Uncategorized













Rain (For Ialinks)

Unicode

ဖခင်ဆုံးသွားပြီးနောက်ပိုင်း မိခင်ဖြစ်သူက အိမ်ထောင်ထပ်ပြုခဲ့ရာ သတို့သမီးဝတ်စုံလေးကို နောက်ကလိုက်ကိုင်ပေးရင်း ဝမ်းနည်းနေခဲ့သော ကလေးမလေး

အချို့သော အိမ်ထောင်သည်များသည် အချိန်ကြာလာသည်နှင့်အမျှ အချစ်တွေလျှော့သွားကာ အဆင်မပြေဖြစ်ကြပြီး သားသမီးတွေရှိလည်း သူတို့လေးတွေဧ။် မျက်နှာမှမငဲ့ ကွဲကြကွာကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ မိခင်တစ်ဦးသည် အသက် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ပြီး သမီးလေးတစ်ယောက်ရှိကာ ကံဆိုးစွာဖြင့် ခင်ပွန်းသည်မှာ ဆုံးပါးသွား၍ မုဆိုးမအဖြစ်ကျန်ရစ်ခဲ့ရသည်။

မိခင်ဖြစ်သူသည် ကလေးတစ်ယောက်ရှိသော်လည်း အလှမပျက်ပဲ အရွယ်တင်ကာ နုပျိုနေဆဲပဲဖြစ်ကာ ကြင်ဖော်မဲ့ဖြစ်နေသည့်အတွက် တာဝန်ယူချင်သည့် သူများစွာ ရှိနေခဲ့သည်။

မိခင်ဖြစ်သူလည်း အချိန်ကြာစဉ်းစားခဲ့ပြီးနောက် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ရာ မလွယ်ကူလှ၍ အားကိုးရမလားဆိုပြီး နောက်အိမ်ထောင်ပြုရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ရပ်ရွာထဲမှာပဲ မင်္ဂလာပွဲကျင်းပခဲ့စဉ် အလှဆုံးပြင်ဆင်ထားပြီး သတို့သမီးဝတ်စုံလေးနှင့်အတူ လိုက်ဖက်မှုရှိနေပြီး ရင်ခုန်စိတ်လှုပ်ရှားပြီး ပျော်နေချိန်မှာတော့ သမီးလေးမှာ တစ်ယောက်တည်း ဝမ်းနည်းနေခဲ့သည်။

သမီးလေးသည် မိခင်ဖြစ်သူဧ။် မင်္ဂလာဂါဝန်ရှည်ကြီးအား နောက်ကနေကိုင်ပေးရင်း အခမ်းအနားဆီသို့ လိုက်ပို့စဉ် ခေါင်းလေးကိုအောက်မှာ ငုံ့ထားရင်း ဝမ်းနည်းစွာ မျက်ရည်များ ကျနေခဲ့သည်။

Rain (For Ialinks)

Leave a Comment