Daily News

Bentleyဇိမ္ခံကားႀကီးကို ဟင္းသီးဟင္း႐ြက္သည္ သုံးဘီးေမာင္းသူ အဖိုးအိုတစ္ဦးမွ တိုက္မိခဲ့ရာ ျခစ္ရာေတြထင္ကုန္ေသာ္လည္း သနားမိ၍ေလ်ာ္ေၾကးမေတာင္းခဲ့ေသာ ကားပိုင္ရွင္

တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္းမွ လမ္းမေပၚတြင္ သုံးဘီးေလးႏွင့္အတူ ဟင္းသီးဟင္း႐ြက္ လိုက္ေရာင္းေနေသာ အဖိုးအိုတစ္ဦးသည္ Bentleyဇိမ္ခံကားႀကီးကို နံေဘးကေနျဖတ္သြားစဥ္ မလြတ္ပဲ ပြတ္တိုက္မိသြားခဲ့သည္။


ကားပိုင္ရွင္ လူငယ္မွေဒါသတႀကီးႏွင့္ ထြက္လာခ်ိန္မွာေတာ့ တိုက္မိသူမွာ ဆင္းရဲႏြမ္းပါးၿပီး သက္ႀကီး႐ြယ္အိုလည္းျဖစ္ေနတာေၾကာင့္ စိတ္ေျပာင္းသြားကာ သနားမိခဲ့သည္။


အဖိုးအိုမွလည္း စားစရာမရွိ ေလ်ာ္စရာရွိအျဖစ္ႏွင့္ တိုးခဲ့၍ အလြန္ထိတ္လန္႔သြားကာ လူငယ္ေလးအား ေတာင္းေတာင္းပန္ပန္ျဖစ္ခဲ့ရာ ေလ်ာ္ေၾကးေပးစရာမလိုပဲ သုံးဘီးေမာင္းသည့္အခါ လမ္းေသခ်ာၾကည့္ၿပီး သတိထားဖို႔ ေျပာဆိုခဲ့သည္။


ထိုစဥ္ အဖိုးအိုသည္ ေက်းဇူးဆပ္သည့္အေနႏွင့္ သုံးဘီးေနာက္တြင္ ပါလာေသာ ဟင္းသီးဟင္း႐ြက္အခ်ိဳ႕အား လူငယ္ေလးကို ေပးခဲ့စဥ္ မျငင္းရက္ပဲၾကည္ျဖဴစြာ လက္ခံေပးခဲ့၍ အမ်ားမွ ၾကင္နာတတ္ေသာ ေကာင္ေလးဆိုၿပီး ခ်ီးမြမ္းခဲ့ၾကသည္။


Rain (For Ialinks)

Unicode

Bentleyဇိမ်ခံကားကြီးကို ဟင်းသီးဟင်းရွက်သည် သုံးဘီးမောင်းသူ အဖိုးအိုတစ်ဦးမှ တိုက်မိခဲ့ရာ ခြစ်ရာတွေထင်ကုန်သော်လည်း သနားမိ၍လျော်ကြေးမတောင်းခဲ့သော ကားပိုင်ရှင်

တရုတ်နိုင်ငံအရှေ့ပိုင်းမှ လမ်းမပေါ်တွင် သုံးဘီးလေးနှင့်အတူ ဟင်းသီးဟင်းရွက် လိုက်ရောင်းနေသော အဖိုးအိုတစ်ဦးသည် Bentleyဇိမ်ခံကားကြီးကို နံဘေးကနေဖြတ်သွားစဥ် မလွတ်ပဲ ပွတ်တိုက်မိသွားခဲ့သည်။

ကားပိုင်ရှင် လူငယ်မှဒေါသတကြီးနှင့် ထွက်လာချိန်မှာတော့ တိုက်မိသူမှာ ဆင်းရဲနွမ်းပါးပြီး သက်ကြီးရွယ်အိုလည်းဖြစ်နေတာကြောင့် စိတ်ပြောင်းသွားကာ သနားမိခဲ့သည်။

အဖိုးအိုမှလည်း စားစရာမရှိ လျော်စရာရှိအဖြစ်နှင့် တိုးခဲ့၍ အလွန်ထိတ်လန့်သွားကာ လူငယ်လေးအား တောင်းတောင်းပန်ပန်ဖြစ်ခဲ့ရာ လျော်ကြေးပေးစရာမလိုပဲ သုံးဘီးမောင်းသည့်အခါ လမ်းသေချာကြည့်ပြီး သတိထားဖို့ ပြောဆိုခဲ့သည်။

ထိုစဥ် အဖိုးအိုသည် ကျေးဇူးဆပ်သည့်အနေနှင့် သုံးဘီးနောက်တွင် ပါလာသော ဟင်းသီးဟင်းရွက်အချို့အား လူငယ်လေးကို ပေးခဲ့စဥ် မငြင်းရက်ပဲကြည်ဖြူစွာ လက်ခံပေးခဲ့၍ အများမှ ကြင်နာတတ်သော ကောင်လေးဆိုပြီး ချီးမွမ်းခဲ့ကြသည်။

Rain (For Ialinks)

Leave a Comment