Knowledge

အသက်သခင်ကျေးဇူးရှင်ကို နှစ်တိုင်းတွေ့နေကျနေရာလေးမှာဆုံတွေ့ခွင့်ရအောင် မိုင်ပေါင်း(5000)ဝေးတဲ့နေရာကနေ အရောက်လာလေ့ရှိတဲ့ ပင်ကွင်းလေး

လွန်ခဲ့တဲ့ (2011)ခုနှစ်တုန်းကအသက်(75)နှစ်အရွယ်Joao ဆိုတဲ့အမျိုးသာတစ်ဦးဟာ ကျွန်းတကျွန်းကိုအလည်ပတ်ရောက်ရှိခဲ့စဉ်ပင်လယ်ကမ်းစပ်နားလမ်းလျှောက်ရင်း ရေနံဆီပေကျံနေပီးသေခါနီးဆဲဆဲ ဖြစ်နေတဲ့ပင်ကွင်းငယ်လေးသောင်တင်နေတာကိုတွေ့ခဲ့ပါတယ်။ ထို့နောက်ထိုပင်ကွင်းကိုအိမ်ခေါ်ပြန်ခဲ့ပြီး ရေနံဆီပေနေတဲ့ကခန္ဓာကိုယ်ကိုသုတ်ပေးကာ အနာတရဖြစ်တဲ့နေရာတွေကိုသေချာကုသပေးခဲ့ပါတယ်။

ထိုပင်ကွင်းလေးကိုDimdimလို့အမည်ပေးထားခဲ့ပီး၊ရှစ်လလောက်ထိပြုစုကုသပေးပီးတဲ့အခါမှာတော့၊ကျန်းမာရေးကောင်းသွားခဲ့တဲ့ပင်ကွင်းလေးDimdimကို၎င်းတွေ့ခဲ့တဲ့ပင်လယ်မှာပဲပြန်လွတ်ပေးခဲ့ပါတယ်။ထိုအချိန်မှစပီးပင်ကွင်းလေးDimdimဟာ နှစ်တိုင်းအသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့Joaoကို၎င်းတို့စတင်တွေ့ခဲ့တဲ့ပင်လယ်ခရီးကိုလာဖို့ မိုင်ပေါင်း(5000)ကွာဝေးတဲ့အာဂျင်တီးနားနဲ့ချီလီပင်လယ်ကမ်းစပ်ကြားမှာနေထိုင်ကျက်စားတဲ့နေရာကနေ၊ရောက်အောင်လာတွေ့ခဲ့ပါတယ်။

Dimdimဟာအခြားသူစိမ်းတွေထိတွေ့လို့မရပဲ၊Joaoတစ်ယောက်တည်းသာလျှင်ထိတွေ့လို့ရတယ်လို့သိရပါတယ်။ Joaoကတော့နှစ်စဉ်ထိုပင်ကွင်းလေးကိုတွေ့ဖို့ ဇွန်လတိုင်းထိုပင်လယ်ကျွန်းလေးကိုသွားလေ့ရှိတယ်လို့သိရပါတယ်။ထိုပင်ကွင်းလေးDindimဟာလဲJaoaကိုတွေ့တိုင်းအမြီးတနှံ့နှ့နဲ့၊အသံပါပေးတတ်ပီးJaoaကိုတွေ့တိုင်းပျော်ရွှင်နေခဲ့ပါတယ်။ ကျေးဇူးရှင်မှန်းသိတဲ့Dindimလေးနဲ့ Joaoရဲ့သံယောဇဉ်လေးကတော့တွေ့မိသူတိုင်းကြည်နူးမိမှာအမှန်ပါပဲ။

Credit – Bam Bam (Gabar News)

Zawgyi

Leave a Comment