Uncategorized

စိတ်ဖိစီးမှုများတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက မိန်းကလေးမွေးဖွားရန် အလားအလာပိုများကြောင်း လေ့လာချက်အရ တွေ့ရှိခဲ့

လေ့လာမှုတစ်ခုအရ စိတ်ဖိစီးမှုများတဲ့အမျိုးသမီးတွေက ယောက်ျားလေးထက် မိန်းကလေးမွေးဖို့ အလားအလာပိုများပါတယ် ။ အထူးသဖြင့် စိတ်ဖိစီးမှုများခြင်း (သို့) စိတ်ဖိစီးမှုခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေပိုများပါတယ် ။ The Proceedings of the National Academy of Sciences ဂျာနယ်မှာ ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာ ပါမောက္ခ Catherine Monk နဲ့ New York ရှိ Columbia University မှ သူမရဲ့ အဖွဲ့က ပြောဆိုချက်အရ စိတ်ကျန်းမာရေးထိခိုက်မှုများတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက ယောက်ျားလေးများထက် မိန်းကလေး မွေးဖွားရန် အလားအလာပိုများတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ် ။


စိတ်ပိုင်းဆိုင်ရာလူမှုရေး၊ ရုပ်ပိုင်းနဲ့ လူနေမှုပုံစံစတဲ့ စိတ်ဖိစီးမှုဆိုင်ရာအချက် ၂၇ ချက်ကို သုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၈၇ အုပ်စုမှ မွေးဖွားမှု ရလဒ်များကို ဆက်နွယ်နေပါတယ် ။


စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများတဲ့ အမျိုးသမီးများက ယောက်ျားလေးမှ မိန်းကလေးအချိုးမှာ လေ့လာမှုရဲ့ရလဒ်က ၂: ၃ ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာဖိအားများတဲ့သူတွေက ယောက်ျားလေးမှမိန်းကလေး အချိုး ၄: ၉ ဖြစ်ပါတယ် ။


မိန်ကလေးသန္ဓေသားက ပိုမြန်တဲ့နှုန်းဖြင့် ဖွံ့ဖြိုးနေပြီး ယောကျာ်းလေးသန္ဓေသားများက ဖွံ့ဖြိုးမှုရဲ့ အစောပိုင်းအဆင့်များကို ပြီးမြောက်ရန် ပိုကြာတယ်လို့ သုတေသီများက ရှင်းပြထားပါတယ် ။


ဒါ့ကြောင့် ယောကျာ်းလေးသန္ဓေသားများမရနိုင်ချင်းက စိတ်ဖိစီးမှုများနဲ့ ပြဿနာများစွာတို့ကြောင့် ၎င်းတို့ကလည်း ကိုယ်ဝန်များ ပျက်ကျစေနိုင်ပါတယ် ။ သို့သော် သိပ္ပံပညာရှင်များက အမျိုးသမီးများဟာ ထိုအရာက သူတို့ရဲ့ အပြစ်လို့ မယူဆသင့်ကြောင်း၊ အထူးသဖြင့် ထိုအချိန်မှာ ကိုယ်ဝန်ရှိနေပြီလို့ လူအများသတိမပြုမိကြတာကြောင့် ဖြစ်ပါတယ် ။


“ ဒါက အမျိုးသမီးတွေကို နှိုးဆော်တာ ဒါမှမဟုတ် သူတို့ကို အပြစ်တင်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ တရားထိုင်တာ၊ မိသားစု၊ သူငယ်ချင်းတွေ၊ ဘာသာတရားနဲ့ဖြစ်ဖြစ်၊ သိုးမွှေးထိုးတာပဲဖြစ်ဖြစ်၊ မင်းရဲ့စိတ်ဖိစီးမှုတွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေရှာဖို့က အရေးကြီးပါတယ် ” လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ် ။


စိတ်ကျရောဂါက စိတ်ပိုင်းဆိုင်ရာခံစားချက် သို့မဟုတ် စိတ်ဝင်စားမှုကိုဖြစ်စေတဲ့ စိတ်ခံစားချက် ဆိုင်ရာရောဂါတစ်ခု ဖြစ်ပါတယ် ။ ထိုအခြေအနေက တိကျတဲ့ အဖြစ်အပျက်တစ်ခုအတွက် ပြင်းထန်တဲ့ ဝမ်းနည်းမှုခံစားချက်တစ်ခုမဟုတ်ဘဲ ကြာရှည်စွာဖြစ်ပေါ်တဲ့ အရာဖြစ်ပါတယ် ။ စိတ်ဓာတ်ကျနေတဲ့ လူများစွာကို ဆေးဝါးနဲ့ အကြံဥာဏ်ပုံစံဖြင့် ကုသမှုကို ခံယူသင့်ပါတယ် ။

JRose (KBdailynews)

Reference : rachfeed

Leave a Comment