Daily News

ကာတွန်းဇာတ်ကောင် ငါးမန်းကြီး Bruce ကဲ့သို့ပင် တကယ်ပြုံးတတ်တဲ့ သက်ရှိငါးမန်းကြီး

Finding Nemo ကာတွန်းဇာတ်ကားကြီးဟာ ကလေးတွေအကြိုက် Animation ဇာတ်ကားကြီး ဖြစ်ပါတယ်။ အဲဒီဇာတ်ကာကြီးထဲမှာ ပရိသတ်အားပေးမှုရခဲ့တဲ့ အဓိကဇာတ်ကောင်တစ်ခုကတော့ ငါးမန်းကြီး Bruce ပဲ ဖြစ်ပါတယ်။ Finding Nemo ဇာတ်ကားကြီးဟာ ထင်ထားတာထက် ပိုပြီး အောင်မြင်မှုရခဲ့လို့ ဝင်ငွေ ဒေါ်လာ 936,429,370 အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

အခုလည်း ငါးမန်းကြီး Bruce လိုပဲ လှလှပပပြုံးတတ်တဲ့ ငါးမန်းတစ်ကောင်ကို ဓာတ်ပုံဆရာက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီငါးမန်းကတော့ အမ ဖြစ်ပါတယ်။ သူမရဲ့ နာမည်ဟာ Snooty လို့ သိရပြီး၊ ဓာတ်ပုံဆရာမ Cassie Jensen က ကင်မရာနဲ့ အမိအရ မှတ်တမ်းတင်ခဲ့တာပါ။


ကတယ်တော့ Snooty ဟာ ပြုံးတတ်၊ ငိုတတ်တဲ့ သတ္တဝါ မဟုတ်ပါဘူး။ သူရဲ့ ရှေ့သွားတစ်ချို့ ကျိုးပဲ့နေခြင်းဟာ သွားဖြီးလိုက်တဲ့အခါတိုင်း ပြုံးပြနေတယ်လို့ အထင်ရောက်စေပါတယ်။ ဓာတ်ပုံဆရာမ Jensen က ဒီလို ပုံကောင်းတွေကို ရဖို့အတွက် ဖလော်ဒီရာပင်လယ်ပြင်အောက်မှာ စွန့်စွန့်စားစား ရိုက်ကူးထားရတာ ဖြစ်ပါတယ်။

Jensen က ” Snooty ကို တွေ့ရဖို့ ကျွန်မ အကြာကြီးစောင့်ခဲ့ရပါတယ် … ဖလော်ဒီရာမှာတော့ နာမည်ကြီးငါးမန်းမကြီးပေါ့ … အဓိကကတော့ ပြုံးသလိုလို ရယ်သလိုလို ဖြစ်နေတဲ့ မျက်နှာပေးနဲ့မို့ လူတွေက ချစ်ကြတာပါ … သူက ကျွန်မတို့ဘေးမှာ ပျော်ပျော်ရွှင်ရွှင် ရေကူးခဲ့ပါတယ် ” လို့ ပြောခဲ့ပါတယ်။


Zawgyi

Finding Nemo ကာတြန္းဇာတ္ကားႀကီးဟာ ကေလးေတြအႀကိဳက္ Animation ဇာတ္ကားႀကီး ျဖစ္ပါတယ္။ အဲဒီဇာတ္ကာႀကီးထဲမွာ ပရိသတ္အားေပးမႈရခဲ့တဲ့ အဓိကဇာတ္ေကာင္တစ္ခုကေတာ့ ငါးမန္းႀကီး Bruce ပဲ ျဖစ္ပါတယ္။ Finding Nemo ဇာတ္ကားႀကီးဟာ ထင္ထားတာထက္ ပိုၿပီး ေအာင္ျမင္မႈရခဲ့လို႔ ဝင္ေငြ ေဒၚလာ 936,429,370 အထိ ရွိခဲ့တယ္လို႔ သိရပါတယ္။

အခုလည္း ငါးမန္းႀကီး Bruce လိုပဲ လွလွပပၿပဳံးတတ္တဲ့ ငါးမန္းတစ္ေကာင္ကို ဓာတ္ပုံဆရာက မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီငါးမန္းကေတာ့ အမ ျဖစ္ပါတယ္။ သူမရဲ႕ နာမည္ဟာ Snooty လို႔ သိရၿပီး၊ ဓာတ္ပုံဆရာမ Cassie Jensen က ကင္မရာနဲ႔ အမိအရ မွတ္တမ္းတင္ခဲ့တာပါ။


ကတယ္ေတာ့ Snooty ဟာ ၿပဳံးတတ္၊ ငိုတတ္တဲ့ သတၱဝါ မဟုတ္ပါဘူး။ သူရဲ႕ ေရွ႕သြားတစ္ခ်ိဳ႕ က်ိဳးပဲ့ေနျခင္းဟာ သြားၿဖီးလိုက္တဲ့အခါတိုင္း ၿပဳံးျပေနတယ္လို႔ အထင္ေရာက္ေစပါတယ္။ ဓာတ္ပုံဆရာမ Jensen က ဒီလို ပုံေကာင္းေတြကို ရဖို႔အတြက္ ဖေလာ္ဒီရာပင္လယ္ျပင္ေအာက္မွာ စြန႔္စြန႔္စားစား ႐ိုက္ကူးထားရတာ ျဖစ္ပါတယ္။

Jensen က ” Snooty ကို ေတြ႕ရဖို႔ ကြၽန္မ အၾကာႀကီးေစာင့္ခဲ့ရပါတယ္ … ဖေလာ္ဒီရာမွာေတာ့ နာမည္ႀကီးငါးမန္းမႀကီးေပါ့ … အဓိကကေတာ့ ၿပဳံးသလိုလို ရယ္သလိုလို ျဖစ္ေနတဲ့ မ်က္ႏွာေပးနဲ႔မို႔ လူေတြက ခ်စ္ၾကတာပါ … သူက ကြၽန္မတို႔ေဘးမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေရကူးခဲ့ပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။


Leave a Comment