Uncategorized












Rain (For Ialinks)

Unicode

ထူးခြားသည့် မျက်နှာနှင့် ဝေဖန်တိုက်ခိုက်မှုကြားက ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့သော အမျိုးသား

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နေထိုင်သော Pham Duc Chiအမည်ရှိ အသက် ၂၆နှစ်အရွယ် ကောင်လေးသည် မွေးရာပါ အားနည်းချက်ဖြစ်သည့် ပါးရိုးမဲ့စွာ မွေးဖွားလာခဲ့ပြီး မျက်လုံးနှင့် နှုတ်ခမ်းတို့မှာ ထူးခြားနေခဲ့သည်။


ကောင်လေးသည် စာဖတ်ရခြင်းကို အလွန်ဝါသနာပါပြီး အတန်းထဲတွင် စာမေးပွဲဖြေဆိုရာ၌ အမြဲ အဆင့်၂ရရှိကာ စာတော်ပြီး လိမ်မာရေးခြားရှိသည့် ကလေးတစ်ယောက်ဖြစ်ခဲ့သည်။


သို့သော်လည်း ကောင်လေးသည် ရုပ်ရည်သွင်ပြင်ကြောင့် ကစားဖော် ကစားဖက်သူငယ်ချင်းမရှိခဲ့သည့်အပြင် ကဲ့ရဲ့လှောင်ပြောင်ခြင်းကိုသာ ခံခဲ့ရသည်။


ကောင်လေးသည် ကံကောင်းစွာဖြင့် စိတ်အားငယ်ပြီး စိတ်ဓာတ်ကျချိန်တိုင်း မိသားစုဆီမှ အားပေးစကားများစွာ လက်ခံရရှိခြင်းဖြင့် လိုရာပန်းတိုင်သို့ ရောက်အောင်သာ ကြိုးစားအားထုတ်ခဲ့သည်။


ယခုအခါ ကောင်လေးသည် မည်သူကမှ အထင်မသေးရဲတော့ပဲ အများဧ။်ယုံကြည်အားကိုးရသော ဆရာဝန်ကောင်းတစ်ယောက်အဖြစ် ရပ်တည်လျက်ရှိသည်။

Rain (For Ialinks)

Leave a Comment