Daily News

ပေါင်(2.5)သိန်းတန်အိမ်ကို ကိုယ်တိုင်မီးရှို့ပြီး မီးလောင်မှုကို ဂစ်တာတီးရင်း ထိုင်ကြည့်ခဲ့တဲ့လူ

သမိုင်းထဲမှာ နီရိုဘုရင်ကြီးဟာ ရောမမြို့ကြီးတစ်ခုလုံး မီးလောင်နေတာကိုတောင် တယောထိုးမပျက်ခဲ့ဘူးလို့ မှတ်တမ်းရှိခဲ့ပါတယ်။ အခုလည်း အသက် 55 နှစ်အရွယ် Charles Chestnut လို့ အမည်ရတဲ့ အမျိုးသားဟာ အိမ်ကနေ နှင်ထုတ်ခံရမယ့် ခြိမ်းခြောက်မှုကို လက်ခံခဲ့ရပြီးနောက်ပိုင်း သူရဲ့ ပေါင် 250000 တန် နေအိမ်ကို ကိုယ်တိုင် မီးရှို့ခဲ့ပါတယ်။

နောက် ဂစ်တာလေး အေးအေးဆေးဆေးတီးရင်း မီးလောင်တာကို ထိုင်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ သူရဲ့ အိမ်ဟာ အိပ်
ခန်းလေးခန်းပါဝင်တဲ့ အိမ်ကြီးတစ်လုံးဖြစ်ပါတယ်။ ပြဿနာအစကတော့ Building Society အဖွဲ့နဲ့ ညှိနှိုင်းမှုမပြေမလည် ဖြစ်ခဲ့ရာက စတင်ခဲ့ပါတယ်။ အဲဒီအဖွဲ့က Charles ကို အိမ်ကနေ နှင်ထုတ်မယ့်အကြောင်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါ
တယ်။


Charles ရဲ့ အိမ်ကြီးဟာ ဝေးလ်အနောက်ပိုင်း Whitland မှာ 4.6 ဧက ကျယ်ဝန်းတဲ့ ခြံကျယ်ကြီးထဲမှာ တည်
ဆောက်ထားတာ ဖြစ်ပြီး၊ ဒီအိမ်ကြီး မီးလောင်နေတဲ့အချိန်မှာ Charles ဆိုလိုရတဲ့ သီချင်းက 10 ပုဒ်အထိ ရှိတယ်လို့ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် Charles ဟာ အပေါင်စာချုပ်ကြေးကို ပြည့်မီအောင် ပေးသွင်းနိုင်ခြင်း မရှိတဲ့အတွက် Yorkshire Building Society အဖွဲ့က ၎င်းအိမ်ကြီးကို စာချုပ်ပါသဘောတူညီချက်အရ 2014 ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ၎င်းအဖွဲ့ဟာ ဥပဒေအရ အိမ်ရှင်ဖြစ်သူ Charles ကို နှင်ထုတ်ခွင့် ရခဲ့တယ်လို့ မှတ်ယူလို့ ရပါတယ်။


ရဲအရာရှိ Tom Scrapens က ” ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေ ရောက်သွားတော့ Charles က ဂစ်တာတီး မပျက်ပါဘူး … “လို့ အတည်ပြုခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် အဆိုပါနေရာဟာ ပေါင် 40000 လောက်သာ တန်ဖိုးရှိတော့
ပြီး Swansea crown court တရားရုံးမှာ အိမ်ပိုင်ရှင် ဂစ်တာသမား Charles ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Zawgyi

သမိုင္းထဲမွာ နီ႐ိုဘုရင္ႀကီးဟာ ေရာမၿမိဳ႕ႀကီးတစ္ခုလုံး မီးေလာင္ေနတာကိုေတာင္ တေယာထိုးမပ်က္ခဲ့ဘူးလို႔ မွတ္တမ္းရွိခဲ့ပါတယ္။ အခုလည္း အသက္ 55 ႏွစ္အ႐ြယ္ Charles Chestnut လို႔ အမည္ရတဲ့ အမ်ိဳးသားဟာ အိမ္ကေန ႏွင္ထုတ္ခံရမယ့္ ၿခိမ္းေျခာက္မႈကို လက္ခံခဲ့ရၿပီးေနာက္ပိုင္း သူရဲ႕ ေပါင္ 250000 တန္ ေနအိမ္ကို ကိုယ္တိုင္ မီးရႈိ႕ခဲ့ပါတယ္။


ေနာက္ ဂစ္တာေလး ေအးေအးေဆးေဆးတီးရင္း မီးေလာင္တာကို ထိုင္ၾကည့္ခဲ့တယ္လို႔ ဆိုပါတယ္။ သူရဲ႕ အိမ္ဟာ အိပ္
ခန္းေလးခန္းပါဝင္တဲ့ အိမ္ႀကီးတစ္လုံးျဖစ္ပါတယ္။ ျပႆနာအစကေတာ့ Building Society အဖြဲ႕နဲ႔ ညႇိႏႈိင္းမႈမေျပမလည္ ျဖစ္ခဲ့ရာက စတင္ခဲ့ပါတယ္။ အဲဒီအဖြဲ႕က Charles ကို အိမ္ကေန ႏွင္ထုတ္မယ့္အေၾကာင္း ၿခိမ္းေျခာက္ခဲ့တယ္လို႔ ဆိုပါ
တယ္။

Charles ရဲ႕ အိမ္ႀကီးဟာ ေဝးလ္အေနာက္ပိုင္း Whitland မွာ 4.6 ဧက က်ယ္ဝန္းတဲ့ ၿခံက်ယ္ႀကီးထဲမွာ တည္
ေဆာက္ထားတာ ျဖစ္ၿပီး၊ ဒီအိမ္ႀကီး မီးေလာင္ေနတဲ့အခ်ိန္မွာ Charles ဆိုလိုရတဲ့ သီခ်င္းက 10 ပုဒ္အထိ ရွိတယ္လို႔ သတင္းစာေတြမွာ ေဖာ္ျပခဲ့ပါတယ္။


ဒါေပမယ့္ Charles ဟာ အေပါင္စာခ်ဳပ္ေၾကးကို ျပည့္မီေအာင္ ေပးသြင္းႏိုင္ျခင္း မရွိတဲ့အတြက္ Yorkshire Building Society အဖြဲ႕က ၎အိမ္ႀကီးကို စာခ်ဳပ္ပါသေဘာတူညီခ်က္အရ 2014 ခုႏွစ္ကတည္းက ပိုင္ဆိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္လည္း ၎အဖြဲ႕ဟာ ဥပေဒအရ အိမ္ရွင္ျဖစ္သူ Charles ကို ႏွင္ထုတ္ခြင့္ ရခဲ့တယ္လို႔ မွတ္ယူလို႔ ရပါတယ္။

ရဲအရာရွိ Tom Scrapens က ” ကြၽန္ေတာ္တို႔ ရဲတပ္ဖြဲ႕နဲ႔ မီးသတ္တပ္ဖြဲ႕ေတြ ေရာက္သြားေတာ့ Charles က ဂစ္တာတီး မပ်က္ပါဘူး … “လို႔ အတည္ျပဳခဲ့ပါတယ္။ ဒီလုပ္ရပ္ေၾကာင့္ အဆိုပါေနရာဟာ ေပါင္ 40000 ေလာက္သာ တန္ဖိုးရွိေတာ့
ၿပီး Swansea crown court တရား႐ုံးမွာ အိမ္ပိုင္ရွင္ ဂစ္တာသမား Charles ကို တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။


Leave a Comment