Daily News

ဆိုးဝါးလွန်းတဲ့ အရေပြားရောဂါကြောင့် ခန္ဓာကိုယ်က အကြေးခွံတွေကွာကျနေတဲ့ ကလေးမလေး

Ranee Boonrung လို့ အမည်ရတဲ့ အသက် 9 နှစ်အရွယ်ကလေးမလေးဟာ ဆိုးဝါးလှတဲ့အရေပြားရောဂါ Psoriasis ကို ခံစားနေရပြီး၊ ခန္ဓာကိုယ်ကနေ အဝါရောင်ညစ်ညစ် အကြေးခွံတွေ ကွာကျနေတာကို ပြင်းထန်စွာ ခံစားနေရပါတယ်။ Ranee ဟာ အသက် 7 နှစ်အရွယ်ကတည်းက ဒီဆိုးဝါးလှတဲ့ အရေပြားရောဂါကို စတင်ခံစားခဲ့ရတာပါ။

Ranee ဟာ ထိုင်းနိုင်ငံတောင်ပိုင်း Yala မှာ နေထိုင်သူဖြစ်ပြီး၊ ပြင်းထန်အဖျားဝေဒနာ ခံစားရပြီးနောက် နောက်ဆက်တွဲအနေနဲ့ Psoriasis အရေပြားရောဂါကို ဆက်ပြီး ခံစားခဲ့ရတာ ဖြစ်ပါတယ်။ Trang’s Institute of Dermatology မှာ ပ
ထမဆုံး ကုသမှုခံယူခဲ့ပေမယ့် ထိရောက်တဲ့ ကုသမှုမဟုတ်ခဲ့လို့ ရောဂါကတော့ ပျောက်ကင်းခြင်းမရှိပါဘူး။


မိဘတွေဟာ ဒုတိယအကြိမ်ကုသမှုအဖြစ် Had Yai Univesity ဆေးရုံမှာ နှစ်လကြာ ဆက်လက်ပို့ဆောင် ကုသပေးခဲ့ပေမယ့် ဒါလည်း မအောင်မြင်ခဲ့ပြန်ပါဘူး။ မိခင်ဖြစ်သူက ” အခု ကျွန်မတို့ ကြားတာကတော့ Buriram မှာရှိတဲ့ ဒေါက်တာတစ်ယောက်ကတော့ ဒီရောဂါကို ကုနိုင်တယ်လို့ ကြားတယ် … ဒါပေမယ့် သုံးလကျော်ကြာမှာဆိုတော့ နေဖို့ထိုင်ဖို့နဲ့ ဆေးဖိုးအတွက်က အတော် အခက်အခဲဖြစ်နေပါတယ် “လို့ ပြောခဲ့ပါတယ်။

မိခင်က ဆက်လက်ပြီး ” ကျွန်မတို့က ဆင်းရဲပါတယ် … ဆေးဖိုးတွေကလည်း အလွန်ဈေးကြီးပါတယ် … ဒါကြောင့် အလှူရှင်တွေကိုပဲ အားကိုးတကြီးမျှော်လင့်နေရတာပါ … မကြာခင် သမီးလေး ဆေးကုသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် “လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


Psoriasis ရောဂါဆိုသည်မှာ-

Psoriasis ရောဂါဆိုတာကတော့ ပြင်းထန်အရေးပြာရောဂါ ဖြစ်ပါတယ်။ ပထမဆုံး အနီရောင်အဖုလေးတွေ ခန္ဓာကိုယ်ကနေ ပေါ်လာပြီးနောက်၊ ခြောက်သွေ့သွားတဲ့အချိန်မှာ အဝါရောင်ညစ်ညစ် အဖြူရောင်ညစ်ညစ် အနာဖတ်တွေက အရေပြားအနှံ့မှာ ဖြစ်ပေါ်လာပါတယ်။ ယားယံခြင်း၊ ပြည်တည်ခြင်းတွေလည်း ဖြစ်လေ့ရှိပါတယ်။

ဗြိတိန်မှာတော့ လူဦးရေရဲ့ 2% ဟာ Psoriasis ရောဂါ ခံစားရသူတွေဖြစ်ပြီး၊ အများအားဖြင့်တော့ အသက် 35 နှစ်အောက် လူငယ်လူလတ်ပိုင်းတွေသာ ဖြစ်လေ့ရှိပါတယ်။ ရောဂါအဆင့်သတ်မှတ်ချက်အရ အချို့မှာ သာမာန်သာ ဖြစ်ကြပြီး၊ အချို့ကတော့ အရေပြားတွေ ကွာပါတယ်။ ကာလရှည်ရောဂါတစ်မျိုးဖြစ်ပြီး၊ အချို့ကတော့ နှစ်နှစ်မှ သုံးနှစ်အတွင်း ပြန်လည် ပျောက်ကင်းသွားတာမျိုး ရှိသလို၊ အချို့ကတော့ ဆေးကုသမှုခံယူမှ ပျောက်ကင်းတာ ဖြစ်ပါတယ်။


Zawgyi










Leave a Comment