Daily News

စားဝတ်နေရေးအတွက် ပင်လယ်ကိုဖြတ်ကူးကာ ရေထဲမှာ ရေခဲမုန့်လိုက်ရောင်းနေရတဲ့ ဦးလေးတစ်ဦး

ဖိလစ်ပိုင်နိုင်ငံမှာ ဆင်းရဲမွဲတေမှုက အလွန်အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီး ၎င်းပြဿနာကိုအပြီးသတ်နိုင်မဲ့နည်းလမ်းလည်း မရှိသေးပါဘူး။ ဆင်းရဲတဲ့ ဖိလစ်ပိုင်လူမျိုးများစွာဟာ အသက်မွေးရန်နှင့် ၎င်းတို့ရဲ့မိသားစုကိုထောက်ပံ့ရန်အတွက် တစ်ချိန်တည်းမှာပင် အလုပ်များစွာကို လုပ်ဆောင်ခဲ့ကြရပါတယ်။ ထိုအချက်များကြောင့် လမ်းများပေါ်မှာ ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများစွာကို တွေ့နိုင်ပါတယ်။ ၎င်းတို့ဟာ ငွေရှာရန်အတွက် ဘာမဆိုကိုရောင်းချကြတာက အံ့ဩစရာမရှိတော့ပေမဲ့လည်း ပင်လယ်ထဲမှာ ရေခဲမုန့်လိုက်ရောင်းတဲ့လူတစ်ယောက်ကိုတော့ သင်မြင်ဖူးပါသလား။ ပင်လယ်ရေထဲမှာ ရေခဲမုန့်ရောင်းတဲ့ အမျိုးသားတစ်ယောက်ရဲ့အကြောင်းကို အားလပ်ရက်မှာကမ်းခြေသို့သွားပြီး သူမရဲ့မိသားစုနှင့်အတူ အပန်းဖြေခဲ့တဲ့ Ann Hernandez အမည်ရှိ netizen တစ်ဦးက ပြန်လည်မျှဝေပေးခဲ့ပါတယ်။


Ann က သူမနှင့်သူမမိသားစုတို့ဟာ လှေပေါ်မှာနေပြီး အပန်းဖြေနေစဉ် အမျိုးသားတစ်ဦးက သေတ္တာတစ်လုံးနှင့်အတူ သူတို့ရဲ့လှေဆီသို့ ရေပစ်ကူးလာခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ Ann က ပထမမှာ အဆိုပါအမျိုးသားအား သူကိုယ်သူရေကူးနေတယ်လို့ဘဲ တွေးနေခဲ့ပေမယ့် သူမတို့အနီးနားသို့ ရောက်လာတော့မှ အဆိုပါအမျိုးသာက ရေခဲမုန့်ရောင်းနေခဲ့မှန်းကို သူမတို့သိခဲ့ရကြောင်းလည်း ဆိုထားခဲ့ပါတယ်။ ထို့နောက် Ann ဟာ သူမရဲ့ social media acc မှာ အဆိုပါအမျိုးသားရဲ့ဓာတ်ပုံအချို့ကို မျှဝေခဲ့ပါတယ်။


သူမရဲ့ ၎င်း post ဟာ အင်တာနက်ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့ကာ လူသိများသွားခဲ့ပြီး netizen များစွာက ပင်လယ်ကိုဖြတ်ကူးပြီး ဖောက်သည်ရှာဖွေခဲ့တဲ့အဆိုပါအမျိုးသားရဲ့ဇွဲလုံ့လနဲ့ကြိုးစားအားထုတ်မှုကို ချီးကျူးခဲ့ကြပါတယ်။ နောင်လာမဲ့အနာဂတ်မှာ အဆိုပါဦးလေးတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို မြင့်တက်ပေးမဲ့ လူများ များစွာရောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်။ သေချာတာကတော့ ရေခဲမုန့်မပါဘဲ ကမ်းခြေမှာအပန်းဖြေတဲ့အားလပ်ရက်က ပြီးပြည့်စုံမှာမဟုတ်ပါဘူးဗျာ။


JRose (KBdailynews)

Reference : gtgoodtimes


Zawgyi






JRose (KBdailynews)

Leave a Comment