Love

Ex ကြောင့် အသည်းကွဲခဲ့ပြီးနောက် ဆောင်ရန်ရှောင်ရန်များ

ကဗျာဆရာတွေကတော့ အသည်းကွဲတယ်ဆိုတာ သွေးမဲ့ဒဏ်ရာလို့ တင်စားကြပါတယ်။ ဒီဒဏ်ရာအတွက် စံသတ်မှတ်ထားတဲ့ တရားဝင် ကုထုံးမရှိသေးပါဘူး။ ဒါကြောင့် အသည်းကွဲရင် သက်သာတဲ့ ဆေးကို ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့ ပြတ်စဲသွားပြီးရင် ဘယ်တော့မှ မလုပ်သင့်တဲ့ စည်းကမ်းလေးတွေတော့ ပြောဖို့ ရှိပါတယ်။

(၁) Social Media မှာ ပြန်မရှာပါနဲ့တော့


Photo: Freepik

လူမှုကွန်ရက်တွေပေါ်မှာ သူမနဲ့ Friend အဖြစ် ဆက်မရှိတာအကောင်းဆုံးပါပဲ။ သူမနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ၊ ပုံရိပ်တွေနဲ့ ဝေးဝေးနေပါ။ ပြတ်မယ့်ပြတ် မဆုံနိုင်အောင် ဖြတ်တောက်ထားလိုက်ဖို့ အကြံပေးချင်ပါတယ်။

(၂) အစပြန်မထုတ်မိစေနဲ့


Photo: Freepik

Ex နဲ့ ပြန်တွဲဖို့ဆိုတာကို ခေါင်းထဲက အပြီးတိုင် မေ့လိုက်ပါ။ အရင်လို ပြန်ချစ်ကြလေသတည်းဆိုတဲ့ မျှော်လင့်ချက်တွေ မထားမိခင်မှာ ဘယ်လိုပြတ်သွားခဲ့တာလဲ။ ဘယ်လောက်အထိ တစ်ယောက်နဲ့တစ်ယောက် အနီးဆုံးရောက်ဖို့ ကြိုးစားခဲ့သလဲကို ပြန်စဉ်းစားကြည့်သင့်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ပြန်ဆောက်တည်ဖို့ မမေ့ပါနဲ့


Photo: Freepik

ဒီအချိန်မှာ စိတ်ဓါတ်တွေ ကျပြီး ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်နေပါလိမ့်မယ်။ နှိုးထလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ပြုပြုပြင်ပြင်နဲ့ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် တည်ဆောက်လိုက်ပါ။ Gym သွားပါ။ Skillset သစ်တွေ သင်ပါ။ ခရီးတွေ ထွက်ပါ။.

(၄) အလုပ်ထိခိုက်မခံပါနဲ့


Photo: Freepik

ရည်းစားနဲ့ပြတ်လို့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဂရုမစိုက်ဘဲ ပစ်ထားတာ ၊ ကိုယ့်ဘော်ဒါတွေနဲ့ အဆက်ဖြတ်လိုက်တာမျိုးက တကယ်မှားပါတယ်။ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်တဲ့ လူတစ်ယောက်အဖြစ် စိတ်အေးလက်အေးနဲ့ စဉ်းစားကြည့်ရင်ကို ဒါတွေလုပ်မိတာ အဓိပ္ပါယ်ဘယ်လောက် မဲ့သလဲဆိုတာ ပြန်သိလာပါလိမ့်မယ်။

(၅) ချက်ချင်းကြီး ရည်းစားမထားနဲ့


Photo: Freepik

အချိန်ယူပါဦး။ အလွယ်လေး ဆုံးဖြတ်လိုက်ရင် နောက်ထပ် အသည်းကွဲဇာတ်လမ်းတစ်ပုဒ်ထပ်ထွက်ရုံကလွဲပြီး ဘာမှ အကျိုးရှိနိုင်မှာ မဟုတ်ပါဘူး။

Leave a Comment