Daily News

ညစ်ပတ်ဟောင်းနွမ်းတဲ့ဆိုဖာကို ဒေါ်လာ ၂၀ ပေးပြီးဝယ်ခဲ့ရပေမဲ့ ကြီးမားတဲ့ထီ ပေါက်သလို ဖြစ်သွားခဲ့တဲ့ အခန်းဖော်သုံးဦး(ရုပ်သံ)

အခန်းဖော်သုံးဦးက သူတို့ရဲ့ ဒေသ Salvation Army သို့ သူတို့က ဒေါ်လာ ၂၀ ဖြင့် ဆိုဖာဝယ်ခဲ့တဲ့အခါမှာ ဒေါ်လာ ၄၀,၀၀၀ ပမာဏများနဲ့ ပြည့်နေတဲ့ ရတနာသိုက်ဖြစ်နေခဲ့ပါတယ် ။ လူမှုရေးဝန်ထမ်း Cally Guasti က New York, New Paltz မှ ကျောင်းသား Reese Werkhoven နဲ့ အခြားအခန်းဖော် Lara Russo တို့နဲ့ အတူ တစ်ခန်းတည်းနေထိုင်ခဲ့ပါတယ် ။


သူတို့သုံးဦးက Salvation Army ရပ်ကွက်မှာ ပရိဘောဂများ သွားဝယ်ပြီး သူတို့တွေ့နိုင်တဲ့ အကျည်းတန်သောဆိုဖာကို ဝယ်ယူခဲ့ပါတယ် ။ ဒေါ်လာ ၂၀ က သူငယ်ချင်းသုံးယောက်အတွက် ကြီးမားတဲ့ ဈေးဆစ်မှု တစ်ခုဖြစ်ပြီး ၎င်းဆိုဖာက ညစ်ပတ်ဟောင်းနွမ်းနေတဲ့ ဆိုဖာတစ်ခုဖြစ်ပါတယ် ။


ဆိုဖာက သူတို့မျှော်လင့်ထားတဲ့ အတိုင်းသက်တောင့်သက်သာမရှိသော်လည်း ၎င်းဆိုဖာဟောင်းက သူတို့ရဲ့ အေးစက်တဲ့ကြမ်းပြင်ထက် ပိုသက်တောင့်သက်သာ ဖြစ်စေခဲ့ပါတယ် ။


ဒါပေမယ့် လအနည်းငယ်အကြာမှာ ထိုဆိုဖာရဲ့ အတွင်းမှ ထူးဆန်းနေတာကို သတိထားမိပြီး စုံစမ်းရာမှာ Reese က ဒေါ်လာ ၄၀၀၀ တန်အထုပ်ပါတဲ့ အိတ်တစ်ခုကို တွေ့ပြီး ဇစ်ကိုဖွင့်လိုက်ပါတယ် ။


ထိုဆိုဖာရဲ့လက်ကိုင်အတွင်းမှ ရတနာကို မြင်ပြီး အခန်းဖော်က အခြားလက်ကိုင်က ဇစ်ကို ချက်ချင်းဖွင့်လိုက်တာနဲ့ ငွေထက်မံတွေ့ရှိခဲ့ပါတယ် ။ ၎င်းတို့သုံးဦးက ထိုဟောင်းနွမ်းနေတဲ့ ဆိုဖာအတွင်းမှ စုစုပေါင်း ဒေါ်လာ ၄၀,၈၀၀ ကို တွေ့ရှိခဲ့ပါတော့တယ် ။


၎င်းက ဆိုဖာအတွက် ဒေါ်လာ ၂၀ သာပေးရတာကြောင့် ၎င်းဟာ ကြီးမားတဲ့ ထီပေါက်သလို ဖြစ်သွားပါတယ် ။ ဒါပေမယ့် ပတ်ဝန်းကျင်ကို တူးဖော်ရင်းနောက်ဆုံးမှာ အမျိုးသမီးတစ်ဦးရဲ့နာမည်နဲ့ ဖုန်းနံပါတ်ပါတဲ့ ငွေစာရင်းတစ်ခု ပါလာခဲ့ပါတယ် ။


သူတို့မှန်တာကို လုပ်ရမယ်လို့ ဆုံးဖြတ်ပြီး နောက်နေ့မှာ သူတို့တွေ့ရှိတဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါတယ် ။ ဖုန်းဖြေတဲ့ သက်ကြီးရွယ်အိုအမျိုးသမီးက “ဆိုဖာထဲမှာ အဖွားပိုက်ဆံအများကြီးပါတယ်။ အဲဒါ အဖွားတကယ်လိုအပ်တယ်” လို့ ဖြေခဲ့ပါတယ် ။

ဒါ့ကြောင့် သုံးယောက်သားက ချက်ချင်းပင် ငွေများပို့ရန် အဖွားရဲ့ အိမ်သို့ ကားမောင်းသွားခဲ့ပါတယ် ။ သက်ကြီးရွယ်အိုအမျိုးသမီးက ဆေးရုံတက်နေစဉ် သူမရဲ့သမီးက သူမပြန်လာတဲ့အခါ အနားယူရန် ပိုကောင်းတဲ့ ဆိုဖာအသစ်တစ်ခုနဲ့အတူ သူမရဲ့သမီးက သူမကို အံ့အားသင့်စေခဲ့ပါတယ် ။ သမီးဖြစ်သူက ဆိုဖာကို Salvation Army သို့ လှူဒါန်းခဲ့သဖြင့် အဖွားထားရှိခဲ့တဲ့ အသက်ကယ်ငွေများအထဲမှာပါနေတာကို သမီးဖြစ်သူက မသိခဲ့တာပါ ။ သူတို့သုံးယောက်က အဘွားကြီးကို ပိုက်ဆံပြန်ပေးခဲ့ပြီး သူတို့ရဲ့ ရိုးသားမှုအတွက် အဖွားက သူတို့ကို ဒေါ်လာ ၁၀၀၀ စီ ပြန်ပေးခဲ့ပါတယ် ။

JRose (KB Chimmy One)

Reference : rachfeed

Leave a Comment