Wed. Oct 27th, 2021

ကိုယ့်ကို ချစ်လားဆိုတော့လဲ မချစ်ပဲ လက်တွေလဲ လွှတ်မပေးခဲ့ဘူး …

ဒီလိုလူမျိုးတွေဟာ တကယ်ကို ရှိပါတယ် … သူတို့က သိပ်အချစ်ခံချင်ကြတာ ဒါပေမယ့် ချစ်ပေးတဲ့သူကိုကျ တန်ဖိုးတွေမထားတတ်ကြဘူး သူ့ကို ဂရုစိုက်ပေးရမယ် သူကတော့ ဂရုစိုက်ချင်မှ စိုက်မယ်ဆိုတဲ့အချိုးတွေနဲ့ပေါ့ မချစ်နိုင်တော့ရင် လက်လွှတ်ပေးလိုက်တာ ကောင်းပါတယ်

နားလည်ပေးပါဆိုတဲ့ စကားကို အကြိမ်ကြိမ်အခါခါသုံးပေမယ့်လဲ ကျွန်မကို နည်းနည်းလေးမှ နားလည်မပေးခဲ့ဘူးလေ … ဒီနေရာမှာ ရပ်နေရတာဟာ ကျွန်မအတွက်တော့ သိပ်ကို မွန်းကျပ်လွန်းလှနေပြီလေ … ကိုယ့်ကို ချစ်လားဆိုပြန်တော့လဲ မချစ်ပဲ လက်လွှတ်ပေးပါတော့ဆိုပြန်တော့လဲ ကိုယ်လွတ်လပ်သွားမှာ သိပ်ကြောက်နေတယ်ထင်ပါတယ်

ကိုယ့်မျက်ရည်တွေဟာ သူ့အတ္တကို အရောင်တင်ပေးရုံသက်သက်မှန်းသိလာရတယ် ကိုယ်ပျော်နေရင် သူမနာလိုတယ်လေ . သူ့ကိုပျော်အောင် ထားခိုင်းပေမယ့်လဲ သူကိုယ်တိုင်က ကျွန်မကို ဂရုမစိုက်ခဲ့ဘူး တခြားသူတစ်ယောက် ဂရုစိုက်မှာကိုလဲ သူနားမလည်ဘူး …

အစကတော့ သူ့ကို သိပ်ချစ်ခဲ့ပါတယ် ဒါပေမယ့် ခုချိန်မှာတော့ သူ့ကို သိပ်ကြောက်တာပဲ ကိုယ့်တစ်ယောက်တည်းကို ကြည့်တတ်တဲ့ သူ့အတ္တကို သိပ်ကြောက်လာခဲ့တယ် … ဖြစ်နိုင်ရင် ကျွန်မ လွတ်လပ်ချင်နေပါပြီ ပြီးတော့ သိပ်ကို မွန်းကျပ်လွန်းနေပြီလေ …

ကျေးဇူးပြုပြီးတော့ မိန်းကလေးတစ်ယောက်ကို ချစ်တယ်ဆိုရင် ဂရုစိုက်ပေးဖို့မမေ့ပါနဲ့ မချစ်တော့ဘူးဆိုတဲ့အခါလဲ လက်လွှတ်ပေးလိုက်ဖို့ မမေ့ပါနဲ့ ကိုယ့်ကို ချစ်လဲမချစ်ပါပဲ အတ္တတွေကြောင့် ဆွဲထားတဲ့လက်တွေက ကိုယ့်အတွက် ပိုပြီး ပူလောင်ရတယ် …

 

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 







မိန်းမသားတို့အတွက်

 

Leave a Reply

Your email address will not be published. Required fields are marked *