Daily News

ဗိုက်ထဲမှာကတည်းက တစ်ယောက်ကိုတစ်ယောက် ဖက်နေကြတဲ့ အမွှာ

Charlie နဲ့ ဇနီးသည် Hayley တို့ဟာ သူတို့ရဲ့ ပထမဆုံးသားဦးဖြစ်တဲ့ အမွှာညီအစ်ကိုနှစ်ယောက်ကို ကိုယ်ဝန်အဖြစ် လွယ်ထားရစဉ်က ရိုက်ကူူးခဲ့တဲ့ X ray scan ဓာတ်ပုံကို လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပါတယ်။ X ray ထဲမှာ ထူးခြားချက်အနေနဲ့ အမွှာညီအစ်ကို နှစ်ယောက်ဟာ မိခင်ရဲ့ဗိုက်ထဲမှာ တစ်ယောက်ကိုတစ်ယောက် ဖက်နေတဲ့ အနေအထား ဖြစ်ပါတယ်။

ဒါဟာ ဆေးစစ်ချက်ဓာတ်ပုံတွေထဲမှာတော့ ရှားတောင့်ရှားခဲဓာတ်ပုံဖြစ်ပေမယ့် Charlie နဲ့ Hayley တို့က စိတ်ပူစရာ အနေအထားဖြစ်ပါတယ်။ အကြောင်းကတော့ Rowan နဲ့ Blake တို့ဟာ ရေမွှာတစ်ခုတည်းမှာ ပူပေါင်းသန္ဓေဖြစ်နေပြီး၊ လှုပ်ရှားမှုတွေကို ထိန်းချုပ်ထားလို့ စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။


ဒီအခြေအနေဟာ မွေးဖွားတဲ့အခါမှာလည်း တစ်ယောက် အသက်ရှင်မှ တစ်ယောက်လည်း အသက်ရှင်မယ့် အခြေအနေ
ဖြစ်လို့ မိဘတွေ မပျော်နိုင်ကြပါဘူး။ ဒါပေမယ့် Rowan နဲ့ Blake တို့ကို ပြီးခဲ့တဲ့ သြဂုတ်လက C-section မှာ မွေးဖွားခဲ့ပါတယ်။ မွေးဖွားစဉ်အချိန်က ကိုယ်ဝန်ဟာ 34 ပတ် ကျော် ဖြစ်ပါတယ်။ ကလေးတွေကို လူလားမြောက်အောင် မွေးဖွားနိုင်ခဲ့မှ မိဘတွေ စိုးရိမ်မှု လျှော့ကျသွားတာ ဖြစ်ပါတယ်။

ကျောင်းဆရာမအဖြစ် အသက်မွေးတဲ့ မိခင် Hayley က ” အခုလည်း သူတို့ကတော့ ဖက်လျှက်ပါဘဲ …”လို့ ဟာသအဖြစ် ပြောခဲ့ပါတယ်။ သူမက ” မမွေးခင်ကတည်းက သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အသက်ကို မျှတပြီး၊ တစ်ယောက်ကို ကယ်ခဲ့ကြရတာလေ .. ဒီတော့ သူတို့တစ်တွေ ကြီးပြင်းလာလေ ကျွန်မအတွက် ကောင်းမွန်တဲ့ပုံပြင်လေးတွေ ပိုတိုးလာလေပါဘဲ “လို့ ပြောခဲ့ပါတယ်။


Zawgyi

Charlie နဲ႔ ဇနီးသည္ Hayley တို႔ဟာ သူတို႔ရဲ႕ ပထမဆုံးသားဦးျဖစ္တဲ့ အမႊာညီအစ္ကိုႏွစ္ေယာက္ကို ကိုယ္ဝန္အျဖစ္ လြယ္ထားရစဥ္က ႐ိုက္ကူူးခဲ့တဲ့ X ray scan ဓာတ္ပုံကို လူမႈကြန္ယက္မွာ ျဖန႔္ေဝခဲ့ပါတယ္။ X ray ထဲမွာ ထူးျခားခ်က္အေနနဲ႔ အမႊာညီအစ္ကို ႏွစ္ေယာက္ဟာ မိခင္ရဲ႕ဗိုက္ထဲမွာ တစ္ေယာက္ကိုတစ္ေယာက္ ဖက္ေနတဲ့ အေနအထား ျဖစ္ပါတယ္။

ဒါဟာ ေဆးစစ္ခ်က္ဓာတ္ပုံေတြထဲမွာေတာ့ ရွားေတာင့္ရွားခဲဓာတ္ပုံျဖစ္ေပမယ့္ Charlie နဲ႔ Hayley တို႔က စိတ္ပူစရာ အေနအထားျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Rowan နဲ႔ Blake တို႔ဟာ ေရမႊာတစ္ခုတည္းမွာ ပူေပါင္းသေႏၶျဖစ္ေနၿပီး၊ လႈပ္ရွားမႈေတြကို ထိန္းခ်ဳပ္ထားလို႔ စိုးရိမ္ဖြယ္ရာ ျဖစ္ပါတယ္။


ဒီအေျခအေနဟာ ေမြးဖြားတဲ့အခါမွာလည္း တစ္ေယာက္ အသက္ရွင္မွ တစ္ေယာက္လည္း အသက္ရွင္မယ့္ အေျခအေန
ျဖစ္လို႔ မိဘေတြ မေပ်ာ္ႏိုင္ၾကပါဘူး။ ဒါေပမယ့္ Rowan နဲ႔ Blake တို႔ကို ၿပီးခဲ့တဲ့ ၾသဂုတ္လက C-section မွာ ေမြးဖြားခဲ့ပါတယ္။ ေမြးဖြားစဥ္အခ်ိန္က ကိုယ္ဝန္ဟာ 34 ပတ္ ေက်ာ္ ျဖစ္ပါတယ္။ ကေလးေတြကို လူလားေျမာက္ေအာင္ ေမြးဖြားႏိုင္ခဲ့မွ မိဘေတြ စိုးရိမ္မႈ ေလွ်ာ့က်သြားတာ ျဖစ္ပါတယ္။

ေက်ာင္းဆရာမအျဖစ္ အသက္ေမြးတဲ့ မိခင္ Hayley က ” အခုလည္း သူတို႔ကေတာ့ ဖက္လွ်က္ပါဘဲ …”လို႔ ဟာသအျဖစ္ ေျပာခဲ့ပါတယ္။ သူမက ” မေမြးခင္ကတည္းက သူတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အသက္ကို မွ်တၿပီး၊ တစ္ေယာက္ကို ကယ္ခဲ့ၾကရတာေလ .. ဒီေတာ့ သူတို႔တစ္ေတြ ႀကီးျပင္းလာေလ ကြၽန္မအတြက္ ေကာင္းမြန္တဲ့ပုံျပင္ေလးေတြ ပိုတိုးလာေလပါဘဲ “လို႔ ေျပာခဲ့ပါတယ္။


Leave a Comment