Love

နှစ်တွေကြာလာတာနဲ့ အချစ်တွေတိုးလာမယ်လို့ မထင်ပါနဲ့ ဒဏ်ရာတွေပဲ တိုးလာခဲ့တာပါ

နှစ်တွေကြာလာတာနဲ့ အချစ်တွေတိုးလာမယ်လို့ မထင်ပါနဲ့ ဒဏ်ရာတွေပဲ တိုးလာခဲ့တာပါ

လူတွေပြောကြတယ် ၅နှစ်၆နှစ် ဘယ်လိုတွေချစ်ကြသလဲတဲ့ လွယ်ကူခဲ့တာတော့ မဟုတ်ဘူးပေါ့ သေချာပေါက်ကို ခက်ခဲခဲ့တာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောပဲ ရက်တွေအများကြီးလဲ ဖြတ်ကျော်ခဲ့ဖူးတယ် ကြည်နူးရတဲ့ရက်တွေရှိခဲ့သလို နာနာကျင်ကျင်နဲ့ အိပ်ရတဲ့ညတွေဟာလဲ အများကြီးပါပဲ ။

ဒါပေမယ့်ပေါ့လေ … နှစ်တွေကြာလာရုံနဲ့ အချစ်တွေတိုးလာလိမ့်မယ်လို့တော့ မထင်စေချင်ဘူး နှစ်တွေကြာမှ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးမချစ်နိုင်တော့တာတွေဟာလဲ အများကြီးပဲလေ စချစ်ခဲ့တဲ့ နှစ်တွေအစမှာ တစ်ယောက်နဲ့တစ်ယောက် ဖုန်းတွေအကြာကြီးပြောဖြစ်တယ် တစ်နာရီလား နှစ်နာရီလား မသဲကွဲဘူး အချိန်တွေဟာလဲ တိကျလို့ပေါ့

တဖြေးဖြေး နှစ်တွေရလာတော့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောတဲ့အချိန်ဟာ ငါးမိနစ် ၁၅မိနစ်ဆိုတာ အလွန်ဆုံးပဲ တစ်ခါတစ်လေ ရန်ဖြစ်တဲ့အခါမှသာ အချိန်တွေ ပိုကြာတတ်တာလေ ။ ချစ်လား ချစ်တယ်ပြောတာတွေဟာ မေးမိတဲ့ကိုယ်က အပိုလုပ်တယ် ဖြစ်သွားတယ် လွမ်းတဲ့လို့ပြောမိတဲ့ကိုယ့်ကိုလဲ သူက အပြစ်တင်တယ် ဒီလိုပါပဲ အရင်လိုပဲ မပြောင်းမလဲနဲ့ ချစ်ချင်ခဲ့တာပါ

နားလည်မှုနဲ့ပဲ ရှေ့ဆက်နေရတယ်လို့ ပြောရင်ပိုပြီး မှန်မယ်ထင်ပါတယ် ကြင်နာတာ ယုယတာတွေ မရှိသလောက်ကို ရှားသွားခဲ့ပြီ နေကောင်းလား ကောင်းတယ် စားပြီးပြီလား စားပြီးပြီ ဒီလောက်ပဲ ရှေ့ဆက်နေတဲ့ နားလည်မှုက ကိုယ့်ဘက်ကချည်းပဲ ပေးနေရတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး ပင်ပန်းနေမိတယ် ။

ကျေးဇူးပြုပြီးတော့ ယုံပါ … အပေါ်ယံကြည့်ပြီးတော့ ဘယ်အရာကိုမှ မဆုံးဖြတ်ပါနဲ့ နှစ်တွေကြာလာရုံနဲ့လဲ ပိုပြီးချစ်လာလိမ့်မယ်လို့မထင်ပါနဲ့ အရင်ကလို ဘယ်အချိန်မဆို ဖုန်းတွေ ခေါ်လို့မရတော့ဘူး အရင်ကလို GoodNight လို့ပြောပြီးမှ ညတွေ မအိပ်ဖြစ်တော့ဘူး တချို့ညတွေမှာ မျက်ရည်တွေနဲ့ အထီးကျန်ကျန် ဖြတ်သန်းရတယ်

တချို့အတွဲတွေကို ကြည့်ပြီး စချစ်တဲ့နှစ်တွေရဲ့အစကို ပြန်တမ်းတတယ် ဒီအချိန်မှတော့ အရင်လို ပြန်ဖြစ်မလာတော့ဘူးလေ .. တချို့တွေ ကြည်နူးနေရင် ကိုယ်လဲ ပျော်ချင်မိတယ် ကလေးကုလားတွေပါကွာ တဲ့ အင်းပါ ….

အရင်လို ပြန်ချစ်လာမယ်အထင်နဲ့ တချိန်လုံးစွဲထားခဲ့မိတယ် တကယ်တမ်းကျတော့ ပြန်ရလာတာ ဒဏ်ရာတွေပါပဲ အရင်အချိန်တွေကို ပြန်လွမ်းနေမိတဲ့ ငါပဲ ရူးနေတာပါ ။









သျှင်ယွန်း

 

Leave a Comment