ ဘယ်အရာကိုမှ ပြန်ရလာတော့မှာ မဟုတ်သလို အရင်ကထက် ပိုပြီးပစ်ထားတတ်လာလိမ့်မယ်

ကိုယ့်အတွက် အသက်တောင်ပေးရဲပါတယ်ဆိုတဲ့သူက မိုးရွာလို့ နေပူလို့စတဲ့ အကြောင်းပြချက်တွေပေးတတ်လာမယ် ကိုယ့်ဆီအကြောင်းပြချက်မရှိ ဖုန်းတွေဆက်တတ်တဲ့သူ့မှာ ကိုယ့်ဆီဖုန်းတွေဆက်ဖို့ မအားတတ်လာတော့ဘူး ပြီးတော့ ဖုန်းတွေလဲ မဆက်တော့ဘူး

ကိုယ်ကစပြီးဆက်ဖြစ်ခဲ့ရင်တောင် ဘာပြောစရာရှိလို့လဲဆိုတဲ့စကားနဲ့ ကိုယ့်ပြောမယ့်စကားတွေကို ပိတ်ချလိုက်တော့တာမျိုးပေါ့ အလုပ်တွေဘယ်လောက်များများ လူတစ်ယောက်မှာ နားချိန်ဆိုတာ ရှိတယ်တဲ့ သူကတော့ ကိုယ့်အတွက် ၂၄နာရီလုံး မအားတော့ဘူးလေ …

စိတ်မရှည်တတ်ဖြစ်လာမယ် အကြောင်းပြချက်တွေမရှိပဲ စိတ်တွေတိုတတ်လာမယ် ကိုယ်လွမ်းတယ်ဆိုတာတွေကအစ ချစ်လားဆိုတဲ့မေးခွန်းတွေကအစ ရစ်လာတယ်လို့ မြင်လာတတ်ကြတယ် ကိုယ်ဘာပဲပြောပြော ကိုယ့်စကားတွေဟာ သူ့အတွက်အရေးမပါတော့သလို ကိုယ်စိတ်ပူတာတွေဟာ သူ့အတွက အပိုသက်သက်ဖြစ်လာတယ်

ယောက်ျားလေးတွေ လမ်းခွဲချင်လာတဲ့အခါ ဘယ်တော့မှလမ်းခွဲရအောင်လို့စမပြောဘူး မိန်းကလေးဘက်ကပဲ လမ်းခွဲရအောင်လို့ ပြောလာအောင်ပဲလုပ်ကြတယ် ပြီးမှ ငါ့ကို ထားသွားတယ်ဆိုတဲ့ စကားတွေနဲ့ နောက်တစ်ယောက်ဆီမှာ အသနားခံချင်ကြသေးတာလေ …

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 







 

Leave a Comment