Love

ကိုယ်တစ်ယောက်တည်း နေတတ်အောင်နေပါမယ် ရှင် ပြန်မလာပါနဲ့တော့

ပြန်မလာပါနဲ့တော့ …

 

တချို့က … အနီးနားမှာနေတုန်းကလဲ ဒဏ်ရာတွေပေးတယ် … ပြီးတော့မှ မနေချင်လို့ပါဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ်ဆွဲထားတဲ့လက်တွေက လွှတ်အောင် အတင်းရုန်းတယ် ။ ဝေးသွားတုန်းကလဲ ကျွန်မမှာ အသည်းတွေနာပြီး ငိုခဲ့ရဖူးတယ် ။ ခုမှ ပြန်လာချင်လို့ပါတဲ့ ။

သူသတ်ခဲ့တဲ့ သူကို သေမသေ ပြန်ကြည့်ချင်ရုံပဲ ဖြစ်မှာပါ …ဒါမှမဟုတ် ကိုယ် ငိုနေတဲ့ရက်တွေ မမြင်ရတာကြာလို့ ပြန်ပြီး ငိုစေချင်ခဲ့တာပဲ နေမှာပါ ။ ပြန်လာပါရစေဆိုတဲ့ စကားတွေနောက်မှာ တောင်းပန်ပါတယ်ဆိုတဲ့စကားတွေပါတယ် ။ နောက်ထပ်အမှန်တရားတစ်ခုက လက်ရှိသူတွဲနေတဲ့ ကောင်မလေးနဲ့ ပြတ်သွားတာကြောင့်လဲ ပါတယ် ။

နောက်မဖြစ်စေရပါဘူးဆိုပြီး အယုံသွင်းလိမ့်မယ် ။ ပြီးရင် အရင်လိုပဲ ပြန်ပြီး နာကျင်စေလိမ့်မယ် တစ်စုံတစ်ယောက်က ကိုယ့်အနားမှာ မပျော်လို့ထွက်သွားပြီးမှ ပြန်လာချင်ပါတယ်ပြောလို့ တွေဝေနေပါတယ်ဆိုရင် … မတွေဝေပါနဲ့ တစ်ခုပဲ ဖြေလိုက်ပါ ပြန်မလာပါနဲ့တော့ လို့ …

ခွဲခွါခြင်းတွေမှာ သူက ပြုံးလို့ ကိုယ်က ငိုခဲ့ရတယ် မှတ်မိသေးတယ်မလား ပြန်လာမလားဆိုပြီး ရက်တွေတော်တော်ကြာစောင့်ခဲ့ဖူးသေးတယ် ။ အဲ့ဒီနာကျင်မှုတွေက ခုမှ အသားကျကာစ သက်သာကာစပဲ ရှိသေးတာပါ ။ နောက်ထပ် ဝေဒနာတွေကို လက်ခံဖို့ သတ္တိတွေတော့ မရှိသေးဘူး ။

ကျွန်မလဲ တောင်းပန်ပါတယ် … ​ပြောင်းလဲလာမယ်ဆိုရင်တော့ ရှင့်ရဲ့ နောက်ချစ်သူအတွက်တော့ အဆင်ပြေတာပေါ့ ကျွန်မအတွက်တော့ ရှင်ဆိုတာမလိုအပ်တော့ဘူး မလိုချင်တော့ဘူး ကိုယ်တစ်ယောက်တည်း နေတတ်အောင်နေဖို့ပဲ ကြိုးစားချင်တော့တယ် ။ ရှင်ပြန်မလာပါနဲ့တော့ ။

 

 

Leave a Comment