Daily News









Rain (For Ialinks)

Unicode

ရင်ဘတ်အောင့်လွန်း၍ ဆေးရုံသို့သွားပြပြီး ဓာတ်မှန်ရိုက်ခဲ့ရာမှ လေးလက်မအရှည်ရှိ ဓားတစ်ချောင်းရှိနေသည်ကို သိရှိခဲ့ရသော ကောင်လေး

ဖြစ်စဥ်မှာ ဖိလစ်ပိုင်နိုင်ငံမှ Kent Ryan Tomaoအမည်ရှိသော အသက် ၂၅နှစ်အရွယ် ကောင်လေးတစ်ဦးသည် အေးချမ်းသော နေ့များတွင် ရင်ဘတ်အရမ်းအောင့်သည်ကို မခံစားနိုင်တော့ပဲ ဆေးရုံသို့ သွားပြခဲ့သည်။


ထို့ကြောင့် ဆရာဝန်မှ ကောင်လေးဧ။် ရင်ဘတ်အား ဓာတ်မှန်ရိုက်ကြည့်ခဲ့ရာ အဖြေထွက်လာစဥ် အဆုတ်နှင့်နီးနီးကပ်ကပ်လေးရှိနေသည့် လေးလက်မအရှည်ရှိ ဓားတစ်ချောင်းအား အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။

ဆရာဝန်လည်း ကောင်လေးအား မည်သို့ဖြစ်ရကြောင်း အကြောင်းစုံမေးခဲ့ရာ အရင်နှစ်လောက်က ဆိုင်ကယ်သူခိုးဆိုပြီး လူမှားကာ ပိုင်ရှင်ဧ။် ဓားထိုးခြင်းကို ခံလိုက်ရပြီး အချိန်မှီ ဆေးကုသမှုခံယူပြီးနောက် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း ဆိုခဲ့သည်။


ထို့နောက် ကောင်လေးလည်း သူ့ရင်ဘတ်ထဲမှာ ယခုလိုမျိုး ဓားကြီးကျန်နေခဲ့လိမ့်မည်ဟု မထင်ထားပူးဟုဆိုကာ အရေးပေါ် ခွဲစိတ်ကုသမှုခံယူလိုက်ရသည်။

Rain (For Ialinks)

Leave a Comment