Amazing

ပြေးနေတဲ့ အချိန်လေးမှာတောင် ဗိုက်ဆာလာရင် ခရမ်းချဥ်သီးတွေ ကျွေးပေးတဲ့ စက်ရုပ်ကို ဖန်တီးခဲ့တဲ့ ကုမ္ပဏီတစ်ခု (ရုပ်သံ)

လေ့ကျင့်ခန်းတွေဘဲ အမြဲတမ်းလုပ်နေရတာက ပျော်စရာမကောင်းပါဘူး ။ အထူးသဖြင့် ပြေးတဲ့အခါဆိုရင် ဗိုက်အမြဲဆာတက်တဲ့ သူတွေအတွက် အစားအစာများကို တောင့်တနေတဲ့အချိန်တွေ ရှိပါတယ် ။ ထိုပြဿနာကို Kagome အမည်ရှိ ဂျပန်ဖျော်ရည်ကုမ္ပဏီတစ်ခုက ဖြေရှင်းရန် ထူးဆန်းတဲ့အရာတစ်ခုကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ သူတို့ဆုံးဖြတ်ခဲ့တာက Tomatan လို့ခေါ်တဲ့စက်ရုပ်ပါ ။ Tomatan ကို ကျောပိုးအိတ်အဖြစ် ဝတ်ဆင်ရန် ဒီဇိုင်းပြုလုပ်ထားပါတယ် ။ ၎င်းက သင့်ရဲ့ပုခုံးပေါ်က ခလုတ်တစ်ချက်နှိပ်ရုံဖြင့် သင့်ရဲ့နေ့စဉ်ပြေးလွှားနေစဉ်မှာ ခရမ်းချဉ်သီးတစ်လုံးကျွေးလိမ့်မှာ ဖြစ်ပါတယ် ။ ၎င်းက ၁၈ ပေါင်ခန့် အလေးချိန်ရှိပြီး အလတ်စားခရမ်းချဉ်သီး ၆ လုံးအထိပါရှိပါတယ် ။


သင်ပြေးတဲ့အခါမှာ အစာစားဖို့လိုတယ်လို့ သင်ခံစားရတဲ့အခါတိုင်း ခလုတ်ကိုတွန်းလိုက်ရုံနဲ့ခရမ်းချဉ်သီးက စက်ရုပ်လက်မောင်းက တဆင့် စားလို့ရပါတယ် ။ Kagome အတွက် အလုပ်လုပ်တဲ့ Shigernori Suzuki က“ ခရမ်းချဉ်သီးတွေမှာ အဟာရဓာတ်တွေ အများကြီးရှိတယ်။


မင်းရဲ့ကျော်ပေါ်မှာ ၁၈ ပေါင်ရှိတဲ့ ခရမ်းချဉ်သီး စက်ရုပ်နဲ့ မင်းပြေးရင် မင်းလွယ်လွယ်နဲ့ သယ်ဆောင်နိုင်ပါတယ် ။ သူတို့က အလေးချိန်ရဲ့တစ်ဝက်လောက်ရှိမယ့် ခရမ်းချဉ်သီးတစ်လုံးကို လွှတ်ပေးပြီး ၉ ပေါင်လောက် ကျသွားတယ်။ ၎င်းက တိုကျိုမာရသွန်ပြိုင်ပွဲမှာ စမ်းသပ်ခံနေရတယ်” လို့ ဆိုပါတယ် ။


ခရမ်းချဉ်သီးတွေရဲ့စိတ်ကူးက ဒီနှစ်မှာခေတ်စားလာမယ့် အစားအစာဖြစ်လာမလားဆိုပြီး ကျွန်တော်တွေးမိပါတယ် ။ တိုကျိုမာရသွန်ပြိုင်ပွဲမှာ သူတို့က အပြေးသမားတွေအတွက် ခရမ်းချဉ်သီး ၅၀၀၀၀ ကို စုဆောင်းထားပါတယ် ။ လေ့ကျင့်ခန်းလုပ်နေစဉ် ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာများက ဘယ်လောက်အရေးကြီးကြောင်း ကျွန်တော်မသိပေမဲ့ ခရမ်းချဉ်သီးစားတာက အမှားမဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ် ။


JRose (KB Chimmy One)

Reference : buzznicked

Zawgyi

ေလ့က်င့္ခန္းေတြဘဲ အၿမဲတမ္းလုပ္ေနရတာက ေပ်ာ္စရာမေကာင္းပါဘူး ။ အထူးသျဖင့္ ေျပးတဲ့အခါဆိုရင္ ဗိုက္အၿမဲဆာတက္တဲ့ သူေတြအတြက္ အစားအစာမ်ားကို ေတာင့္တေနတဲ့အခ်ိန္ေတြ ရွိပါတယ္ ။ ထိုျပႆနာကို Kagome အမည္ရွိ ဂ်ပန္ေဖ်ာ္ရည္ကုမၸဏီတစ္ခုက ေျဖရွင္းရန္ ထူးဆန္းတဲ့အရာတစ္ခုကို ျပဳလုပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။ သူတို႔ဆုံးျဖတ္ခဲ့တာက Tomatan လို႔ေခၚတဲ့စက္႐ုပ္ပါ ။ Tomatan ကို ေက်ာပိုးအိတ္အျဖစ္ ဝတ္ဆင္ရန္ ဒီဇိုင္းျပဳလုပ္ထားပါတယ္ ။ ၎က သင့္ရဲ႕ပုခုံးေပၚက ခလုတ္တစ္ခ်က္ႏွိပ္႐ုံျဖင့္ သင့္ရဲ႕ေန႔စဥ္ေျပးလႊားေနစဥ္မွာ ခရမ္းခ်ဥ္သီးတစ္လုံးေကြၽးလိမ့္မွာ ျဖစ္ပါတယ္ ။ ၎က ၁၈ ေပါင္ခန႔္ အေလးခ်ိန္ရွိၿပီး အလတ္စားခရမ္းခ်ဥ္သီး ၆ လုံးအထိပါရွိပါတယ္ ။


သင္ေျပးတဲ့အခါမွာ အစာစားဖို႔လိုတယ္လို႔ သင္ခံစားရတဲ့အခါတိုင္း ခလုတ္ကိုတြန္းလိုက္႐ုံနဲ႔ခရမ္းခ်ဥ္သီးက စက္႐ုပ္လက္ေမာင္းက တဆင့္ စားလို႔ရပါတယ္ ။ Kagome အတြက္ အလုပ္လုပ္တဲ့ Shigernori Suzuki က“ ခရမ္းခ်ဥ္သီးေတြမွာ အဟာရဓာတ္ေတြ အမ်ားႀကီးရွိတယ္။


မင္းရဲ႕ေက်ာ္ေပၚမွာ ၁၈ ေပါင္ရွိတဲ့ ခရမ္းခ်ဥ္သီး စက္႐ုပ္နဲ႔ မင္းေျပးရင္ မင္းလြယ္လြယ္နဲ႔ သယ္ေဆာင္ႏိုင္ပါတယ္ ။ သူတို႔က အေလးခ်ိန္ရဲ႕တစ္ဝက္ေလာက္ရွိမယ့္ ခရမ္းခ်ဥ္သီးတစ္လုံးကို လႊတ္ေပးၿပီး ၉ ေပါင္ေလာက္ က်သြားတယ္။ ၎က တိုက်ိဳမာရသြန္ၿပိဳင္ပြဲမွာ စမ္းသပ္ခံေနရတယ္” လို႔ ဆိုပါတယ္ ။


ခရမ္းခ်ဥ္သီးေတြရဲ႕စိတ္ကူးက ဒီႏွစ္မွာေခတ္စားလာမယ့္ အစားအစာျဖစ္လာမလားဆိုၿပီး ကြၽန္ေတာ္ေတြးမိပါတယ္ ။ တိုက်ိဳမာရသြန္ၿပိဳင္ပြဲမွာ သူတို႔က အေျပးသမားေတြအတြက္ ခရမ္းခ်ဥ္သီး ၅၀၀၀၀ ကို စုေဆာင္းထားပါတယ္ ။ ေလ့က်င့္ခန္းလုပ္ေနစဥ္ က်န္းမာေရးနဲ႔ ညီတဲ့ အစားအစာမ်ားက ဘယ္ေလာက္အေရးႀကီးေၾကာင္း ကြၽန္ေတာ္မသိေပမဲ့ ခရမ္းခ်ဥ္သီးစားတာက အမွားမျဖစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္ထင္တယ္ ။

JRose (KB Chimmy One)

Leave a Comment