Love

ခဏအလည်လာတဲ့သူကို တစ်ဘစာတွယ်တာမိသူက အသည်းတွေကွဲရတယ် …

ခဏအလည်လာတဲ့သူကို တစ်ဘစာတွယ်တာမိသူက အသည်းတွေကွဲရတယ်

ကြင်နာလို့ပါဆိုပြီး ခေါက်တဲ့လက်ကို သံသယကင်းကင်းနဲ့ ဘ၀ထဲ ၀င်ခွင့်ပြုခဲ့မိတယ် … ခဏအလည်လာခဲ့တယ်ဆိုတာမှန်း တကယ်မသိခဲ့ရိုးအမှန်ပါ ။ အနာဂတ်တွေမှာဆိုပြီး သူနဲ့အတူတူဆိုတဲ့ အိပ်မက်တွေ မက်တယ် ။ ကျွန်မ မျှော်လင့်ခဲ့မိတာပေါ့ ။

နားလည်ပါတယ်ဆိုပြီး … အထီးကျန်နေတဲ့ကျွန်မအနားကို သူရောက်လာခဲ့ခြင်းဟာ လောကကြီးကပေးလိုက်တဲ့လက်ဆောင်လို့ အစက တကယ်ကြီးထင်မှတ်ခဲ့မိတာ ။ ပြီးတော့မှ လောကကြီးက ဒဏ်ခတ်လိုက်မှန်း တဖြေးဖြေးချင်းနားလည်သဘောပေါက်လာခဲ့တယ် ။

မခေါ်ပဲ ၀င်လာတဲ့သူဟာ မနှင်ပဲလဲ ပြန်ချင်လာပြီလေ ။ ခဏတဖြုတ်အဖြစ်နဲ့ပဲ သူ ရည်ရွယ်ခဲ့တဲ့ ကိုယ်ဆီမှာ ထာ၀ရဆိုတဲ့ မုသားတွေဟာ တဖြေးဖြေး ဖုံးဖိမရပဲ ပေါ်လာခဲ့ပြီ ။ ပြန်မယ်ဆို ပြန်ပါ … ထွက်သွားမယ်ဆို ထွက်သွားပါ … ကျွန်မ မာနတွေချပြီး တားကြည့်ခဲ့ပေမယ့်လဲ ကိုယ့်အနားမှာ မပျော်မှန်းသိတဲ့သူကို ဆက်ပြီးဆွဲထားဖို့ အားအင်တွေတော့ မရှိခဲ့ဘူး ။

သူတော့ တကယ်ချစ်မှာပါ အထင်နဲ့ ခဏအလည်လာတဲ့သူကို တစ်ဘ၀စာတွေအထိ တွယ်တာမိတဲ့သူမှ အနာဂတ်တွေ ပြိုလဲရတယ် ။ ပြီးတော့ အသည်းတွေ ကွဲရတယ် ။

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

ခဏအလည္လာတဲ့သူကို တစ္ဘစာတြယ္တာမိသူက အသည္းေတြကြဲရတယ္ …

ၾကင္နာလို႔ပါဆိုၿပီး ေခါက္တဲ့လက္ကို သံသယကင္းကင္းနဲ႔ ဘ၀ထဲ ၀င္ခြင့္ျပဳခဲ့မိတယ္ … ခဏအလည္လာခဲ့တယ္ဆိုတာမွန္း တကယ္မသိခဲ့႐ိုးအမွန္ပါ ။ အနာဂတ္ေတြမွာဆိုၿပီး သူနဲ႔အတူတူဆိုတဲ့ အိပ္မက္ေတြ မက္တယ္ ။ ကြၽန္မ ေမွ်ာ္လင့္ခဲ့မိတာေပါ့ ။

နားလည္ပါတယ္ဆိုၿပီး … အထီးက်န္ေနတဲ့ကြၽန္မအနားကို သူေရာက္လာခဲ့ျခင္းဟာ ေလာကႀကီးကေပးလိုက္တဲ့လက္ေဆာင္လို႔ အစက တကယ္ႀကီးထင္မွတ္ခဲ့မိတာ ။ ၿပီးေတာ့မွ ေလာကႀကီးက ဒဏ္ခတ္လိုက္မွန္း တေျဖးေျဖးခ်င္းနားလည္သေဘာေပါက္လာခဲ့တယ္ ။

မေခၚပဲ ၀င္လာတဲ့သူဟာ မႏွင္ပဲလဲ ျပန္ခ်င္လာၿပီေလ ။ ခဏတျဖဳတ္အျဖစ္နဲ႔ပဲ သူ ရည္႐ြယ္ခဲ့တဲ့ ကိုယ္ဆီမွာ ထာ၀ရဆိုတဲ့ မုသားေတြဟာ တေျဖးေျဖး ဖုံးဖိမရပဲ ေပၚလာခဲ့ၿပီ ။ ျပန္မယ္ဆို ျပန္ပါ … ထြက္သြားမယ္ဆို ထြက္သြားပါ … ကြၽန္မ မာနေတြခ်ၿပီး တားၾကည့္ခဲ့ေပမယ့္လဲ ကိုယ့္အနားမွာ မေပ်ာ္မွန္းသိတဲ့သူကို ဆက္ၿပီးဆြဲထားဖို႔ အားအင္ေတြေတာ့ မရွိခဲ့ဘူး ။

သူေတာ့ တကယ္ခ်စ္မွာပါ အထင္နဲ႔ ခဏအလည္လာတဲ့သူကို တစ္ဘ၀စာေတြအထိ တြယ္တာမိတဲ့သူမွ အနာဂတ္ေတြ ၿပိဳလဲရတယ္ ။ ၿပီးေတာ့ အသည္းေတြ ကြဲရတယ္ ။

 

 

 

 

Leave a Comment