Wed. Oct 27th, 2021

အင်္ဂလန်နိုင်ငံ၊ Dorset ပြည်နယ် Poole မြို့မှာ ဧရာမ ကြွက်ကြီးတွေ တွေ့ရှိခဲ့ပြီးနောက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ကြွက်သုတ်သင်ရေးသမား Terry Walker ရဲ့ အဆိုအရ ယခုတွေ့ရှိခဲ့တဲ့ ကြွက်ကြီးတွေဟာ သူရဲ့ လုပ်သက် 20 အတွင်းမှာ အရွယ်အစား အကြီးမားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကြွက်တစ်ကောင်ကို တိုင်းတွာကြည့်တဲ့အခါ ခေါင်းကနေ အမြှီးအထိ၊ 19 လက်မရှည်ပြီး၊ ဒီအရွယ်အစားဟာ ပျမ်းမျှ
ကြောင်တစ်ကောင်ရဲ့ အရွယ်အစားထက် ကြီးမားနေတဲ့ ဖော်ပြချက်တစ်ခု ဖြစ်နေပါတယ်။ Poole ဒေသခံတွေဟာ ကြွက်တွေဆီကနေ တစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို ကြောက်လန့်နေကြပါတယ်။


Terry ဟာ မီလျှံနာများ လာရောက်ကစားလေးရှိတဲ့ Sandbanks ကစားကွင်းအနီးမှာ အဆိုပါ ကြွက်ကြီးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး၊ အဲဒီနေရာဟာ စပါးအသင်းမန်နေဂျာဟောင်း ဟယ်ရီရက်နပ်နဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာ တည်ရှိနေတယ်လို့ သိရပါတယ်။

ကျွမ်းကျင်သူတွေကလည်း ဒီအရွယ်အစားပမာဏ ရှိတဲ့ ကြွက်တွေဟာ သစ်သားနဲ့၊ အိမ်သုံးပစ္စည်းတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေမှာဖြစ်ပြီး၊ လျှပ်စစ်ဝါယာကြိုးတွေကိုလည်း ကိုက်ဖြတ်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ယခုနှစ် ဆောင်းရာသီကုန်လျှင် UK အနှံ့အပြားမှာ ကြွက်ကောင်ရေ သန်း 200 အထိ ရှိနိုင်ပြီး၊ ဒီအထဲမှာ သုံးကောင်လျှင် တစ်ကောင်နှုန်းဟာ ကြောင်ထက်ကြီးတဲ့ ဧရာမ ကြွက်ကြီးတွေ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။


UK တစ်လွှားမှာ ကြွက်ပျံ့ပွားမှုနှုန်းဟာ 2013 ခုနှစ်မှာ သန်း 80 အထိ ရှိခဲ့ပြီး ယခုနှစ်မှာ သန်း 200 အထိ ရှိမယ်လို့ ဆိုပါတယ်။ လက်ရှိ တွေ့ရှိချက်များအရ UK ရဲ့ ပြည်နယ် 17 ခုမှာ ဒီလို ဧရာမကြွက်တွေ တွေ့နေရပြီး၊ ဒေသခံတွေ ကျန်းမာ
ရေးနဲ့ ကလေးငယ်တွေ အသက်အန္တရာယ်ဟာ စိုးရိမ်ဖွယ် အနေအထား ဖြစ်နေပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဒီ ကြီးမားတဲ့ ကြွက်ကြီးတွေကို ဖြစ်စေတာကတော့ အာလူစိုက်ခင်းတွေကြောင့် ဖြစ်ပြီး၊ အာလူးဟာ ကြွက်တွေကို အရွယ်အစား အလွန်ကြီးမားစေတယ်လို့ ဆိုပါတယ်။ ကြွက်တွေဟာ အညစ်အကြေးနဲ့ စွန့်ပစ်အစားအစာမှန်သမျှကိုလည်း စားသောက်တဲ့ သတ္တဝါတွေဖြစ်ပြီး၊ ရောဂါပိုးမွှားပေါင်းစုံကိုလည်း အချိန်တိုအတွင်း ပျံ့နှံ့စေနိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။


Zawgyi

အဂၤလန္ႏိုင္ငံ၊ Dorset ျပည္နယ္ Poole ၿမိဳ႕မွာ ဧရာမ ႂကြက္ႀကီးေတြ ေတြ႕ရွိခဲ့ၿပီးေနာက္ စိုးရိမ္ပူပန္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။ ႂကြက္သုတ္သင္ေရးသမား Terry Walker ရဲ႕ အဆိုအရ ယခုေတြ႕ရွိခဲ့တဲ့ ႂကြက္ႀကီးေတြဟာ သူရဲ႕ လုပ္သက္ 20 အတြင္းမွာ အ႐ြယ္အစား အႀကီးမားဆုံးျဖစ္တယ္လို႔ ဆိုပါတယ္။

ႂကြက္တစ္ေကာင္ကို တိုင္းတြာၾကည့္တဲ့အခါ ေခါင္းကေန အျမႇီးအထိ၊ 19 လက္မရွည္ၿပီး၊ ဒီအ႐ြယ္အစားဟာ ပ်မ္းမွ်
ေၾကာင္တစ္ေကာင္ရဲ႕ အ႐ြယ္အစားထက္ ႀကီးမားေနတဲ့ ေဖာ္ျပခ်က္တစ္ခု ျဖစ္ေနပါတယ္။ Poole ေဒသခံေတြဟာ ႂကြက္ေတြဆီကေန တစ္ဆင့္ကူးစက္ႏိုင္တဲ့ ေရာဂါေတြကို ေၾကာက္လန႔္ေနၾကပါတယ္။


Terry ဟာ မီလွ်ံနာမ်ား လာေရာက္ကစားေလးရွိတဲ့ Sandbanks ကစားကြင္းအနီးမွာ အဆိုပါ ႂကြက္ႀကီးကို ဖမ္းဆီးရမိခဲ့တာ ျဖစ္ၿပီး၊ အဲဒီေနရာဟာ စပါးအသင္းမန္ေနဂ်ာေဟာင္း ဟယ္ရီရက္နပ္နဲ႔ အိမ္နဲ႔ မလွမ္းမကမ္းမွာ တည္ရွိေနတယ္လို႔ သိရပါတယ္။

ကြၽမ္းက်င္သူေတြကလည္း ဒီအ႐ြယ္အစားပမာဏ ရွိတဲ့ ႂကြက္ေတြဟာ သစ္သားနဲ႔၊ အိမ္သုံးပစၥည္းေတြကို ဆိုးဆိုးဝါးဝါး ထိခိုက္ေစမွာျဖစ္ၿပီး၊ လွ်ပ္စစ္ဝါယာႀကိဳးေတြကိုလည္း ကိုက္ျဖတ္လိမ့္မယ္လို႔ သတိေပးခဲ့ပါတယ္။ ယခုႏွစ္ ေဆာင္းရာသီကုန္လွ်င္ UK အႏွံ႔အျပားမွာ ႂကြက္ေကာင္ေရ သန္း 200 အထိ ရွိႏိုင္ၿပီး၊ ဒီအထဲမွာ သုံးေကာင္လွ်င္ တစ္ေကာင္ႏႈန္းဟာ ေၾကာင္ထက္ႀကီးတဲ့ ဧရာမ ႂကြက္ႀကီးေတြ ျဖစ္လိမ့္မယ္လို႔ ခန႔္မွန္းေနၾကပါတယ္။


UK တစ္လႊားမွာ ႂကြက္ပ်ံ႕ပြားမႈႏႈန္းဟာ 2013 ခုႏွစ္မွာ သန္း 80 အထိ ရွိခဲ့ၿပီး ယခုႏွစ္မွာ သန္း 200 အထိ ရွိမယ္လို႔ ဆိုပါတယ္။ လက္ရွိ ေတြ႕ရွိခ်က္မ်ားအရ UK ရဲ႕ ျပည္နယ္ 17 ခုမွာ ဒီလို ဧရာမႂကြက္ေတြ ေတြ႕ေနရၿပီး၊ ေဒသခံေတြ က်န္းမာ
ေရးနဲ႔ ကေလးငယ္ေတြ အသက္အႏၲရာယ္ဟာ စိုးရိမ္ဖြယ္ အေနအထား ျဖစ္ေနပါတယ္။

ကြၽမ္းက်င္သူေတြရဲ႕ အဆိုအရ ဒီ ႀကီးမားတဲ့ ႂကြက္ႀကီးေတြကို ျဖစ္ေစတာကေတာ့ အာလူစိုက္ခင္းေတြေၾကာင့္ ျဖစ္ၿပီး၊ အာလူးဟာ ႂကြက္ေတြကို အ႐ြယ္အစား အလြန္ႀကီးမားေစတယ္လို႔ ဆိုပါတယ္။ ႂကြက္ေတြဟာ အညစ္အေၾကးနဲ႔ စြန႔္ပစ္အစားအစာမွန္သမွ်ကိုလည္း စားေသာက္တဲ့ သတၱဝါေတြျဖစ္ၿပီး၊ ေရာဂါပိုးမႊားေပါင္းစုံကိုလည္း အခ်ိန္တိုအတြင္း ပ်ံ႕ႏွံ႔ေစႏိုင္တဲ့ သတၱဝါေတြ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *