Love

အမေအိုနေပါပြီ … ဒါပေမယ့် မေတ္တာတွေတော့ အရင်လို နုပျိုနေဆဲပဲ …

အမေအရင်လိုမဟုတ်တော့ဘူး … တဖြေးဖြေး ပါးရေတွေ မသိမသာ တွန့်လာပြီဖြစ်သလို ဆံပင်ဖြူလေးလေတွေလဲ တဖြေးဖြေး တွေ့လာရတယ် စကားတွေအများကြီးကို တစ်ထိုင်တည်း မပြောနိုင်တော့သလို စကားအများကြီးပြောရင်ရင် မသိမသာလေး မောမောနေတတ်ပြီ …

လမ်းတွေလဲ အရင်လိုသိပ်မလျှောက်နိုင်တော့ဘူး .. အမေအိုလာပြီတဲ့ … ဒါပေမယ့် သားသမီးအပေါ်ထားတဲ့ မေတ္တာတွေကတော့ ဒီနေ့ ဒီအချိန်ထိ နုပျိုနေတုန်းပဲ .. တစ်ခုခုစားချင်တဲ့အခါတောင် သမီးအဆင်ပြေမှသာ ဝယ်ခဲ့နော်ဆိုတဲ့ စကားလေးပဲသုံးတယ် သူ့ကြောင့် သူ့သမီးကို ခက်ခဲသွားမှာ မလိုချင်ဘူးလေ ..

တစ်နေရာရာသွားတော့မယ်ဆိုရင် … တဖွဖွမှာတတ်တာ အရင်လိုပါပဲ ဘာမစားရဘူးနော် နေပူရင် ဘာမလုပ်ရဘူးနော် .. အမေအသက်တွေကြီးလာရုံပါ … အမေ့မေတ္တာတွေကတော့ အရင်လို လတ်ဆတ်နေတုန်းပဲ …

ဘာပဲဖြစ်ဖြစ် အမေရှိနေတယ်နော်ဆိုတဲ့ စကားလေးကတော့ ကျွန်အတွက် အနွေးထွေးဆုံးပဲ ဘယ်အရပ်ပဲ ရောက်ရောက် အမေ့ကို မမေ့နဲ့လို့ မမှာဘူး အဆင်ပြေအောင်နေဖို့အရင်ဆုံးမှာတယ် အဆင်မပြေရင် အမေ့အိမ်ပြန်လာဖို့ အမြဲမှာတယ် …

အမေ အိုနေပြီတဲ့ … အမေ့မေတ္တာတွေကတော့ အရင်လို လတ်ဆတ်နေတုန်းပါပဲ …

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

အေမအိုေနပါျပီ … ဒါေပမယ့္ ေမတၱာေတြေတာ့ အရင္လုိ နုပ်ိဳေနဆဲပဲ …

အေမအရင္လိုမဟုတ္ေတာ့ဘူး … တေျဖးေျဖး ပါးေရေတြ မသိမသာ တြန့္လာျပီျဖစ္သလို ဆံပင္ျဖဴေလးေလေတြလဲ တေျဖးေျဖး ေတြ့လာရတယ္ စကားေတြအမ်ားၾကီးကို တစ္ထိုင္တည္း မေျပာနိုင္ေတာ့သလုိ စကားအမ်ားၾကီးေျပာရင္ရင္ မသိမသာေလး ေမာေမာေနတတ္ျပီ …

လမ္းေတြလဲ အရင္လိုသိပ္မေလွ်ာက္နုိင္ေတာ့ဘူး .. အေမအိုလာျပီတဲ့ … ဒါေပမယ့္ သားသမီးအေပၚထားတဲ့ ေမတၱာေတြကေတာ့ ဒီေန့ ဒီအခ်ိန္ထိ နုပ်ိဳေနတုန္္းပဲ .. တစ္ခုခုစားခ်င္တဲ့အခါေတာင္ သမီးအဆင္ေျပမွသာ ၀ယ္ခဲ့ေနာ္ဆိုတဲ့ စကားေလးပဲသံုးတယ္ သူ့ေၾကာင့္ သူ့သမီးကို ခက္ခဲသြားမွာ မလုိခ်င္ဘူးေလ ..

တစ္ေနရာရာသြားေတာ့မယ္ဆုိရင္ … တဖြဖြမွာတတ္တာ အရင္လိုပါပဲ ဘာမစားရဘူးေနာ္ ေနပူရင္ ဘာမလုပ္ရဘူးေနာ္ .. အေမအသက္ေတြၾကီးလာရံုပါ … အေမ့ေမတၱာေတြကေတာ့ အရင္လို လတ္ဆတ္ေနတုန္းပဲ …

ဘာပဲျဖစ္ျဖစ္ အေမရွိေနတယ္ေနာ္ဆိုတဲ့ စကားေလးကေတာ့ ကြ်န္အတြက္ အေႏြးေထြးဆံုးပဲ ဘယ္အရပ္ပဲ ေရာက္ေရာက္ အေမ့ကို မေမ့နဲ႕လုိ့ မမွာဘူး အဆင္ေျပေအာင္ေနဖို့အရင္ဆံုးမွာတယ္ အဆင္မေျပရင္ အေမ့အိမ္ျပန္လာဖို့ အျမဲမွာတယ္ …

အေမ အိုေနျပီတဲ့ … အေမ့ေမတၱာေတြကေတာ့ အရင္လို လတ္ဆတ္ေနတုန္းပါပဲ …

 

 

Leave a Comment