Daily News

အမျိုးသမီးထုကြီးအား တစ်နေ့ သုံးကြိမ်ရေချိုးတဲ့အမျိုးသားများကို ဘယ်တော့မှလက်မထပ်ရန် အကြံပေးခဲ့တဲ့ အမျိုးသမီးတစ်ဦး

ဂါနာ-နိုင်ဂျီးရီးယား လူရွှင်တော်သရုပ်ဆောင်တစ်ဦးဟာ အမျိုးသားအချို့ရဲ့ထောက်ခံမှုကို အပြည့်အဝရထားတဲ့ tweet တစ်ခုနှင့်အတူ social media ပေါ်မှာ ဂယက်ထသွားခဲ့ပါတယ်။ Social media ကို ကိုင်တွယ်သူနှင့် ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ Twitter အသုံးပြုသူ @heiressjacinta ဟာ သူမရဲ့follower အမျိုးသမီးများအား အိမ်ထောင်ဖက်အဖြစ် ထည့်သွင်းမစဉ်းစားသင့်တဲ့ အမျိုးသားများရဲ့အကြောင်းကို အကြံပေးခဲ့ပါတယ်။ သူမဟာ အမျိုးသမီးများအား တစ်နေ့သုံးကြိမ်ရေချိုးတတ်တဲ့ အမျိုးသားများနှင့်မလက်ထပ်ရန် အကြံပေးခဲ့ပါတယ်။


ဟာသသရုပ်ဆောင်ဖြစ်တဲ့သူမက တကယ့်အမျိုးသားတွေက ရေချိုးတာကို မကြိုက်ကြဘူးဟုလည်း ထပ်မံပြောကြားခဲ့ပါတယ်။ တစ်ကယ်လည်း ဟားဗတ်ဆေးကျောင်းမှ ထုတ်ဝေခဲ့တဲ့စာစောင်ကလည်း အဆိုပါဟာသသရုပ်ဆောင်အမျိုးသမီးနှင့်နည်းတူ လူတစ်ယောက်ဟာ ယေဘုယျအားဖြင့် သုံးကြိမ်ရေချိုးရန်မလိုအပ်ကြောင်း ရေးသားထားခဲ့ပါတယ်။


၎င်းဆောင်းပါးအရ နေ့စဉ်ရေချိုးခြင်းဟာ တစ်ဦးတစ်ယောက်ရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သိရှိခဲ့ရပါတယ်။ မကြာခဏရေချိုးခြင်းဟာ အရေပြားကို ခြောက်သွေ့စေပြီး ဘက်တီးရီးယားများနှင့်ဓာတ်မတည့်မှုများဖြင့် အရေပြားကို ပိုးကူးစက်စေနိုင်ပါတယ်။


၎င်းဆောင်းပါးရဲ့ရေးသားချက်များအရ antibacterial ဆပ်ပြာများဟာ သာမန် effect မရှိတဲ့ဘက်တီးရီးယားများကိုပါ သေစေနိုင်ပြီး အရေပြားရဲ့သေးငယ်တဲ့ ဇီဝဖြစ်ပျက်မှုဟန်ချက်ကို ထိခိုက်စေသလို ပဋိဇီဝဆေးများအား ခံနိုင်ရည်နည်းစေတဲ့ အခြားသောဘက်တီးရီးယားမျိုးစိတ်များပေါ်ထွက်လာခြင်းကို အားပေးစေတာကြောင့် အရေပြားရောဂါများကို ဖြစ်ပွါးစေနိုင်ပါတယ်။


ထို့ကြောင့် တစ်နေ့ရေသုံးကြိမ်ချိုးခြင်းနှင့်ပတ်သက်ပြီး ဟာသသရုပ်ဆောင် @heiressjacinta က သူမရဲ့စိတ်ထဲမှာ ၎င်းအချက်အလက်တွေကရှိကောင်းရှိနေနိုင်သလို သို့မဟုတ် ၎င်းက သူမရဲ့ပြက်လုံးတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


ထို့နောက် ၎င်းကယက်ထသွားခဲ့တဲ့ သူမရဲ့အကြံပေးချက်ကို အင်တာနက်အသုံးပြုသူအမျိုးသားများစွာက “ ညစ်ပတ်တဲ့မိန်းမတွေက တစ်နေ့တစ်ကြိမ်ဘဲချိုးတယ် ၊ သူတို့ကကော ” ၊ “ အမလေး ငါ တစ်ရက်ကို နှစ်ကြိမ်ဘဲ ချိုးတယ် ၊ တော်သေးလို့ သို့မဟုတ်ရင် ငါ မိန်းမမရတော့ဘူး” ၊ “ ကိုယ့်ခေါင်းကိုပြန်ရိုက်သွားချင်တဲ့အကြံဥာဏ်အတွက် ကျေးဇူးတင်ပါတယ် ” ၊ “ အမလေး ဖြစ်မှဖြစ်ရလေ တစ်နေ့သုံးကြိမ်ရေချိုးတဲ့ယောကျ်ားက ကမ္ဘာမှာ ရှိရဲ့လား ” ဟုတဲ့ ခံစားချက်ရှုပ်ထွေးနေကြပုံရတဲ့မှတ်ချက်များစွာဖြင့် သူမအား ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။


စာဖတ်သူတို့ကော တစ်နေ့ကို ရေဘယ်နှစ်ကြိမ်ချိုးကြပါသလဲဗျာ။ စာဖတ်သူတို့ထဲမှာကော တစ်နေ့ရေသုံးကြိမ်ချိုးတတ်တဲ့သူများရှိပါသလားဗျာ။

Mia (KBdailynews)

Reference : legit

Leave a Comment