Uncategorized

အမေဇုန်မြစ်အတွင်းမှ ကြောက်စရာ ရေသတ္တဝါများ

မူရင်းရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)

အမေဇုန်မြစ်ဝှမ်းရှိ အမြဲစိမ်းသစ်တောများသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဂေဟစံနစ်တည်ရှိရာ နေရာ တစ်ခုဖြစ်သည်။ဂျာဂွာကျားသစ်များ၊အဆိပ်ပြင်းသော ဖားများ၊ဖွတ်များစသည့်ထိတ်လန့်ဘွယ်ကောင်းသော၊ ထူးဆန်း သောသတ္တဝါများနေထိုင်ကျက်စားရာနေရာလည်းဖြစ်သည်။သစ်ပင်ကြိုကြားသွားလာကြသောသတ္တဝါများ၊ တစ်ပင်မှတစ် ပင် ခုန်ကူးသွားလာကြသော တိရိစ ္ဆာန်များ၊လျှောတိုက်သွားတတ်ကြသော အကောင်ပလောင်များ၏ပျော်စံရာလည်း ဖြစ် သည်။ကမ္ဘာပေါ်တွင် အရှည်လျားဆုံးဖြစ်သော အမေဇုန်မြစ်၏ ရေနက်ပိုင်းလည်းအံ့သြဘွယ်၊ ထိတ်လန့်ဘွယ် သတ္တဝါ များ နေထိုင်လျက်ရှိပေသည်။ယင်းတို့အနက်မှ ထင်ရှားသော ကြောက်လန့်ဘွယ် ရေသတ္တဝါများ ကို ဖော်ပြလိုပါသည်။



မိကျောင်းနက်များ (Black Caiman)


မိကျောင်းနက်များသည် မိကျောင်းခေါင်းတို မျိုးစိတ်များဖြစ်ကြပြီး ၆ ပေ အထိရှည်လျားကြီးထွားနိုင်ကြသည်။ နိုင်းမြစ်အတွင်းနေထိုင်ကြသော မိကျောင်းများထက် ပိုမိုကြီးမားလေးလံသော ဦးခွံရှိသည်။အမေဇုန်ရေပြင်၏ထိပ်ဆုံးသား ရဲများလည်းဖြစ်ကြသည်။ယင်းအချက်များက မိကျောင်းနက်တို့သည် ရေဘုရင်များဖြစ်ကြောင်းဖော်ညွှန်းနေပေသည်။ မိကျောင်းနက်တို့သည် ယင်းတို့၏ပါးစပ်တွင်းရောက်သမျှအားလုံးကိုစားသောက်ကြသည်။ သားစားငါးများ၊ မျောက်များ၊ ငါးကြီးများ ၊ သမင်ဒရယ် များအပြင် နဂါးဟု ခေါ်ကြသည့် အနာကွန်ဒါများကိုပါ စားသုံးကြသည်။



ယင်းတို့သည် တိရစ္ဆာန်များကိုသာမက လူကိုလည်း တိုက်ခိုက်တတ်ကြသေးသည်။၂၀၁၀ ပြည့်နှစ်က ဇီဝဗေဒ ပညာရှင်ဒိုင်စေနိရှိမုရ အမည်ရှိ အမျိုးသမီးကိုမိကျောင်းနက်တစ်ကောင်ကတိုက်ခိုက်ခဲ့ဖူးသည်။ သူမ၏ရေပေါ်လှေအိမ် တွင် ငါးတစ်ကောင်ကို ရေဆေးနေစဉ် နိရှိမူရအား မိကျောင်းနက်ကတိုက်ခိုက်ခဲ့ရာ သူမကပြန်လည်တိုက်ခိုက်ရင်း ခြေ တစ်ဖက်ပါသွားခဲ့ရပေသည်။ အဆိုပါ မိကျောင်းသည် နိရှိမုရ ၏ ရေပေါ်အိမ်လှေအောက်တွင် ရှစ်လကြာမျှ နေထိုင်ခဲ့ပြီး နိရှိမူရအား တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ပေသည်။

နဂါးစိမ်း(Green Anaconda)


ကမ္ဘာမြေပေါ်တွင် အကြီးမားဆုံးသော တွားသွားသတ္တဝါဟူသော ဂုဏ်ပုဒ်ပိုင်ရှင်၊ အကြီးမားဆုံးသော မြွေမျိုး နွယ်များ၏ဌာနေသည် အမေဇုန်ဒေသပင်ဖြစ်ပေသည်။ရာဇမတ်ကွက်များနှင့် စပါးအုံးမြွေတို့ သည် အလွန်ကြီးမားကြ သော်လည်း နဂါးစိမ်းတို့သည် စပါးအုံးတို့ထက်ပို၍လေးလံထွားကြိုင်းကြသည်။ယေဘုယျအားဖြင့် အမများက အထီး များထက်ပို၍ အရွယ်ကြီးမားကြပြီး ၂၅၀ ကီလိုဂ၇မ်(ပေါင် ၅၅၀) အထိ လေးလံကာ အလျား၉ မီတာ(၂၉ပေ)၊ ကိုယ်လုံး ဗျက် ၃၀ စင်တီမိတာ(၁ ပေ) ခန့်မျှအထိရှိကြသည်။



သူတို့သည် အဆိပ်မရှိကြသော်လည်း သမင်များ၊ မိကျောင်းနက် များမှသည် ဂျဂွာကျားသစ်များ အစရှိသည့်သားကောင်များကို ယင်းတို့၏ သန်မာသောကြွက်သားများဖြင့် ညှစ်ကာ အသက် မရှူနိုင်အောင် ပြုလုပပြီး ဖမ်းဆီးစားသောက်လေ့ရှိကြသည်။ သူတို့သည် ရေတိမ်နေရာများတွင်နေကြပြီး သားကောင်ကိုချောင်းမြောင်းနေ တတ် ကြသည်။ အမေဇုန်မြစ်မကြီးထက် မြစ်လက်တက် ငယ်များတွင် ပို၍ အနေများ ကြပေသည်။

အာရပိုင်မာ အသားစားငါး (Arapaima)


အမေဇုန်နှင့် အနီးဝန်းကျင်ရှိရေကန်များတွင် အာရပိုင်မာ ခေါ် ပိုင်ရှေးလ် အသားစားငါးကြီးများနေထိုင်ကျက်စား ကြသည်။ချပ်ဝတ်တန်ဆာများကဲ့သို့သော အကြေးခွံများဖုံးအုပ်ထားသည့် အာရပိုင်မာများသည်ထက်မြက်သော စွမ်းရည် ရှိသည့် အသားစားသတ္တဝါများဖြစ်ကြပြီး ငါးများနှင့် ငှက်များကို စားသုံးကြသည်။



ယင်းတို့သည် ပါးဟက်များဖြင့် အောက်ဆီဂျင်ကိုရှူနိုင်ကြရန် ရေမျက်နှာပြင်အပေါ်ယံနားတွင်နေကြသည်။ ရေပြင်ပေါ်မှ လေကို ရှူရှိုက်ချိန်တွင် ထူးခြားသော ချောင်းဆိုးသံကဲ့သို့ အသံမျိုးဖြင့် အော်လေ့ရှိသည်။ ၂.၇ မီတာ(၉ ပေ) ခန့်ရှည်လျားပြီး အလေးချိန် ၉၀ကီလိုဂရမ်(ပေါင် ၂၀၀) အထိရှိကြသည်။ယင်းတို့၏ လျှာသည် လွှသွားများကဲ့သို့ အချွန် များရှိပြီး ယင်းအချွန်များတွင် အဆိပ်များ ရှိနေပေသည်။

ဖျံဘီလူး (Gaint Otter)


ဖျံဘီလူးတို့သည်အမည်နှင့်လိုက်အောင်ပင် အလွန်ကြီးမားထွားကြိုင်းကြသည်။ယင်းတို့သည် သားစားဖျံမျိုးရင်း တွင် ကိုယ်လုံးအရှည်လျားဆုံးဖြစ်ကြပြီး ဖျံဘီလူးအထီးတို့သည် ခေါင်းမှအမြီးအထိ ၂ မီတာ( ၆ ပေ) အထိ ရှည်လျားကာ ဂဏန်းနှင့်ငါးများကို အဓိကစားသုံးကြသည်။ယင်းတို့သည် သုံးကောင်မှ ရှစ်ကောင်အထိ အုပ်စုဖွဲ့ကာ အစာရှာကြပြီး တစ်ရက်လျှင် အစာ ၄ ကီလိုဂရမ်( ၉ ပေါင်) ခန့်စားကြသည်။ ဖျံဘီလူးတို့သည် ကြည့်ကောင်းသော သွင်ပြင်လက္ခဏာများရှိကြသော်လည်းအနာကွန်ဒါများကိုပင် အုပ်စုဖွဲ့ကာ တိုက်ခိုက် စားသုံးတတ်ကြသည်။



မိကျောင်းနက်များကိုလည်း အုပ်စုဖွဲ့တိုက်ခိုက်ကာ အရိုးအသားမကျန်အောင် စားပစ် လေ့ရှိ ကြသည်။ ၅ ပေခန့်ရှည်သော မိကျောင်းနက်တစ်ကာင်းကို ဖျံဘီလူးအုပ်စု တစ်ခုက ၄၅ မိနစ်အတွင်း စား ပစ်ခဲ့ သည်။လူတို့၏ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဖျံဘီလူးများသည် အရေအတွက်လျော့ကျလာသော်လည်း အမေဇုန်မြစ် အတွင်းကျွမ်းကျင်ထက်မြက်သော အသားစားသတ္တဝါအဖြစ် လူသိများပြီး ဒေသအခေါ်မှာ မြစ်တွင်းဝံပလွေ ဖြစ်ပေသည်။

ကန်ဒီရူ ကပ်ပါးငါး (Cadndiru)


အမေဇုန်မြစ်အတွင်း ကြီးမားသော ကြောက်မက်ဘွယ်အကောင်များသာရှိသည်မဟုတ်ဘဲအန္တရာယ်ကြီးမားသည့် သေးငယ်သော အကောင်ငယ်လေးများလည်းရှိနေပေသည်။ ကန်ဒီရူတို့သည် သေးငယ်သော ရေချို ကပ်ပါး ငါးခူ မျိုးစိတ်ဖြစ်ပြီး မြစ်အတွင်း ကျင်ငယ်ရည်စွန့်မိသူများ၏ ဆီးပြွန် အတွင်းဝင်ရောက်တိုက်ခိုက်သော ကပ်ပါးကောင်အဖြစ် ထင်ရှားသည်။ကျင်ငယ်ရည်လမ်းကြောင်းအတိုင်း လိုက် ကာ ဆီးပြွန်အတွင်းဝင်ရောက်သည့် ဖြစ်ရပ်မှတ်တမ်းတစ်ခုရှိခဲ့သည်။



မြစ်အတွင်းရေထဲတွင် ပေါ့သွားမိသော အမျိုးသား တစ်ဦး၏ ဆီးလမ်းကြောင်းထဲမှကန်ဒီရူ တစ်ကောင်ကို ဖယ်ရှားရန် ခွဲစိတ်ခဲ့ရသည်။ ထိုအမျိုးသား၏ ကပ္ပါယ်အိတ်အတွင်း ငါးက ခိုအောင်းရန်ကြိုးပမ်းခဲ့သည်။ ကန်ဒီရူတို့သည် ငါးစားသတ္တဝါငယ်များသာဖြစ်ကြသော်လည်း ငါးကြီးများ၏ ပါးဟက်အောက်တွင် ယင်းတို့၏ သေးငယ်သောကျောရိုးဖြင့် တွယ်ကပ်နေတတ်ကြပြီး ထိုငါးကြီးများ၏ သွေးကိုစုတ်ယူမှီခိုတတ်ကြသည်။

လျှပ်စစ်ငါးရှဉ့်(Electric Eel)


လျှပ်စစ်ငါးရှဉ့်တို့သည် ငါးရှဉ့်ထက်ငါးခူနှင့်ပိုတူကြသည်။၂.၅ မီတာ( ၈ ပေ) ရှည်သော လျှပ်စစ်ငါးရှဉ့်တို့၏ နံပါး တွင်ရှိသော ထူးခြားသည့် ဆဲလ် များက လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်ပေးသည်။ယင်းလျှပ်စစ်ဓာတ်အားကို ဝပ် ၆၀၀ အထိထုန်လွှတ်ပေးနိုင်သည်ဖြစ်ရာ လျှပ်စစ်မီးခလုပ်တစ်ခုမှ ပျမ်းမျှ ထွက်နိုင်သည့် လျှပ်စစ်ဓာတ်၏ ငါးဆခန့် ဖြစ်ပေ သည်။ ထိုလျှပ်စစ် ပမာဏသည် မြင်းတစ်ကောင်ကို လဲကျစေနိုင်သည်။လူကို တစ်ချက်တည်းနှင့် မသေစေနိုင်သော် လည်း အချက်ရေများပါက နှလုံးကို ထိကာ အသက်ရှူ ရပ်တံ့သွားနိုင်ပေသည်။



လျှပ်စစ်ငါးရှဉ့် အကိုက်ခံရသော လူသည် သတိလစ်ကာ လဲကျသွားတတ်သည်။ဒေသမှတ်တမ်းများအရ လျှပ်စစ် ငါးရှဉ့်တို့သည် သားကောင်ကိုကိုက်ပြီး သတိလစ်သွားခိုက်ဝယ် ရေထဲသို့ ဆွဲယူသွားသည်ဟု ဆိုပေသည်။လျှပ်စစ် ငါးရှဉ့်တို့သည် သာမာန်အားဖြင့်လူကို ကိုက်လေ့မရှိဘဲ ငါးများ၊ကုန်းနေရေနေသတ္တဝါများ၊ငှက်များ၊နို့တိုက်သတ္တဝါငယ် များ ကိုသာ ကိုက်ယူစားသောက်လေ့ရှိပေသည်။ လျှပ်စစ်ငါးရှဉ့်တို့၏နံပါးရှိ လျှပ်စစ်ထုတ်လွှတ်သော ဆဲလ်က အကောင်ငယ်များကို ဖမ်းရန် လျှပ်စစ်ဓာတ် ၁၀ ဝပ် ကို ထုတ်လွှတ်ပြီးနောက် မေ့မျောသေဆုံးစေရန် ဝပ်ပိုများသောလျှပ်စစ်ဓာတ်ကို ထုတ်လွှတ်ပေးသည်။

ဝမ်းပိုက်နီ သားစားငါး (Red Bellied Piranhas)


၀မ်းပိုက်နီသားစားငါးတို့သည် အသေကောင်ကို စားကြသော်လည်း အသက်ရှင်နေသော အကောင်များကို ဖမ်းဆီး တိုက်ခိုက်ခြင်းမပြု ဟု မပြောနိုင်ပါချေ။ ယင်းတို့သည် ၁၂ ပေ ခန့်ရှည်လျားပြီး အုပ်စုဖွဲ့ကာ ကူးခတ်သွားလာကြသည်။ မယုံနိုင်အောင် ထက်မြက်သော သွားများရှိသည်။သန်မာသော အပေါ်နှင့် အောက်မေးရိုးများပေါ်တွင် အဆိုပါ သွားတန်းများရှိနေသည်။



သွားတို့သည် မြဲမြံခိုင်မာစွာ ရှိနေကြပြီးသားကောင်၏ အသားများကို တစ်စစီဖြစ်အောင် ကိုက်ဖြတ်နိုင်ကြသည်။ ယင်းတို့၏ ကြောက် မက်ဖွယ် ဂုဏ်သတင်းက သားကောင်ကို အငမ်းမရ စားသောက်နေကြသည့်ပုံများက အစပြုခဲ့ခြင်းဖြစ်သည်။ ဝမ်းပိုက်နီ သားစားငါးတို့သည် သားကောင်ကိုဝန်းရံတိုက်ခိုက်ကာ မိနစ်အနည်းငယ်အတွင်း အရိုးထိအောင် ကိုက်ဖြတ်စားသောက် ကြပေသည်။

သွေးစုတ်ငါး(Vampire Fish)


ငါး၏ အမည်ကိုကြားရသည်ကပင် ကြောက်မက်ဖွယ်ပင်။ယင်းတို့သည် အားပြင်းသော သားစားငါးမျိုးဖြစ်ပြီး ယင်းတို့ခန္ဓာကိုယ်တစ်ဝက်မျှရှိသော ငါးများကို အငမ်းမရ အားပါးတရ စားနိုင်ကြသည်။ယင်းတို့သည် ၄ ပေခန့်မျှသာ ရှည်လျားကြသော်လည်း သားစားငါးများကိုပင် စားနိုင်ကြသည်။အဓိကအားဖြင့် ဝမ်းပိုက်နီ သားစားငါးများကို စားသုံးကြ သည့်အတွက် အဘယ်မျှ သန်စွမ်းထက်မြက်သော အရာများဖြင့် အဘယ်မျှ ကြမ်းကြုတ်နေကြသည်ကို စဉ်းစားဘွယ်ဖြစ် ပေသည်။



သွေးစုတ်ငါးတို့၏ အောက်မေးရိုးတွင် ထွက်နေသော ၆ လက်မစီရှည်သည့် စွယ် နှစ်ချောင်းရှိသည်။ထိုစွယ်များ ဖြင့် သားကောင်ကို ထိုးလိုက်ရုံသာဖြစ်သည်။သူတို့တွင် ကြီးမားသော ဆူးတောင်များလည်းရှိသည်။ထူးဆန်းသော အချက်တစ်ခုမှာ ယင်းတို့၏ အပေါ်မေးရိုးတွင်အပေါက်များရှိနေခြင်းဖြစ်ပြီး ယင်းခေါင်းပေါက်များသည် ရန်သူက ယင်း တို့ အားတိုက်ခိုက်ချိန်တွင် ခန္ဓာကိုယ်အတွင်း ထိုးမသွင်းနိုင်ရန် ဟန့်တားသကဲ့သို့ဖြစ်နေပေသည်။

ပါကူ လူသွားနှင့်ငါး (Pacu)


ပါကူငါးတို့သည် အမျိုးသမီးများထက် အမျိုးသားများအတွက်ပို၍ကြောက်ဖွယ်ဖြစ်သည်။သားစားငါးမျိုးစိတ်တွင် ကြီးမားသော ငါးမျိုးဖြစ်ပြီးလူ့သွားများနှင့် တူသော သွားများရှိသည်။ယင်းတို့သည် အသား၊အရွက် နှစ်မျိုးစား ငါးများဖြစ် ကြသည်။အသီးအနှံများ နှင့် အစေ့အဆန်များကို စားကြသော်လည်း အမေဇုန်တွင် ယင်းတို့စားရန် မည်သည့်အသီး အဆန်မှ အပင်မှ ကြွေမကျသဖြင့် အချို့သော အမျိုးသားများ၏ ခြေသလုံးသားတို့သည် ပါကူငါးတို့၏ စားစရာဖြစ်လာခဲ့ ပေသည်။



ပါပါးနယူးဂီနီမှ မှတ်တမ်းများအရ ပါကူးကိုက်၍ သေဆုံးသွားသောအမျိုးသားတစ်ဦး၏ လိင်အင်္ဂ ါကို ကိုက်ဖြတ် ထားကြောင်းတွေ့ရှိရပေသည်။အစားအစာကို လူများသွားဖြင့်ကြိတ်ဝါးကာ စားသောက်ကြသကဲ့သို့သားကောင်ကို လူနှင့်တူစွာစားတတ်ကြသည့် ပါကူ သားစားမျိုးတို့သည် ယခုအခါတွင် အမေဇုန်တွင်သာမက ဥရောပရေပြင်များသို့ပင် ရောက်ရှိနေပြီ ဖြစ်ပါသည်။



သဘာဝ၏ ဆန်းကြယ်မှုများသည် လူသားများအတွက် စိတ်ဝင်စားဖွယ် ၊ သုတေသနပြုဖွယ်ချည်း သာဖြစ်ပေ ရာ အမေဇုန်မြစ်တွင် နေထိုင်ကျက်စားနေကြသော ကြောက်မက်ဖွယ်ရေသတ္တဝါများသည်လည်းအထူးပင် စိတ်ဝင်စား စရာ ဖြစ်နေသည်သာပင်။

ငါးမန်းရိုင်း(Bull Shark)


ရေငန်သမုဒ္ဒရာအတွင်းနေထိုင်သည့် ငါးမန်းရိုင်းများသည် ရေချိုတွင်လည်း နေထိုင်နိုင်ကြသည်။ယင်းတို့ကို အမေဇုန်မှ ကွာလှမ်းလှသည့် ပီရူးနိုင်ငံ၊အိကစ်တို အရပ်တွင် ပင်လယ်မှ မိုင်၂၅၀၀ ကွာဝေးသောနေရာ၌ပင်တွေ့ရ ပေ သည်။ယင်းတို့တွင် ယင်းတို့နေထိုင်ရာ ရေပြင်မှ အငန်ဓာတ်ပြောင်းလဲမှုကို သိစွမ်းသော ကျောက်ကပ်များရှိသည့်အပြင် ထိုပြောင်းလဲသွားသော အငန်ဓာတ်နှင့် လိုက်လျောညီထွေဖြစ်အောင်လည်း နေနိုင်ကြသည်။



ငါးမန်းရိုင်းများသည် ၃.၃မီတာ( ၁၁ ပေ) ရှည်ပြီး အလေးချိန် ၃၁၂ ကီလိုဂရမ်(ပေါင် ၆၉၀) ခန့်ရှိသည်။အခြား သော ငါးမန်းများကဲ့သို့ပင် ငါးမန်းရိုင်းများတွင် ချွန်ထက်သော တြိဂံပုံ သွားများ အတန်းလိုက် ပါရှိရုံသာမက တောင့်တင်း သန်မာသော မေးရိုးများလည်းရှိပေသည်။အဆိုပါ မေးရိုးများသည် ပေါင် ၁၃၀၀ ခန့် လေးလံသော အရာများကိုပင် ကိုက် နိုင်စွမ်းရှိသဖြင့် ကျားငါးမန်း၊ ငါးမန်းဖြူများကဲ့သို့ပင် လူများကိုမကြာခဏဆိုသကဲ့သို့တိုက်ခိုက်တတ်ကြသည်။ လူအများ ရှိရာ ရေအနီးတွင် နေထိုင်လေ့ရှိသောကြောင့် ငါးမန်းရိုင်းများကို ကမ္ဘာပေါ်တွင် အန္တရာယ်အကြီးမားဆုံး ငါးမန်းများအဖြစ် သတ်မှတ်ထားကြသည်။



မောင်သာ (ရှေးဟောင်းသုတေသန)

Leave a Comment