Uncategorized

၃နှစ်အရွယ်ကလေးရဲ့နှလုံးခွဲစိတ်မှုအတွက် သူမရဲ့အိုလံပစ်ငွေတံဆိပ်ဆုကို လေလံတင်ရောင်းချခဲ့တဲ့ စိတ်သဘောထားပြည့်ဝတဲ့လှံတံပစ်အားကစားမယ်တစ်ဦး

ပိုလန်နိုင်ငံကိုယ်စားပြု လှံတံပစ်အားကစားမလေးတစ်ဦးဟာ ကလေးငယ်တစ်ဦးရဲ့နှလုံးခွဲစိတ်မှုအတွက် ဒေါ်လာ ၁၉၀,၀၀၀ စုဆောင်းနိုင်ရန် သူမရဲ့အိုလံပစ်ငွေတံဆိပ်ဆုကိုလေလံတင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် Maria Andrejczyk အမည်ရှိအဆိုပါလှံတံပစ်အားကစားသမားဟာ ၂၀၂၀ တိုကျို၌ အမျိုးသမီးလှံတံပစ်ပြိုင်ပွဲ၌ဒုတိယရရှိခဲ့ပြီး ၎င်းဆုအား နှလုံးခွဲစိတ်ဖို့လိုအပ်တဲ့ ၃ နှစ်သားအရွယ်ကလေးအတွက် စွန့်လွတ်ခဲ့ပါတယ်။


Andrejczyk က သူမရဲ့Facebook page ပေါ်မှာ စာရေးခြင်းအားဖြင့် သူမဟာအမေရိကန်မှာ အသက်ကယ်နှလုံးခွဲစိတ်မှုလိုအပ်နေတဲ့ပိုလန်ကလေးငယ်လေးတစ်ယောက်အား ကူညီပေးနိုင်ရန် သူမရဲ့ငွေတံဆိပ်ဆုအား ဒေါ်လာ ၁၉၀,၀၀၀ တန်ဖိုးဖြတ်ကာ ရန်ပုံငွေအတွက် လေလံတင်ရောင်းချသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


သူမရဲ့ Facebook pageမှ နောက်ဆုံးသတင်းတစ်ခုအရ အဆိုပါလေလံပွဲမှာ ပိုလန်ကုန်စုံဆိုင်ခွဲတစ်ခုဖြစ်တဲ့ Zabka က လေလံအောင်ကာ အနိုင်ရရှိသွားခဲ့ပြီး ၎င်းလေလံပွဲဟာ သူမမျှော်လင့်ထားခဲ့တဲ့ ဒေါ်လာ ၁၉၀,၀၀၀ ထက်ကျော်လွန်တဲ့အလှူငွေများရရှိခဲ့ကြောင်းကို သူမကပြန်လည်ထုတ်ဖော်ပြောကြားပေးခဲ့ပါတယ်။


နောက်ပိုင်းမှာ Zabka က အဆိုပါငွေတံဆိပ်ဆုကို Andrejczyk ဆီမှာသာ သိမ်းထားစေမည်ဖြစ်ကြောင်းကို အခိုင်အမာပြောကြားခဲ့ပြီး “ ကျွန်တော်တို့ရဲ့ အိုလံပစ်အားကစားမလေးရဲ့လှပပြီး အလွန်မွန်မြတ်လွန်းတဲ့အပြုအမူတို့ကြောင့် ကျွန်တော်တို့ အတော်လေးကို စိတ်လှုပ်ရှားသွားခဲ့ရပါတယ် ၊ ကျွန်တော်တို့က Andrejczykကို လေးစားမိသလို ကျွန်တော်တို့အား တစ်စိတ်တစ်ဒေသကနေ ပါဝင်ကူညီခွင့်ပေးခဲ့တဲ့အတွက်လည်း သူမကို ကျေးဇူးတင်မိပါတယ်” ဟု ပြန်လည်ရေးသားဖော်ပြခဲ့ပါတယ်။


ထို့နောက် အင်တာနက်သုံးစွဲသူများက Andrejczyk ရဲ့သဘောထားပြည့်ဝပြီး ကြင်နာလွန်းတဲ့ သူမရဲ့လုပ်ရပ်အတွက် သူမအား လေးစားချီးကျူးခဲ့ကြပြီး “ သူမက အလွန်ကို ကြင်နာတဲ့ ဘုရင်မတစ်ပါးလေးလိုပါဘဲ ”၊ “ ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးက အခုလိုလှပပြီး ကြင်နာတတ်တဲ့လူသားတွေနဲ့ ပြည့်နက်နေရင် သိပ်ကောင်းမှာဘဲ ” စတဲ့အပြုသဘောဆောင်တဲ့မှတ်ချက်များစွာကိုလည်း ရေးသားပေးခဲ့ကြပါတယ်။


.


တစ်ကယ်လည်း Andrejczyk ဟာ စိတ်သဘောထားပြည့်ဝပြီး အရမ်းလည်း ချောမောလှပတဲ့ သက်ရှိနတ်သမီးလေးတစ်ပါးလိုပါဘဲဗျာ။

Mia (KB Chimmy One)

Reference : 9gag

Leave a Comment