Wed. Oct 27th, 2021

စိတ်က လူကို ဦးဆောင်နေတယ်လို့ ပြောကြပါတယ်။ စိတ်သရုပ်ခွဲတွေကလည်း ပြောမပြတတ်အောင် အများသား။ တက်ကြွပြီး ထက်ထက်သန်သန် ယုံကြည်နိုးကြားနေတဲ့ စိတ်ဖြစ်နေတတ်သလို ထိုင်းမှိုင်း ညှိုးခွေပြီး ဝေခွဲမရ သောကတောက်လောင်နေတဲ့ စိတ်တွေလည်း ရှိတတ်တာပါပဲ။

စိတ်နဲ့ ပတ်သတ်လာရင် အထိန်းအချုပ်ရှိဖို့က အရေးကြီးဆုံးပါပဲ။ အခုခေတ်မှာ စိတ်ပူစရာ ၊ စိတ်ရှုပ်စရာတွေ သိပ်များပါတယ်။ ဒါကိုပဲ ပညာတတ်တွေက Age of Anxiety ဖြစ်နေတဲ့ခေတ်လို့ သုံးနှုန်းကြတာ ဖြစ်ပါတယ်။ Anxiety လို့ ခေါ်တဲ့ စိုးရိမ်သောကများနေတဲ့စိတ် ဖြစ်လာရင် ဒီစိတ်ကို အနိုင်ယူနိုင်မယ့်နည်းကို သိဖို့ လိုပါတယ်။

(၁) ကိုယ်ခန္ဓာကို စပြီး ထိန်းချုပ်ပါ


Photo: Unsplash

Anxiety ကို အနိုင်ယူဖို့ အရင်ဆုံး သင့်ရဲ့ Body နဲ့ စတင်ပါမယ်။ စိတ်နဲ့ခန္ဓာဟာ တိုက်ရိုက်ချိတ်ဆက်နေတာ ဖြစ်လို့ စိတ်ကို အနိုင်ယူဖို့ ခန္ဓာကိုယ်ကို အရင် ထိန်းချုပ်မှုက စတင်ကြည့်ပါ။ ခန္ဓာကိုယ်ကို ထိန်းချုပ်တယ်ဆိုတာ အားကစားလုပ်လိုက်တာပါပဲ။ အများကြီးမဟုတ်ပါဘူး။ Gym ရုံသွားပြီး တစ်ပတ် ၆ ရက် ဝိတ်မပါ။ တစ်ပတ်ကို ၄ ရက် ပြေးပါ။ အပြေးစက်နဲ့ပဲ ပြေးပြေး သစ်တောထဲပဲ ပြေးပေးရပါတယ်။ ပြေးနေကျလည်း မဟုတ်ဘူး ၊ ပြေးလည်း မပြေးချင်ဘူးဆိုရင် လမ်းလျှောက်ပါ။ ကလေးတွေ ရှိရင် ကလေးတွေနဲ့ ကစားပါ။ လေ့လာမှုတွေအရ ၄၅ မိနစ်လောက် လမ်းလျှောက်ပေးတာနဲ့ကို Anxiety ဖြစ်တာ သက်သာသွားတယ်လို့ ဆိုပါတယ်။

(၂) Diet လုပ်ပါ


Photo: Unsplash

တစ်နေ့တစ်နေ့ သင်စားလိုက်တဲ့ အစားအသောက်ကလည်း သင့်ရဲ့ စိတ်ခံစားချက်ပေါ် သက်ရောက်မှုရှိပါတယ်။ အူနဲ့ ဦးနှောက်ဟာ တိုက်ရိုက်ချက်ဆက်နေတယ်လို့တောင် ပြောရမှာပါ။ ဒီတော့ တစ်ရက်တစ်ရက် Anxiety တက်မလာအောင် အစားအသောက်လည်း ပြောင်းပေးနိုင်ပါတယ်။ အဓိက အချက်က ရေကို ပိုပြီး သောက်ပါ။ ရေဟာ ဦးနှောက်ကျန်းမာရေးအတွက် သိပ်အရေးပါတဲ့ သောက်စရာဖြစ်ပါတယ်။
ရေဓါတ်ပြည့်တင်းနေတာဟာ တစ်ကိုယ်လုံးအတွက် ကောင်းပါတယ်။ ရေဓါတ်ခမ်းခြောက်လာရင် စိတ်ရှုပ်ထွေးခြင်း ၊ သောကများခြင်းနဲ့ စိတ်ဓါတ်ကျဆင်းခြင်းကို ပိုပြီး ဆိုးရွားလာစေနိုင်ပါတယ်။ မနက်အိပ်ရာက ထထချင်း လူတွေဟာ ရေဓါတ်ခမ်းခြောက်တတ်ပါတယ်။

ဒီတော့ အိပ်ရာက နိုးတာနဲ့ ရေတစ်ဖန်ခွက်ကောင်းကောင်း သောက်ပေးဖို့ မမေ့ပါနဲ့။ တစ်နေ့လုံးမှာလည်း ရေကို မပြတ်သောက်ပေးဖို့ လိုပါတယ်။ကော်ဖီနဲ့ ပတ်သက်လို့ ပြောရရင် အများကြီးသောက်ရင် ကဖိန်းဓါတ်က စိတ်ဂနာမငြိမ်တာကို ပိုဆိုးစေပါတယ်။ သောကပိုများစေပါတယ်။ စိတ်စွမ်းအင်တက်ပြီး နိုးကြားချင်တယ်ဆိုရင် ပုံမှန်ထက်တစ်ဝက်လျှော့သောက်ပါ။ ကော်ဖီမသောက်ဘဲ နေနိုင်ရင် ကော်ဖီအစား Green Tea သောက်ပါ။ ဒိန်ချဉ်သောက်ပါ။ Dark Chocolate စားပါ။ ဆယ်လ်မွန်ငါးတွေ စားပါ။ အရက်သေစာ ရှောင်ပါ။

(၃) စိတ်ကို လေ့ကျင့်ပါ


Photo; Unsplash

စိတ်နဲ့ဆိုင်တဲ့ပြဿနာတွေကို ရင်ဆိုင်ရာမှာ စိတ်ကို အလေ့အကျင့်လုပ်ထားသူက အပင်ပန်းသက်သာပါတယ်။ စိတ်ရဲ့ ဒဏ်ကနေ သက်သာရာပိုရပါတယ်။ စိတ်ကို အလေ့အကျင့်လုပ်ထားခြင်းဆိုတာ ကိုယ့်စိတ်ကိုယ်ကိုယ် ပြန်ထိန်းကျောင်းပေးမယ့် မေတ္တာပို့ခြင်း ၊ မန္တန်ရွတ်ခြင်း ၊ စိတ်ကို Autosuggestion နည်းနဲ့ ထိန်းချုပ်ခြင်းတွေ ပါဝင်ပါတယ်။

Screen သုံးတာ ရပ်ထားပြီး သဘာဝထဲ နေထိုင်ခြင်း ၊ စိတ်ကို တိတ်ဆိတ်ငြိမ်သက်ဖို့ အချိန်ပေးခြင်း ၊ ပုံမှန် တရားထိုင်တဲ့အကျင့်လုပ်ခြင်းတွေလည်း လုပ်နိုင်ပါတယ်။ စိတ်ရှုပ်တဲ့ဒဏ်ပိုဆိုးလာရင်တော့ စိတ်ရောဂါပိုင်း ကျွမ်းကျင်သူဆရာဝန်တစ်ဦးဦးနဲ့ ပြသကြည့်သင့်ပါတယ်။

(၄) ဝါသနာတစ်ခုခု မွေးယူပါ


Photo: Unsplash

ဝါသနာကောင်းတစ်ခုရှိတာ ဘယ်တော့မှ မပျင်းရပါဘူး။ စိတ်ကိုလည်း ရွှင်မြူးကြည်နူးစေတဲ့အရာလည်း ဖြစ်ပါတယ်။ ဥပမာ- ဓါတ်ပုံရိုက်တဲ့ ဝါသနာပါသူတွေဆိုရင် ကိုယ့်လက်ရာဓါတ်ပုံလေးတွေကို ကြည့်ရတာ ၊ ဓါတ်ပုံကောင်းတစ်ခု ရဖို့ ကြိုးစားရတာကိုက အရသာပါပဲ။ တချိန်ချိန်မှာ ကိုယ့်လက်ရာဓါတ်ပုံလေးတွေက အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရပစ္စည်းလေးတွေ ဖြစ်လာမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *