Tue. Oct 26th, 2021

မုန်းတယ်လို့မပြောပဲ တဖြေးဖြေးဝေးသွားကြတာမျိုး …

သိပ်ချစ်ခဲ့တယ်ဆိုတဲ့အတိတ်တွေကို ပြန်ငေးကြည့်ရင် တကယ်သိပ်ချစ်ခဲ့ပါလားဆိုတာတွေက အခုတော့ အိပ်မက်တွေအလားပါပဲ အရင်လိုပဲလားဆိုပြီး မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေမေးတဲ့အခါ ကိုယ့်မှာ ဖြေစရာ စကားလုံးတွေလဲ မဲ့တယ် ။ အရင်လိုမဟုတ်တော့တဲ့အကြောင်းကို ကျွန်မကိုယ်ကျွန်မတောင် လက်ခံဖို့ ခဲယဉ်းနေတုန်းလေ ။

သိပ်ချစ်ခဲ့ကြတာ … ဒါကတော့ သေချာပါတယ် နှစ်တွေတောင် အတော်ကြာခဲ့တာလေ ။ တချို့သူတွေ အားကျရလောက်တဲ့အထိကို ကျွန်မတို့လက်တွေမြဲခဲ့တာ နီးခြင်းဝေးခြင်းတွေကြားမှာ သစ္စာရှိခြင်းတွေနဲ့အတူ တစ်ယောက်နား တစ်ယောက် မရှိနိုင်တဲ့အချိန်တွေမှာတောင် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်တွေမပြတ်ခဲ့ဘူး ။

အခုတော့ … ဘာကြောင့်ဆိုတဲ့ အဖြေတွေမရှိပါပဲ တစ်ယောက်နဲ့တစ်ယောက် တဖြေးဖြေးဝေးသွားလိုက်ကြတာများ တစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းကမှ မသိခဲ့ဖူးကြသလို ဒါမှ မဟုတ် မချစ်ခဲ့ကြသလို သူစိမ်းတွေလိုကို ဝေးသွားတာမျိုးလေ ။ ကိုယ်စိုးရိမ်တာတွေဟာ သူ့အတွက်မလိုတော့ဘူး ချစ်လားလို့မေးရင်တောင် မဖြေချင်တော့ဘူး ။ ဘာတွေလုပ်နေလဲလို့ မေးတဲ့အခါ အရှုပ်သက်သက်လို့ပဲ ထင်လာတတ်ခဲ့ပြီ ။

ကျွန်မ ဘာများ မှားနေလဲဆိုတဲ့ မေးခွန်းတွေ မေးနေမိတယ် ဘာကြောင့်လဲဆိုတဲ့ အဖြေတွေ ရှာနေမိတယ် ဒါပေမယ့် ဝေးသွားပြီဆိုတာကို လက်ခံလိုက်ရုံကလွဲလို့ တခြားအဖြေတွေဟာ ရမလာခဲ့ဘူးလေ ။ သေချာတစ်ခုကတော့ အရင်လို မဟုတ်တော့တာဟာ အသေအချာပါပဲ ဒါကိုပဲ လက်ခံဖို့ ခဲယဉ်းနေခဲ့တာလေ ။

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

မုန္းတယ္လို့မေျပာပဲ တေျဖးေျဖးေ၀းသြားၾကတာမ်ိဳး …

သိပ္ခ်စ္ခဲ့တယ္ဆိုတဲ့အတိတ္ေတြကိို ျပန္ေငးၾကည့္ရင္ တကယ္သိပ္ခ်စ္ခဲ့ပါလားဆိုတာေတြက အခုေတာ့ အိပ္မက္ေတြအလားပါပဲ အရင္လိုပဲလားဆိုျပီး မေတြ႕ျဖစ္တာၾကာတဲ့ သူငယ္ခ်င္းေတြေမးတဲ့အခါ ကိုယ့္မွာ ေျဖစရာ စကားလံုးေတြလဲ မဲ့တယ္ ။ အရင္လုိမဟုတ္ေတာ့တဲ့အေၾကာင္းကိို ကြ်န္မကိုယ္ကြ်န္မေတာင္ လက္ခံဖုိ့ ခဲယဥ္းေနတုန္းေလ ။

သိပ္ခ်စ္ခဲ့ၾကတာ … ဒါကေတာ့ ေသခ်ာပါတယ္ နွစ္ေတြေတာင္ အေတာ္ၾကာခဲ့တာေလ ။ တခ်ိဳ႔သူေတြ အားက်ရေလာက္တဲ့အထိကို ကြ်န္မတိုု့လက္ေတြျမဲခဲ့တာ နီးျခင္းေ၀းျခင္းေတြၾကားမွာ သစၥာရွိိျခင္းေတြနဲ႔အတူ တစ္ေယာက္နား တစ္ေယာက္ မရွိနုိင္တဲ့အခ်ိန္ေတြမွာေတာင္ တစ္ေယာက္နဲ႔တစ္ေယာက္ အဆက္အသြယ္ေတြမျပတ္ခဲ့ဘူး ။

အခုေတာ့ … ဘာေၾကာင့္ဆုိတဲ့ အေျဖေတြမရွိပါပဲ တစ္ေယာက္နဲ႔တစ္ေယာက္ တေျဖးေျဖးေ၀းသြားလိုက္ၾကတာမ်ား တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္တုန္းကမွ မသိခဲ့ဖူးၾကသလို ဒါမွ မဟုတ္ မခ်စ္ခဲ့ၾကသလို သူစိမ္းေတြလိုကိုု ေ၀းသြားတာမ်ိဳးေလ ။ ကိုယ္စိုးရိမ္တာေတြဟာ သူ့အတြက္မလုိေတာ့ဘူး ခ်စ္လားလုိ့ေမးရင္ေတာင္ မေျဖခ်င္ေတာ့ဘူး ။ ဘာေတြလုပ္ေနလဲလုိ့ ေမးတဲ့အခါ အရႈပ္သက္သက္လုိ့ပဲ ထင္လာတတ္ခဲ့ျပီ ။

ကြ်န္မ ဘာမ်ား မွားေနလဲဆိုတဲ့ ေမးခြန္းေတြ ေမးေနမိတယ္ ဘာေၾကာင့္လဲဆုိတဲ့ အေျဖေတြ ရွာေနမိတယ္ ဒါေပမယ့္ ေ၀းသြားျပီဆုိတာကို လက္ခံလုိက္ရံုကလြဲလုိ့ တျခားအေျဖေတြဟာ ရမလာခဲ့ဘူးေလ ။ ေသခ်ာတစ္ခုကေတာ့ အရင္လုိ မဟုတ္ေတာ့တာဟာ အေသအခ်ာပါပဲ ဒါကိုပဲ လက္ခံဖို့ ခဲယဥ္းေနခဲ့တာေလ ။

 

Leave a Reply

Your email address will not be published. Required fields are marked *