Love

မဖြစ်သင့်တော့မှန်းသိရဲ့နဲ့ ဆက်တိုးနေမယ်ဆိုရင် ဒဏ်ရာတွေပဲ ထပ်တိုးလာမှာပေ့ါ ။

ဖြစ်သင့်တော့မှန်းသိရဲ့နဲ့ ဆက်တိုးနေမယ်ဆိုရင် ဒဏ်ရာတွေပဲ ထပ်တိုးလာမှာပေ့ါ ။

တစ်ခါတစ်လေမှာ မလုပ်နဲ့ဆိုတဲ့အရာကိုမှ လူတွေကပိုပြီးလုပ်ချင်ကြတယ် မသွားနဲ့ဆိုတဲ့အရပ်ကိုမှ ပိုပြီးသွားချင်ကြတယ် … မချစ်နဲ့ဆိုတဲ့သူကိုမှ စူးစူးနစ်နစ် ချစ်မိသွားကြသေးတယ် ။ ဒါပေမယ့် မဖြစ်သင့်တော့မှန်းသိလာတဲ့အခါ ချက်ချင်းနောက်ဆုတ်လိုက်ဖို့လိုတယ် မဟုတ်ရင် ထပ်တိုးတဲ့ခြေလှမ်းတိုင်းအတွက် ထပ်နာရမယ့်ဒဏ်ရာတွေသာ ရေတွက်ရုံပေါ့ ။

ဦးနှောက်က လက်ခံပေမယ့်လဲ နှလုံးသားကလက်မခံတဲ့ အဖြစ်အပျက်တွေမှ အများကြီးပါ ။ မတူမှန်းသိပေမယ့်လဲ ညှိယူလို့ရမယ်အထင်နဲ့ ကြိုးစားယူနေရတာတွေဟာလဲ နောက်ဆုံး ရေစုန်မျောရတတ်တယ်လေ ။ ပြုပြင်လာမယ်ထင်ပြီး စောင့်ဆိုင်းနေရခြင်းတွေဟာလဲ နောက်ဆုံး နောင်တပဲ ရလာတတ်တယ် ။

သူသာ ငါ့ကို ချစ်ရင်ဆိုပြီး မျှော်လင့်နေမိတဲ့အဖြစ်တွေကို စာနာပါတယ် ။ ကိုယ်ကိုယ်တိုင်ကလဲ တစ်ချိန်ချိန်တုန်းက မျှော်လင့်ခဲ့ဖူးတာပဲလေ ။တစ်နေ့ကျရင်တော့ ငါ့ကို ချစ်လာကောင်းပါရဲ့ တစ်နေ့ကျရင်တော့ ငါ့အချစ်တွေကို မြင်ကောင်းပါရဲ့ ဆိုပြီး သူလိမ်နေတာကိုတောင် ကိုယ့်မှ ဖြည့်ပြီး တွေးနေခဲ့မိတာ ဒီအချိန်ပြန်တွေးရင်တော့ အဲ့ဒီအချိန်တုန်းက ကိုယ်တကယ်ရူးခဲ့မိတာပဲ ။

နောင်တတွေ ဒဏ်ရာတွေ မျက်ရည်တွေကလွဲရင် ဘာမှ ရမလာနိုင်တဲ့လမ်းကို ရင်နာနာနဲ့ ဆက်လျှောက်ဖို့ရွေးတော့မယ်ဆိုရင် သေချာစဉ်းစားပါ ။ မပျော်တဲ့ရက်တွေကြားမှာ ငိုရတဲ့မျက်ရည်တွေကို ကိုယ်တစ်ယောက်တည်းသုတ်ရင်းက အချိန်တွေဘယ်လောက်ထိ တောင့်ခံနိုင်မလဲလို့ ။

မဖြစ်သင့်တော့မှန်းသိရင် ဒါမှမဟုတ် မဖြစ်နိုင်တော့မှန်းသိတဲ့အခါ ကိုယ်တစ်ယောက်တည်းလဲ ဆက်လျှောက်ရဲတဲ့ သတ္တိတွေ ရှိဖို့လိုအပ်တယ် .. မဟုတ်ရင် ကိုယ်ထပ်တိုးတိုင်း ထပ်တိုးတိုင်းမှာ ဒဏ်ရာတွေပဲ ပိုပြီး ရလာမှာပေါ့ ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

မျဖစ္သင့္ေတာ့မွန္းသိရဲ႔နဲ႔ ဆက္တိုးေနမယ္ဆိုရင္ ဒဏ္ရာေတြပဲ ထပ္တိုးလာမွာေပ့ါ ။

တစ္ခါတစ္ေလမွာ မလုပ္နဲ႔ဆုိတဲ့အရာကိုမွ လူေတြကပိုျပီးလုပ္ခ်င္ၾကတယ္ မသြားနဲ႔ဆုိတဲ့အရပ္ကုိမွ ပိုျပီးသြားခ်င္ၾကတယ္ … မခ်စ္နဲ႔ဆုိတဲ့သူကိုမွ စူးစူးနစ္နစ္ ခ်စ္မိသြားၾကေသးတယ္ ။ ဒါေပမယ့္ မျဖစ္သင့္ေတာ့မွန္းသိလာတဲ့အခါ ခ်က္ခ်င္းေနာက္ဆုတ္လိုက္ဖို့လုိတယ္ မဟုတ္ရင္ ထပ္တိုးတဲ့ေျခလွမ္းတိုင္းအတြက္ ထပ္နာရမယ့္ဒဏ္ရာေတြသာ ေရတြက္ရံုေပါ့ ။

ဦးေနွာက္က လက္ခံေပမယ့္လဲ နွလံုးသားကလက္မခံတဲ့ အျဖစ္အပ်က္ေတြမွ အမ်ားၾကီးပါ ။ မတူမွန္းသိေပမယ့္လဲ ညွိယူလုိ့ရမယ္အထင္နဲ႔ ၾကိဳးစားယူေနရတာေတြဟာလဲ ေနာက္ဆံုး ေရစုန္္ေမ်ာရတတ္တယ္ေလ ။ ျပဳျပင္လာမယ္ထင္ျပီး ေစာင့္ဆိုင္းေနရျခင္းေတြဟာလဲ ေနာက္ဆံုး ေနာင္တပဲ ရလာတတ္တယ္ ။

သူသာ ငါ့ကို ခ်စ္္ရင္ဆိုျပီး ေမွ်ာ္လင့္ေနမိတဲ့အျဖစ္ေတြကို စာနာပါတယ္ ။ ကိုယ္ကိုယ္တိုင္ကလဲ တစ္ခ်ိန္ခ်ိိန္တုန္းက ေမွ်ာ္လင့္ခဲ့ဖူးတာပဲေလ ။တစ္ေန့က်ရင္ေတာ့ ငါ့ကိို ခ်စ္လာေကာင္းပါရဲ႔ တစ္ေန့က်ရင္ေတာ့ ငါ့အခ်စ္ေတြကို ျမင္ေကာင္းပါရဲ႔ ဆုိျပီး သူလိမ္ေနတာကိုေတာင္ ကိုယ့္မွ ျဖည့္ျပီး ေတြးေနခဲ့မိတာ ဒီအခ်ိန္ျပန္္ေတြးရင္ေတာ့ အဲ့ဒီအခ်ိန္တုန္းက ကိုယ္တကယ္ရူးခဲ့မိတာပဲ ။

ေနာင္တေတြ ဒဏ္ရာေတြ မ်က္ရည္ေတြကလြဲရင္ ဘာမွ ရမလာနုိင္တဲ့လမ္းကို ရင္နာနာနဲ႔ ဆက္ေလွ်ာက္ဖို့ေရြးေတာ့မယ္ဆုိိရင္ ေသခ်ာစဥ္းစားပါ ။ မေပ်ာ္တဲ့ရက္ေတြၾကားမွာ ငိုရတဲ့မ်က္ရည္ေတြကို ကုိယ္တစ္ေယာက္တည္းသုတ္ရင္းက အခ်ိန္ေတြဘယ္ေလာက္ထိ ေတာင့္ခံနုိင္မလဲလုိ့ ။

မျဖစ္သင့္ေတာ့မွန္းသိရင္ ဒါမွမဟုတ္ မျဖစ္နိုင္ေတာ့မွန္းသိတဲ့အခါ ကိုယ္တစ္ေယာက္တည္းလဲ ဆက္ေလွ်ာက္ရဲတဲ့ သတၱိေတြ ရွိဖို့လုိအပ္တယ္ .. မဟုတ္ရင္ ကိုယ္ထပ္တိုးတုိုင္း ထပ္တုိးတုိင္းမွာ ဒဏ္ရာေတြပဲ ပိုျပီး ရလာမွာေပါ့ ။

 

Leave a Comment