Love

မိုးတွေရယ် အတွေးတွေရယ် ပြီးတော့ အလွမ်းတွေရယ် ….

မိုးတွေရယ် အတွေးတွေရယ် ပြီးတော့ အလွမ်းတွေရယ် ….

ကောင်းကင်ကို မော့ကြည့်တော့ ရင်ထဲကလိုပဲ မှိုင်းလို့ မည်းလို့မသာယာလှဘူး စိတ်ထဲမှာလဲ မှိုင်းလို့ မည်းလို့သိပ်ပြီး မပျော်လှဘူး … ပတ်ဝန်းကျင်ကို ငေးကြည့်တော့လဲ အရာရာဟာ တိတ်ဆိတ်ပြီး ငြီးငွေ့နေသလို ဒါမှမဟုတ် ပျင်းရိနေသလို ဒီနေ့ဟာ သိပ်တော့ မတက်ကြွခဲ့ဘူး … ပြီးတော့ တဖျောက်ဖျောက်နဲ့ မိုးလေးတွေ ကျတယ် …

အဲ့ဒီ မိုးသံတွေနဲ့အတူ မေ့ထားတာ အတော်ကြာပြီဖြစ်တဲ့ အတွေးတွေဟာလဲ တဖြေးဖြေးခေါင်းထဲ ပေါ်လာခဲ့တယ် မိုးတွေရွာရင် ဘာကြောင့်များ အတွေးတွေက ထိန်းမရတာလဲ ဘာကြောင့် လူက ဆွေးရတာလဲ အဖြေမသိခဲ့ပေမယ့် ဒီနေ့ မိုးတွေရွာတော့ မနည်းမေ့ထားတဲ့ သူ့အကြောင်းတွေကို တွေးဖြစ်တယ် ပြီးတော့ လွမ်းဖြစ်တယ် ။

သူဆိုတာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ချစ်ခဲ့ရတဲ့သူလေ နောက်တစ်ခုထပ်ပြီး ဝန်ခံရရင် ဒီနေ့ဒီအချိန်ထိလဲ ချစ်နေသေးတယ် ဒါပေမယ့် အရင်တုန်းကတော့ သူနဲ့ ဆိုင်ခဲ့ဖူးတယ် ခုတော့ ဆိုင်လဲမဆိုင်တော့ပါဘူး တချိန်တုန်းက တွေ့ခဲ့ဖူးတယ်ဆိုတာလောက်ပဲ ပြောလို့ရတော့မယ် သူစိမ်းတစ်ယောက်ပါ ဒါပေမယ့် မဆိုင်တဲ့သူကို ရွာနေတဲ့မိုးတွေ အကြောင်းပြပြီး ဒီနေ့တော့ လွမ်းဖြစ်သေးတယ် …

ဒီအချိန် ဘာလုပ်နေမလဲဆိုတဲ့ အတွေးနဲ့ အဆင်ပြေနေမှာပါဆိုပြီး ဖြေလိုက်တဲ့ အတွေးတွေနောက်မှာ သက်ပြင်းတစ်ချက် ချမိတယ် … ဘယ်သူနဲ့ ရှိနေမလဲဆိုပြီးတောင် မဆိုင်ပဲ တွေးဖြစ်သွားသေးတယ် ပြတင်းပေါက်နားကပ် ရွာနေတဲ့မိုးကို အနီးကပ်လေး ခံစားကြည့်ရင် မထိတထိ လာထိတဲ့ မိုးရေတွေနဲ့ အတူ ငိုမိသေးတယ် ..

မိုးတွေ ညိုနေရင် ကော်ဖီလေးတစ်ခွက် စာအုပ်လေးတစ်ဖက်နဲ့ပဲ ဘာမှ မတွေးနဲ့ပဲ ရင့်ကျက်ချင်တယ် … ဒီနေ့တော့ မိုးတွေရယ် အတွေးတွေရယ် နဲ့ သူ့ကို လွမ်းဖြစ်ခဲ့သေးတယ် ။

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

မိုးေတြရယ္ အေတြးေတြရယ္ ျပီးေတာ့ အလြမ္းေတြရယ္ ….

ေကာင္းကင္ကုိ ေမာ့ၾကည့္ေတာ့ ရင္ထဲကလုိပဲ မိႈင္းလုိ့ မည္းလို ့မသာယာလွဘူး စိတ္ထဲမွာလဲ မႈိင္းလုိ့ မည္းလုိ ့သိပ္ျပီး မေပ်ာ္လွဘူး … ပတ္၀န္းက်င္ကို ေငးၾကည့္ေတာ့လဲ အရာရာဟာ တိတ္္ဆိတ္ျပီး ျငီးေငြ့ေနသလုိ ဒါမွမဟုတ္ ပ်င္းရိေနသလုိ ဒီေန့ဟာ သိပ္ေတာ့ မတက္ၾကြခဲ့ဘူး … ျပီးေတာ့ တေဖ်ာက္ေဖ်ာက္နဲ႔ မုိးေလးေတြ က်တယ္ …

အဲ့ဒီ မိုးသံေတြနဲ႔အတူ ေမ့ထားတာ အေတာ္ၾကာျပီျဖစ္တဲ့ အေတြးေတြဟာလဲ တေျဖးေျဖးေခါင္းထဲ ေပၚလာခဲ့တယ္ မိုးေတြရြာရင္ ဘာေၾကာင့္မ်ား အေတြးေတြက ထိန္းမရတာလဲ ဘာေၾကာင့္ လူက ေဆြးရတာလဲ အေျဖမသိခဲ့ေပမယ့္ ဒီေန့ မိုုးေတြရြာေတာ့ မနည္းေမ့ထားတဲ့ သူ့အေၾကာင္းေတြကို ေတြးျဖစ္တယ္ ျပီးေတာ့ လြမ္းျဖစ္တယ္ ။

သူဆုိတာ လြန္ခဲ့တဲ့ နွစ္ေတြကတည္းက ခ်စ္ခဲ့ရတဲ့သူေလ ေနာက္တစ္ခုထပ္ျပီး ၀န္ခံရရင္ ဒီေန့ဒီအခ်ိန္ထိလဲ ခ်စ္ေနေသးတယ္ ဒါေပမယ့္ အရင္တုန္းကေတာ့ သူနဲ႔ ဆုိင္ခဲ့ဖူးတယ္ ခုေတာ့ ဆိုင္လဲမဆိုင္ေတာ့ပါဘူး တခ်ိန္တုန္းက ေတြ့ခဲ့ဖူးတယ္ဆိုတာေလာက္ပဲ ေျပာလုိ့ရေတာ့မယ္ သူစိမ္းတစ္ေယာက္ပါ ဒါေပမယ့္ မဆိုင္တဲ့သူကုိ ရြာေနတဲ့မိုးေတြ အေၾကာင္းျပျပီး ဒီေန့ေတာ့ လြမ္းျဖစ္ေသးတယ္ …

ဒီအခ်ိန္ ဘာလုပ္ေနမလဲဆိုတဲ့ အေတြးနဲ႔ အဆင္ေျပေနမွာပါဆိုုျပီး ေျဖလုိက္တဲ့ အေတြးေတြေနာက္မွာ သက္ျပင္းတစ္ခ်က္ ခ်မိတယ္္ … ဘယ္သူနဲ႔ ရွိေနမလဲဆိုျပီးေတာင္ မဆိုင္ပဲ ေတြးျဖစ္သြားေသးတယ္ ျပတင္းေပါက္နားကပ္ ရြာေနတဲ့မုိးကို အနီးကပ္ေလး ခံစားၾကည့္ရင္ မထိတထိ လာထိတဲ့ မိုးေရေတြနဲ႔ အတူ ငိုမိေသးတယ္ ..

မိုးေတြ ညိဳေနရင္ ေကာ္ဖီိေလးတစ္ခြက္ စာအုပ္ေလးတစ္ဖက္နဲ႔ပဲ ဘာမွ မေတြးနဲ႔ပဲ ရင့္က်က္ခ်င္တယ္ … ဒီေန့ေတာ့ မုိးေတြရယ္ အေတြးေတြရယ္ နဲ႔ သူ့ကို လြမ္းျဖစ္ခဲ့ေသးတယ္ ။

 

 

Leave a Comment