Wed. Oct 27th, 2021

ပျော်အောင်နေတတ်ဖို့ဆိုရင် ကိုယ့်ကိုမပျော်စေတဲ့အရာတွေကို ချန်ထားခဲ့ဖို့လိုတယ်

များသောအားဖြင့် တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်စေတဲ့အခါမှာ … ကိုယ်က အရင်ဆုံးတွေးဖြစ်တာက အဲ့ဒီဒဏ်ရာကို ကုစားဖို့အရင်ဆုံး ကြိုးစားဖြစ်ကြတယ် ထပ်ပြီးနာကျင်စေတဲ့အခါ ထပ်ပြီး ကုစားဖို့ကြိုးစားပြီး မပျော်တဲ့ရက်တွေမှာ ကိုယ့်ကို နာကျင်စေတဲ့သူကို ချန်ထားလိုက်ဖို့ဘယ်တုန်းကမှ မတွေးခဲ့ဘူးလေ

အဲ့တာကြောင့်ပဲ ကိုယ်တွေ နာကျင်နေရတာထက်ပိုပြီး နာကျင်နေရတာပါ .. ကိုယ့်အပေါ်မစာနာပဲ လုပ်လာတဲ့အခါတောင် သူကတော့ မရည်ရွယ်လောက်ပါဘူးဆိုတဲ့ကိုယ့်အတွေးနဲ့ကိုယ်ဖြေသိမ့်လိုက်ပြီး မတောင်းပန်ခင်ကတည်းက ခွင့်လွှတ်နေခဲ့ပြီးသားဖြစ်နေခဲ့တာလေ ။

အမြင့်ကို ပျံချင်တဲ့သူက နောက်ကဆွဲထားတဲ့အရာတွေကို မျက်ကွယ်ပြုနိုင်ဖို့အရေးကြီးသလို ကိုယ့်ကို ပျော်အောင်နေတတ်လာဖို့ဆိုရင် ကိုယ့်ကို မပျော်စေတဲ့လူတွေကို ချန်ထားခဲ့ဖို့လိုတယ် အရင်ဆုံးက သတ္တိပေ့ါ သူမရှိရင် အဆင်ပြေပါ့မလားဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ်ညာနေတာကို တော်လိုက်ပါတော့

သူမရှိလဲ ကိုယ်ပျော်အောင်နေတတ်ရမယ်ဆိုတဲ့ အတွေးလေးတွေးတတ်လာဖို့လိုပါပြီ … သူ့ကြောင့်ငိုခဲ့ရတဲ့ ရက်တွေကို စာနာနားလည်စေချင်လို့ပဲမရတော့ဘူး ကိုယ်တကယ်မပျော်တော့ဘူးဆိုတဲ့အခါမှာ …ကိုယ့်ကို မပျော်စေတဲ့သူကို ချန်ထားရဲတဲ့သတ္တိလေးတွေ လိုပါတယ်

 

ေပ်ာ္ေအာင္ေနတတ္ဖို့ဆိုရင္ ကိုယ့္ကိုမေပ်ာ္ေစတဲ့အရာေတြကို ခ်န္ထားခဲ့ဖုိ့လုိတယ္

မ်ားေသာအားျဖင့္ တစ္စံုတစ္ေယာက္က ကိုယ့္ကို နာက်င္ေစတဲ့အခါမွာ … ကိုယ္က အရင္ဆံုးေတြးျဖစ္တာက အဲ့ဒီဒဏ္ရာကို ကုစားဖုိ႔အရင္ဆံုး ၾကိဳးစားျဖစ္ၾကတယ္ ထပ္ျပီးနာက်င္ေစတဲ့အခါ ထပ္ျပီး ကုစားဖုိ့ၾကိဳးစားျပီး မေပ်ာ္တဲ့ရက္ေတြမွာ ကိုယ့္ကို နာက်င္ေစတဲ့သူကို ခ်န္ထားလုိက္ဖို့ဘယ္တုန္းကမွ မေတြးခဲ့ဘူးေလ

အဲ့တာေၾကာင့္ပဲ ကိုယ္ေတြ နာက်င္ေနရတာထက္ပိုျပီး နာက်င္ေနရတာပါ .. ကိုယ့္အေပၚမစာနာပဲ လုပ္လာတဲ့အခါေတာင္ သူကေတာ့ မရည္ရြယ္ေလာက္ပါဘူးဆုိတဲ့ကုိယ့္အေတြးနဲ႕ကိုယ္ေျဖသိမ့္လိုက္ျပီး မေတာင္းပန္ခင္ကတည္းက ခြင့္လႊတ္ေနခဲ့ျပီးသားျဖစ္ေနခဲ့တာေလ ။

အျမင့္ကို ပ်ံခ်င္တဲ့သူက ေနာက္ကဆြဲထားတဲ့အရာေတြကို မ်က္ကြယ္ျပဳနုိင္ဖို့အေရးၾကီးသလုိ ကိုယ့္ကို ေပ်ာ္ေအာင္ေနတတ္လာဖို့ဆုိရင္ ကိုယ့္ကို မေပ်ာ္ေစတဲ့လူေတြကို ခ်န္ထားခဲ့ဖုိ့လုိတယ္ အရင္ဆံုးက သတၱိေပ့ါ သူမရွိရင္ အဆင္ေျပပါ့မလားဆုိတဲ့စိတ္နဲ႕ ကိုယ့္ကိုကိုယ္ညာေနတာကို ေတာ္လိုက္ပါေတာ့

သူမရွိလဲ ကုိယ္ေပ်ာ္ေအာင္ေနတတ္ရမယ္ဆိုတဲ့ အေတြးေလးေတြးတတ္လာဖို့လုိပါျပီ … သူ ့ေၾကာင့္ငိုခဲ့ရတဲ့ ရက္ေတြကို စာနာနားလည္ေစခ်င္လို႕ပဲမရေတာ့ဘူး ကိုယ္တကယ္မေပ်ာ္ေတာ့ဘူးဆိုတဲ့အခါမွာ …ကိုယ့္ကို မေပ်ာ္ေစတဲ့သူကို ခ်န္ထားရဲတဲ့သတၱိေလးေတြ လုိပါတယ္

 

Leave a Reply

Your email address will not be published. Required fields are marked *