Daily News

မိတ်လိုက်များပြီး ခြေထောက် အဆစ်ရောင်ရောဂါရတဲ့ လိပ်ကြီးကို ဘီးတပ်ဆင်ပေးခဲ့ရ

Bert လို့ အမည်ရတဲ့ အသက် 22 အရွယ်AfricanSpurredတစ်ကောင်ဟာမိတ်လိုက်ရာသီအတွင်းမှာမိတ်လိုက်မှုတွေအများကြီးပြုလုပ်ခဲ့လို့ ဘယ်ဘက် နောက်ခြေထောက်ဟာ အဆစ်ရောင်ရောဂါတွေ ရခဲ့ပါတယ်။ Bert ဟာ Norfolk မှာ တည်ရှိတဲ့ Secret Animal Garden, Dinosaur Adventure Park မှာ စောင့်ရှောက်ထားတဲ့ လိပ်ကြီးတစ်ကောင်ဖြစ်ပါတယ်။


တိရစ္ဆာန်စောင့်ရှောက်ရေးလုပ်သား Bert Wallder က ဘီးတပ်ဆင်ပေးခဲ့ပါတယ်။ ၎င်းရဲ့လိပ်ဟာ 220 ပေါင် အထိ အလေးချိန်ရှိပါတယ်။ ရောဂါကြောင့် ခြေထောက်တွေဟာ လမ်းလျှောက်ဖို့ အခက်အခဲဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဘီးကြီးတွေ တပ်ဆင်ပေးခဲ့ရပြီး၊ ဘီးတပ်ဆင်အသုံးပြုရတဲ့ လိပ်တွေထဲမှာ အကြီးဆုံးဖြစ်နိုင်ချေ ရှိပါတယ်။

Bert ဟာ လက်မသုံးဆယ် အလျှားရှိပြီး၊ အခုအခါမှာတော့ လမ်းလျှောက်ရတာ အတော်လေး အဆင်ပြေနေပါပြီ။Wallder ရဲ့အဆိုအရ ဘီးတွေတပ်ဆင်ပြီးနောက်ပိုင်းလိပ်မငါးကောင်နဲ့မိတ်လိုက်မှုတွေပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။Bertဟာ2011သားပေါက်ရာသီနောက်ပိုင်းမှာ ခြေထောက်ယောင်ရမ်းနာ ရခဲ့တာပါ။


အဲဒီနှစ်အဆုံးမှာလည်း ရောဂါက ပျောက်မသွားခဲ့ပါဘူး။ ဒါကြောင့် လိပ်ကို ဘီးတွေတပ်ပြီး ကူညီခဲ့ပါတယ်။ တိရစ္ဆာန်
ချစ်သူတွေက လိပ်ကြီးမှာ ဘီးတွေရှိနေလို့ အံ့သြပြီး မေးမြန်းမှုတွေလုပ်လို့ ခဏခဏရှင်းပြရတယ်လို့ သိရပါတယ်။ 2007 ခုနှစ်အထိ Bert ဟာ Norfolk မှာ နေထိုင်ခဲ့ရပြီး၊ 2013 ခုနှစ်ရောက်မှ Secret Animal Garden ကို အပြီးလှူဒါန်းခဲ့တာလို့ သိရပါတယ်။

African Spurred လိပ်တွေဟာ အသက် 60 အထိ နေနိုင်ကြပြီး၊ ဆောင်းခိုတတ် အလေ့အထမရှိတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ခြေထောက်နဲ့ပတ်သက်တဲ့ ရောဂါတွေ မကြာခဏ ခံစားရတတ်တဲ့ သတ္တဝါတွေဖြစ်ပြီး ကျွမ်းကျင်ပညာရှင် Peter Wedderburn ကလည်း ” သူတိုရဲ့ အဆစ်ရောင်ရောဂါ ပျောက်ဖို့အတွက် သူတို့ အသက်သုံးဆယ် မတိုင်ခင်အတော
အတွင်းမှာ တိုးတက်လာမယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး ” လို့ ပြောခဲ့ပါတယ်။


ဒီလို လိပ်ကို ဘီးတပ်ပေးခြင်းအတွက်လည်း Peter က ” ဒါက သူ့နောက်ခြေထောက်တွေ မတန်တဆ ဝန်ပိုထမ်းထားရ
ခြင်းကို တိတိကျကျ လျှော့ချပေးရာရောက်ပါတယ် … သူတို့ကလည်း လူတွေလိုပဲ အဆစ်အမြစ်တွေ၊ ကြွက်သားတွေ မတန်တဆ အသုံးပြုရတဲ့အခါမျိုးမှာ အဆစ်မြစ်နာတတ်ပါတယ် … “လို့ ပြောခဲ့ပါတယ်။

Zawgyi

Bert လို႔ အမည္ရတဲ့ အသက္ 22 အ႐ြယ္ African Spurred တစ္ေကာင္ဟာ မိတ္လိုက္ရာသီအတြင္းမွာ မိတ္လိုက္မႈ
ေတြ အမ်ားႀကီးျပဳလုပ္ခဲ့လို႔ ဘယ္ဘက္ ေနာက္ေျခေထာက္ဟာ အဆစ္ေရာင္ေရာဂါေတြ ရခဲ့ပါတယ္။ Bert ဟာ Norfolk မွာ တည္ရွိတဲ့ Secret Animal Garden, Dinosaur Adventure Park မွာ ေစာင့္ေရွာက္ထားတဲ့ လိပ္ႀကီးတစ္ေကာင္
ျဖစ္ပါတယ္။


တိရစာၦန္ေစာင့္ေရွာက္ေရးလုပ္သား Bert Wallder က ဘီးတပ္ဆင္ေပးခဲ့ပါတယ္။ ၎ရဲ႕လိပ္ဟာ 220 ေပါင္ အထိ အေလးခ်ိန္ရွိပါတယ္။ ေရာဂါေၾကာင့္ ေျခေထာက္ေတြဟာ လမ္းေလွ်ာက္ဖို႔ အခက္အခဲျဖစ္ေနခဲ့ပါတယ္။ ဒါေၾကာင့္ ဘီးႀကီး
ေတြ တပ္ဆင္ေပးခဲ့ရၿပီး၊ ဘီးတပ္ဆင္အသုံးျပဳရတဲ့ လိပ္ေတြထဲမွာ အႀကီးဆုံးျဖစ္ႏိုင္ေခ် ရွိပါတယ္။

Bert ဟာ လက္မသုံးဆယ္ အလွ်ားရွိၿပီး၊ အခုအခါမွာေတာ့ လမ္းေလွ်ာက္ရတာ အေတာ္ေလး အဆင္ေျပေနပါၿပီ။Wallder ရဲ႕အဆိုအရ ဘီးေတြတပ္ဆင္ၿပီးေနာက္ပိုင္း လိပ္မငါးေကာင္နဲ႔ မိတ္လိုက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ Bert ဟာ 2011 သားေပါက္ရာသီေနာက္ပိုင္းမွာ ေျခေထာက္ေယာင္ရမ္းနာ ရခဲ့တာပါ။


အဲဒီႏွစ္အဆုံးမွာလည္း ေရာဂါက ေပ်ာက္မသြားခဲ့ပါဘူး။ ဒါေၾကာင့္ လိပ္ကို ဘီးေတြတပ္ၿပီး ကူညီခဲ့ပါတယ္။ တိရစာၦန္
ခ်စ္သူေတြက လိပ္ႀကီးမွာ ဘီးေတြရွိေနလို႔ အံ့ၾသၿပီး ေမးျမန္းမႈေတြလုပ္လို႔ ခဏခဏရွင္းျပရတယ္လို႔ သိရပါတယ္။ 2007 ခုႏွစ္အထိ Bert ဟာ Norfolk မွာ ေနထိုင္ခဲ့ရၿပီး၊ 2013 ခုႏွစ္ေရာက္မွ Secret Animal Garden ကို အၿပီးလႉဒါန္းခဲ့တာလို႔ သိရပါတယ္။

African Spurred လိပ္ေတြဟာ အသက္ 60 အထိ ေနႏိုင္ၾကၿပီး၊ ေဆာင္းခိုတတ္ အေလ့အထမရွိတဲ့ သတၱဝါေတြ ျဖစ္ပါတယ္။ ေျခေထာက္နဲ႔ပတ္သက္တဲ့ ေရာဂါေတြ မၾကာခဏ ခံစားရတတ္တဲ့ သတၱဝါေတြျဖစ္ၿပီး ကြၽမ္းက်င္ပညာရွင္ Peter Wedderburn ကလည္း ” သူတိုရဲ႕ အဆစ္ေရာင္ေရာဂါ ေပ်ာက္ဖို႔အတြက္ သူတို႔ အသက္သုံးဆယ္ မတိုင္ခင္အေတာ
အတြင္းမွာ တိုးတက္လာမယ္လို႔ ကြၽန္ေတာ္ မေမွ်ာ္လင့္ပါဘူး ” လို႔ ေျပာခဲ့ပါတယ္။


ဒီလို လိပ္ကို ဘီးတပ္ေပးျခင္းအတြက္လည္း Peter က ” ဒါက သူ႔ေနာက္ေျခေထာက္ေတြ မတန္တဆ ဝန္ပိုထမ္းထားရ
ျခင္းကို တိတိက်က် ေလွ်ာ့ခ်ေပးရာေရာက္ပါတယ္ … သူတို႔ကလည္း လူေတြလိုပဲ အဆစ္အျမစ္ေတြ၊ ႂကြက္သားေတြ မတန္တဆ အသုံးျပဳရတဲ့အခါမ်ိဳးမွာ အဆစ္ျမစ္နာတတ္ပါတယ္ … “လို႔ ေျပာခဲ့ပါတယ္။

Leave a Comment