Amazing

လူတိုင်းမရနိုင်တဲ့ ကံထူးခြင်းမျိုးကို ပိုင်ဆိုင်ခဲ့သူများ – ဓာတ်ပုံ (၂၈) ပုံ

ကားသော့ ဒါမှမဟုတ် အရာတစ်ခုခုက မြောင်းထဲ ပြုတ်ကျချိန်မှာ မြောင်းထဲ တန်းမပြုတ်ကျသွားပဲ ဘောင်တန်းလေးမှာ တင်နေတာမျိုးတွေ ကြုံခဲ့ဖူးပါသလား။ ဒီကနေ့မှာတော့ အဲ့လိုမျိုး တကယ်အပြင်မှာ ဖြစ်ပျက်သွားခဲ့တဲ့ ကံအထူးဆုံး လူတွေအကြောင်းကို ဖော်ပြေပေးသွားပါမယ်။ သူတို့ကတော့ ကံကောင်းခြင်း နဲ့ ထိပ်တိုက်ကို တိုးခဲ့ကြသူတွေလို့တောင် ဆိုလို့ရပါတယ်။ တစ်ချက် ရှုစားလိုက်ပါအုံး။ သင်တို့ဘဝမှာ ကြုံတွေ့ဖူးတဲ့ ကံကောင်းမှုတွေကိုလည်း ပြောပြပေးသွားကြပါအုံး။

(၁)


ပျောက်သွားတဲ့ လပ်စွပ်ကို ခုလို ပြန်ရှာတွေ့ခဲ့တယ်… ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ

(၂)


ထောပတ်သီးမှာ အစေ့သေးသေးလေးပါတာကလည်း … အစားအသောက်ထီပေါက်သလိုပါပဲ

(၄)


ဒီကလေးက ခုလိုအခိုက်အတန့်ကို ဘယ်တော့မှာ မေ့မှာ မဟုတ်တော့ပါဘူး

(၅)


ဒါကြောင့် ဆိုင်ကယ်ဥ◌ီးထုပ်ဆောင်းပါလို့ အမြဲပြောနေရတာ

(၆)


အမလေး .. ကံကောင်းလိုက်တာနော်

(၇)


တစ်ရှူး ကျခါနီးဆဲဆဲ

(၈)


သဘောကောင်းလွန်းတဲ့ သစ်ပင်

(၉)


ဒီလူကတော့ ပြတိုက်ထဲကို သွားလည်ရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၁ နှစ်က ဆာမူရိုင်းက သူနဲ့ ရုပ်အရမ်းဆင်တူနေတာကို တွေ့ရှိခဲ့ပါတယ်။

(၁၀)


ဒီပုံကိုကြည့်ပြီး သဘောပေါက်ကြရဲ့လား ပရိသတ်တို့ ။ တကယ်တော့ အဆိုပါ အမျိုးသမီးကို သူ့အမျိုးသားက နွားနဲ့တစ်ကွ ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။

နောက်တော့ သေချာပြန်ကြည့်ရာမှာ နောက်က နွားနားရွက်နဲ့ သူမခေါင်းက ထပ်တူကျနေတာကို တွေ့ခဲ့ရပါတယ်။

(၁၁)


ဒါကတော့ သဘာ၀ အပင်တွေ ပေါက်နေတဲ့ ကားပဲ ဖြစ်ပါတယ်။

(၁၂)


မင်္ဂလာသက်တမ်း ၅၉ နှစ်အကြာမှာ အဖိုးကတော့ အဖွားကို ချစ်ခွင့်ပန်နေဆဲပဲ ဖြစ်ပါတယ်။

ဒါကြောင့် နှစ်ပေါင်းများစွာတိုင်အောင ်ချစ်ရတဲ့သူနဲ့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ထားတယ်ဆိုတာ ကံကောင်းခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။

(၁၃)


ဒါကတော့ ခဲချစ် ကံစမ်းမဲတစ်ခုမှာ အဲ့ဒီလူ ချစ်လိုက်တဲ့ နံပါတ်တွေ အကုန်လုံးက ပေါက်သွားခဲ့တာဖြစ်ပြီး အားလုံး စုစုပေါင်း ဒေါ်လာ ၄၀၀၀ ဖိုး ကံထူးသွားခဲ့ပါတယ်။ ကံစမ်းမဲပေါက်တာ ကံကောင်းတယ်ဆိုပေမယ့် ကံစမ်းသမျှ အကုန်လုံး ပေါက်ဖို့ဆိုတာ တော်ရုံ ကံ နဲ့ မရပါဘူးနော်။

(၁၄)


ဒီပုံကိုကြည့်ပြီး ဘာများကံထူးသွားလို့လဲပေါ့။ မိုးကာတဲ အောက်နားလေးက ရေစိုနေတာကို သတိထားမိပါသလား။ တကယ်တော့ ကမ်းခြေကို လာလည်ခဲ့တဲ့ သူတို့ အဖွဲ့ ညအိပ်နေတုန်းက ဒီရေတက်လာခဲ့တာ သူတို့ တဲ နဲ့ ကပ်ပြီး လွှဲသွားခဲ့တာပဲ ဖြစ်ပါတယ်။

(၁၅)


ဒါကတော့ သက်တံ သုံးခု ဆင့်ဖြစ်ပေါ်နေတာကို ရှားရှားပါးပါး ရိုက်ကူးရမိခဲ့တာပဲ ဖြစ်ပါတယ်။

(၁၆)


ပုံထဲက ကလေးကို မွေးခဲ့တဲ့အချိန်က မနက် ၁ နာရီ ၁၄ မိနစ်ဖြစ်နေခဲ့တာကြောင့် အဆိုပါ ကလေးရဲ့ မွေးနေ့ နဲ့ အချိန်က ၁၀-၁၁-၁၂ (၁၃ နာရီ ၁၄ မိနစ်) ပဲ ဖြစ်ပါတယ်။ ၁၀-၁၁-၁၂- (၁၃-၁၄) မမိုက်ဖူးလားနော်။ ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။

(၁၇)


ဒီဓာတ်ပုံကို မှတ်တမ်းတင် ရိုက်ကူးထားသူရဲ့ အဖိုးက ပထမ ကမ္ဘာစစ်မှာ ပါဝင်ဆင်နွဲခဲ့သူဖြစ်ပြီး အဆိုပါ ဒင်္ဂါးပြားတွေက သူ့အဖိုးရဲ့ အသက်ကို ကျည်ဆန်ရန်မှ ကာကွယ်ပေးသွားခဲ့ပါတယ်။

(၁၉)


ဒီလူကတော့ သူ့ကားရပ်ထားတဲ့နေရာကို ရွေ့လိုက်ပြီး စက္ကန့်ပိုင်းအကြာမှာပဲ သူ အရင် ရပ်ထားတဲ့ နေရာ ခုလိုပဲ ကျွံကျသွားခဲ့ပါတယ်။

(၂၀)


နောက်က တိမ်တိုက်က အတွေးသင်္ကေတပူဖောင်းအမှတ်အသားလေးနဲ့တူနေတာ ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုဆိုပေမယ့် ခုလို မိမိရရရိုက်နိုင်ခဲ့တာဟာ အရမ်းကို ကံကောင်းလှပါတယ်။

(၂၁)


ဒီလူကတော့ ရေခဲမုန့်ကို ဖွင့်လိုက်ရာမှာ အမွာပူးလေး ကံထူးသွားခဲ့ပါတယ်။

(၂၂)


ဒီအမျိုးသမီးရဲ့ ဖုန်းကတော့ ဘောင်းဘီအိတ်ထဲကနေ ပြုတ်ကျလုနီးနီးဖြစ်နေတာကို သူမ မသိခဲ့ပါဘူး။ သူမအနေနဲ့ အခြားလမ်းတစ်နေရာမှာ ဖုန်း ပြုတ်မကျခဲ့တာဟာ ကံကောင်းလွန်းနေပြီလို့ ဆိုလို့ရပါတယ်။

(၂၃)


ဒီတစ်ယောက်လည်း ကံထူးသွားသူပဲဖြစ်ပါတယ်။ မဟုတ်လို့ကတော့ သူ့ရဲ့ ကားသော့က မြောင်းထဲ ကျသွားလောက်ပါပြီ။ သော့ချိတ်က သံဘောင် ၂ ခုကြားမှာ မယုံနိုင်လောက်အောင်ကို တစ်နေခဲ့ပါတယ်။

(၂၄)


ဒီပုံကို ရုတ်တရက်ကြည့်ပြီး ဘာများ ကံထူးတာပါလို့လဲလို့ တွေးကောင်းတွေးနိုင်ပါတယ်။ တကယ်တော့ အပေါ်ပုံက သူတို့ အဖိုးနဲ့ အဖွား မင်္ဂလာဆောင်တုန်းက ကားနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ နောက် ၆၆ နှစ်အကြာမှာတော့ သူတို့ မင်္ဂလာဆောင်ချိန်မှာ အဆိုပါ ကားနဲ့ပဲ သူတို့အဖိုး အဖွားလိုမျိုး မင်္ဂလာဓာတ်ပုံကို ရိုက်ခွင့်ရရှိခဲ့ပါတယ်။ ဒါကလည်း လူတိုင်း မရနိုင်တဲ့ ကံထူးခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

(၂၆)


သူငယ်ချင်းကောင်းဆိုတာကို ဒီပုံလေးက ဖော်ပြနေပါလိမ့်မယ်။ အပေါ်ပုံကတော့ သူတို့နှစ်ယောက် မူကြို ပထမဆုံးနေ့မှာ ရိုက်ထားတဲ့ ပုံဖြစ်ပြီး နောက်ဆုံးပုံကတော့ သူတို့ရဲ့ ကောလိပ်နောက်ဆုံးနေ့ရက်ပုံပဲ ဖြစ်ပါတယ်။

(၂၇)


ဒါကတော့ Emirates လေကြောင်းလိုင်းမှာ Business Class ကို ပြောင်းရွေ့ခွင့်ရလို့ ပျော်နေတဲ့ စုံတွဲပဲ ဖြစ်ပါတယ်။

(၂၈)


ဒီပုံကိုကြည့်ပြီး ရှုခင်းပုံတွေပဲလို့ ထင်နေပါလိမ့်မယ်။ တကယ်တော့ အဆိုပါ ပုံတွေအကုန်လုံးကို ရိုက်ထားသူကတော့ အကောင်းဆုံး မြင်ကွင်းကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ သူက သူ့ရဲ့ နေအိမ်ကနေ အဲ့ဒီဓာတ်ပုံတွေ အကုန်လုံးကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲနော်။

Ref: BrightSide

Leave a Comment