Uncategorized

နှစ်ပေါင်း ၇၀ ကြာအလုပ်ကြမ်းနဲ့ မကြင်နာတက်တဲ့သူဆီကနေ ကယ်ဆယ်ရေးသမားတွေက ဘေးကင်းရာသို့ခေါ်ဆောင်သွားတဲ့အခါ မျက်ရည်များကျလာခဲ့တဲ့ မျက်မမြင်ဆင်တစ်ကောင် (ရုပ်သံ)

Sook Jai အမည်ရှိဆင်မတစ်ကောင်ဟာ သူမရဲ့ ဘဝတစ်လျှောက်လုံးမှာ အလုပ်ကြမ်းများ လုပ်ခဲ့ရပါတယ် ။ ဆယ်စုနှစ်ခုနစ်စုလုံးလုံး သူမက သူမရဲ့ဘဝတစ်လျှောက် ငြိမ်းချမ်းစွာရှင်သန်ရန် ကယ်ဆယ်ခြင်း မခံရမီ အကြင်နာတဲ့ ဆက်ဆံမှုတို့ကို ကြုံတွေ့ခဲ့ရပါတယ် ။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဆင်ကို စားဖိုဆောင်မှာ တောင်းရမ်းစားသုံးပြီး ခရီးသွားဆင်အဖြစ် ခြေကျင်သုံးဖို့ အသုံးခံခဲ့ဖူးပါတယ် ။ သူမကို ကယ်ဆယ်တဲ့အချိန်မှာတော့ သူမဟာ မျက်စိမှုန်ပြီး နားလေးနေခဲ့ပါပြီ။ “Sook Jai ရဲ့ဘဝက ဖမ်းဆီးထားတဲ့ဆင်တိုင်းနဲ့တူပြီး သူတို့ရဲ့ဘဝတစ်လျှောက်ကွဲပြားခြားနားတဲ့ အလုပ်များစွာကို လုပ်ဆောင်ရတယ် ။


.


Sook Jai ရဲ့ဘဝက အမျိုးသားများစွာရဲ့ လက်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်။ သူမက အလုပ်တွေကို လဲကျတဲ့အထိ မဆုတ်မနစ်အလုပ်လုပ်ခဲ့ပါတယ်” လို့ Elephant News က သူတို့ရဲ့ YouTubevideo ဗီဒီယိုမှာ ဖော်ပြခဲ့ပါတယ် ။


.


ကြင်ကြင်နာနာကယ်ထုတ်သူတွေက သူမကိုရဲ့ဖြစ်ပုံကိုသိတဲ့အခါ သူတို့က သူမကို မကြင်နာတက်တဲ့ သူ‌တွေဆီကကနေ လွတ်မြောက်ဖို့နဲ့ သူမရဲ့အိမ်အသစ်ဖြစ်လာမယ့် Elephant Nature Park ကို ပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဒါပေမယ့် သူမကိုခေါ်ဖို့ သူတို့ရောက်လာတဲ့အခါမှာတော့ ဒဏ်ရာတော်တော်များများနဲ့ သူမကို ဆိုးရွားတဲ့ပုံသဏ္ဏာန်နဲ့တွေ့ခဲ့ပါတယ် ။


.


၂၀၁၇ ခုနှစ် Elephant Nature Park Website မှာ ပြောကြားခဲ့တာက သူမရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်က ဒဏ်ရာများစွာနဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေရှိနေပါတယ် ။ သူမကို ထိုင်းနိုင်ငံအနောက်ဘက် Kanchanaburi ပြည်နယ်အနီးက နေရာတစ်ခုမှာ သူမကိုသွားခေါ်ခဲ့ပါတယ် ။ သူမရဲ့ သဘာဝကယ်ဆယ်ရေးအဖွဲ့က ဆင်သဘာဝဥယျာဉ်သို့ နာရီ ၂၀ ခရီးအတွင်း ဆင်ကိုသက်တောင့်သက်သာရှိစေရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ် ။ “ ကားပေါ်မှာ သူမတော်တော်ဗိုက်ဆာနေပုံရပေမယ့် နေရာပြောင်းရလို့ သူမရဲ့စိတ်ကအရမ်းပျော်နေတဲ့အတွက် သူမဘာမှမစားခဲ့ပါဘူး ။


.


နာရီ ၂၀ ကြာခရီးအပြီး သူမဟာ ပန်းခြံကိုရောက်လာပြီး သန့်ရှင်းရာဌာနကို ပထမခြေလှမ်းတက်ခဲ့တယ် ။ Sook Jai က သူမရဲ့အိမ်သစ်ကို နေရတော့မှာမို့ ပျော်နေခဲ့ပါတယ် ” လို့ Website ကဆိုပါတယ် ။ Sook Jai ဟာ အသက်ကြီးပြီး မျက်မမြင်တစ်ပိုင်းဖြစ်ရုံသာမက နားမကြားပေမဲ့ သူမဟာသူမရဲ့အခန်းအသစ်မှာရှိနေတာကို သတိပြုမိပြီး ကယ်ဆယ်ရေးသမားတွေက ဆင်ရဲ့မျက်နှာမှာမျက်ရည်တွေ စီးကျနေတာကိုတွေ့ခဲ့ပါတယ် ။


.


“Sook Jai ဟာ သူမရဲ့အိမ်သစ်ကို အနံ့ခံပြီး မျက်ရည်များ စီးကျလာတယ် ။ ယခုသူမ ငြိမ်းချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ရတာကြောင့်ပါ ” လို့ Elephant News က YouTube မှာ ရေးသားခဲ့ပါတယ် ။


သူမကို ကယ်ဆယ်ခဲ့တဲ့ဗီဒီယိုကို ကြည့်တဲ့လူတွေတိုင်း Sook Jai အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပါတယ်။ “သူမမျက်ရည်ကျတာကို မြင်လိုက်ရတဲ့အခိုက်အတန့်မှာ ငါလည်း မျက်ရည်တွေကျခဲ့တယ်။ သူမလွတ်မြောက်နေပြီဆိုတာ သူမသိပါတယ်။ ကျေးဇူးပြုပြီးဆင်တွေကို ပိုပိုပြီးချစ်ပေးပါ! သူမကို ခက်ခဲကြမ်းတမ်းတဲ့အလုပ်နဲ့ မကြင်နာတက်တဲ့လူတွေဆီကနေ ကယ်ထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ” လို့ Yuhong Cui က ဆိုခဲ့ပါတယ် ။

အခုဆိုရင် Sook Jai က ပန်းခြံအားစူးစမ်းခြင်း၊ ရွှံ့တွင်းထဲသို့လှိမ့်ခြင်းနဲ့ ဆင်များ နှစ်သက်တဲ့အရာများကို ပြုလုပ်ခဲ့ပါတယ် ။ ပျော်ရွှင်စရာအခိုက်အတန့်လေးများက သူမအတွက်သာမကဘဲ သူမကိုပြုစုပျိုးထောင်ရန်နေရာတစ်ခုသို့ ရောက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ကြသူတိုင်းကိုလည်း ကျေနပ်စေခဲ့ပါတယ် ။ Sook Jai က သူမရဲ့ပတ်ဝန်းကျင်မှ ချစ်ခြင်းမေတ္တာများစွာကို ရရှိခဲ့ပြီး Elephant Nature Park မှ သူမကိုယ်တိုင်ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့အခိုက်အတန့်များကို မျှဝေခဲ့ပါတယ် ။

JRose (KBdailynews)

Reference : explore.newsner

Leave a Comment