Uncategorized

ကွန်ဒုံကို သုံးရမယ့်နေရာထက် ပိုမိုတွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ ကျူးဘားနိုင်ငံ


ကျူးဘားနိုင်ငံ၊ဟားဗားနားမြို့ကကလေးသူငယ်တွေဟာကွန်ဒုံးနဲ့လေးခွလုပ်ပြီးဆော့တတ်ကြတက်ပါတယ်တဲ့။မွေးနေ့ပါတီတွေနဲ့ပွဲအခမ်းအနားတွေမှာလည်းဘောလုံးအစားကွန်ဒုံးကိုသုံးကြပါတယ်။ကွန်ဒုံးဟာအမျိုးသမီးတွေအတွက်ဆိုရင်ခေါင်းစည်းကြိုး၊ယာဉ်မောင်းတွေအတွက်ဆိုရင် (ချောဆီပါတဲ့) ကွန်ဒုံးတွေက ဒက်ရှ်ဘုတ် သုတ်စရာတစ်ခု ဖြစ်နေပါတယ်။။ ဒါတင်မကသေးပါဘူး…ကွန်ဒုံးထဲမှာ ရမ်တွေဖြည့်ပြီး နိုက်ကလပ်ထဲ ခိုးသယ်ကြသူတွေလည်း ရှိပါတယ်။



ငါးဖမ်းသမားတွေကလေဖြည့်ထားတဲ့ကွန်ဒုံးတွေကိုငါးဖမ်းပိုက်ကွန်ဘောလုံးတွေအဖြစ်လည်းအသုံးပြုကြပါတယ်။ကျူးဘားရဲ့ကွန်ဒုံးအသုံးချပုံဟာ ဒီမှာတင် မပြီးသေးပါဘူး။ ဝိုင်ထုတ်လုပ်သူတွေကလည်း ဝိုင်ဖန်အိုးကြီးတွေရဲ့နှုတ်ခမ်းဝမှာကွန်ဒုံးစွပ်ပြီးဝိုင်ဖောက်ကြပါသေးတယ်။ ကျူးဘားမှာ ဝက်သစ်ချစည်တွေအစား ဖန်အိုးတွေနဲ့ ဝိုင်ဖောက်တာပါ။ ဖန်အိုးထိပ်မှာ စွပ်ထားတဲ့ ကွန်ဒုံးက ဖောင်းနေသေးတယ်ဆိုရင် ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်နေတုန်း၊ ဝိုင်ဖောက်လို့ မပြီးသေးဘူးလို့ ဆိုလိုတာဖြစ်ပြီး၊ ကွန်ဒုံးပျော့ကျသွားပြီရင်တော့ ဝိုက်ဖောက်လို့ ပြီးပြီဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။


 


ကျူးဘားနိုင်ငံသားတွေဟာ ကွန်ဒုံးကို ထွင်သုံးတဲ့နေရာမှာတော့ ပြိုင်စံရှားပါပဲ။ ကွန်ဒုံးက ကျူးဘားမှာ ဈေးပေါတာနဲ့လည်း ဆိုင်ပါတယ်။ အစိုးရရောင်းဈေးအရဆိုရင် ကွန်ဒုံး ၃ ခုပါ တထုပ်ကိုမှာ ၁၀ ပီ ( ဒေါ်လာ ၄ဆင့်)လောက်ပဲရှိပါတယ်။ကျူးဘားအစိုးရဟာလိင်ကျန်းမာရေးနဲ့ သားဆက်ခြားရေးကဏ္ဍတို့ကိုလည်း အားစိုက်လုပ်ဆောင်ပေးတဲ့ အစိုးရလည်းဖြစ်ပါတယ်။


Zawgyi

က်ဴးဘားႏိုင္ငံ၊ ဟားဗားနားၿမိဳ႕ကကေလးသူငယ္ေတြဟာကြန္ဒုံးနဲ႔ေလးခြလုပ္ၿပီးေဆာ့တတ္ၾကတက္ပါတယ္တဲ့။ေမြးေန႔ပါတီေတြနဲ႔ ပြဲအခမ္းအနားေတြမွာလည္းေဘာလုံးအစားကြန္ဒုံးကိုသုံးၾကပါတယ္။ကြန္ဒုံးဟာအမ်ိဳးသမီးေတြအတြက္ဆိုရင္ေခါင္းစည္းႀကိဳး၊ယာဥ္ေမာင္းေတြအတြက္ဆိုရင္(ေခ်ာဆီပါတဲ့)ကြန္ဒုံးေတြကဒက္ရွ္ဘုတ္သုတ္စရာတစ္ခုျဖစ္ေနပါတယ္။။ဒါတင္မကေသးပါဘူး…ကြန္ဒုံးထဲမွာ ရမ္ေတြျဖည့္ၿပီး ႏိုက္ကလပ္ထဲ ခိုးသယ္ၾကသူေတြလည္း ရွိပါတယ္။



ငါးဖမ္းသမားေတြက ေလျဖည့္ထားတဲ့ ကြန္ဒုံးေတြကို ငါးဖမ္းပိုက္ကြန္ေဘာလုံးေတြအျဖစ္လည္းအသုံးျပဳၾကပါတယ္။က်ဴးဘားရဲ႕ ကြန္ဒုံးအသုံးခ်ပုံဟာဒီမွာတင္မၿပီးေသးပါဘူး။ဝိုင္ထုတ္လုပ္သူေတြကလည္းဝိုင္ဖန္အိုးႀကီးေတြရဲ႕ႏႈတ္ခမ္းဝမွာကြန္ဒုံးစြပ္ၿပီးဝိုင္ေဖာက္ၾကပါေသးတယ္။ က်ဴးဘားမွာ ဝက္သစ္ခ်စည္ေတြအစား ဖန္အိုးေတြနဲ႔ဝိုင္ေဖာက္တာပါ။ဖန္အိုးထိပ္မွာစြပ္ထားတဲ့ကြန္ဒုံးကေဖာင္းေနေသးတယ္ဆိုရင္ ဒါဟာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ထုတ္ေနတုန္း၊ ဝိုင္ေဖာက္လို႔ မၿပီးေသးဘူးလို႔ ဆိုလိုတာျဖစ္ၿပီး၊ ကြန္ဒုံးေပ်ာ့က်သြားၿပီရင္ေတာ့ ဝိုက္ေဖာက္လို႔ ၿပီးၿပီဆိုတဲ့ သေကၤတျဖစ္ပါတယ္။



က်ဴးဘားႏိုင္ငံသားေတြဟာ ကြန္ဒုံးကို ထြင္သုံးတဲ့ေနရာမွာေတာ့ ၿပိဳင္စံရွားပါပဲ။ ကြန္ဒုံးက က်ဴးဘားမွာေဈးေပါတာနဲ႔လည္းဆိုင္ပါတယ္။ အစိုးရေရာင္းေဈးအရဆိုရင္ ကြန္ဒုံး ၃ခုပါတထုပ္ကိုမွာ၁၀ပီ(ေဒၚလာ၄ဆင့္)ေလာက္ပဲရွိပါတယ္။က်ဴးဘားအစိုးရဟာလိင္က်န္းမာေရးနဲ႔ သားဆက္ျခားေရးက႑တို႔ကိုလည္း အားစိုက္လုပ္ေဆာင္ေပးတဲ့ အစိုးရလည္းျဖစ္ပါတယ္။


Leave a Comment