Uncategorized

Facebook ပေါ်မှာ Live ရောင်းချခြင်းဖြင့် သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ အသက် ၂၂ နှစ်အရွယ်သာရှိသေးသော မိန်းကလေးတစ်ဦး(ရုပ်သံ)

ဖိလစ်ပိုင်လူမျိုးများစွာက COVID-19 ကပ်ရောဂါကာလအတွင်း အလုပ်အကိုင်များဆုံးရှုံးပြီး သူတို့စုဆောင်းရရှိတဲ့ငွေများကို ကုန်ဆုံးစေသော်လည်း လူငယ်အမျိုးသမီးတစ်ဦးက Facebook ပေါ်မှာ တိုက်ရိုက်ရောင်းချခြင်းအားဖြင့် Php1 သန်း (ဒေါ်လာ ၂၀,၇၀၀) ရရှိခဲ့ပါတယ် ။ Joyce Sibayan အမည်လို့ခေါ်တဲ့ မိန်းကလေးငယ်ဟာ အသက် ၂၂ နှစ်သာရှိသေးသော်လည်း သူမဟာ Php1 သန်း (ဒေါ်လာ ၂၀,၇၀၀) ကို ရရှိပြီးဖြစ်ပါတယ် ။ ၎င်းဟာ သူမဘဝမှာ ကျရှုံးမှုများစွာကြုံတွေ့ပြီးနောက် ပိုမိုစွဲမက်စေတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ် ။


.


မိန်းမပျိုလေးဟာ သူမငယ်ရွယ်စဉ်က သူမအပေါ်မကောင်းတဲ့ သြဇာလွှမ်းမိုးမှုရှိခဲ့ပုံကိုလည်း ပြန်ပြောပြခဲ့ပါတယ် ။ Joyce ရဲ့အဆိုအရ သူမဟာ သူငယ်ချင်းများနဲ့ အတူပျော်ပါးပြီး ရက်အကြာ အိမ်ပြန်မလာတဲ့အတွက် မိသားစုတွေက ရဲကိုသတင်းပို့ပြီး သူမကို လိုက်ရှာခဲ့ဖူးကြပါတယ် ။


.


သူမရဲ့ဆွေမျိုးသားချင်းတွေက အတိတ်မှာသူမ လုပ်ခဲ့ဖူးတဲ့မကောင်းမှုများစွာကြောင့် သူမကိုအထင်မကြီးကြဘူးလို့လည်း သူကဆက်ပြောပါတယ် ။ ဒါပေမယ့် Joyce က သူမကိုနှိမ့်ချဖို့ခွင့်မပြုခဲ့ပါဘူး ။ သူမကိုယ် သူမရွေးနှုတ်ပြီး ငွေရှာဖို့ကြိုးစားရင်းနောက်ပိုင်းမှာ လုပ်ငန်းအတော်များများကို သူမစတင်ခဲ့ပါတယ် ။


.


သူမက အဝတ်များနဲ့ အလှကုန်များရောင်းရန် ကြိုးစားခဲ့ပေမယ့် အဲဒီလုပ်ငန်းတွေအားလုံး မအောင်မြင်ခဲ့ပေမဲ့ ဇွဲမလျော့ဘဲ ဆက်လက်ကြိုးစားရင် အခုသူမလိုချင်တဲ့ အောင်မြင်မှုကို ရရှိလာခဲ့ပါပြီ ။ အရင်က သူမဟာ သူငယ်ချင်းတွေနဲ့အပြင်ထွက်ပြီး ပျော်ပါးခဲ့ပေမဲ့ သူတို့လို ပိုက်ဆံမရှိခဲ့ပါဘူး ။ ဒါကို ပြန်သတိရခြင်းက သူမကို ငိုစေခဲ့ပေမယ့် သူမအနေနဲ့ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့လို့ ခုချိန်မှာပျော်ရွှင်နေသလိုခံစားရတယ်လို့ ဆိုပါတယ် ။


သူမဟာ အရမ်းငယ်သေးရင်တောင် ဒီလောက်များတဲ့ငွေကို သူချွေတာနိုင်ခဲ့လို့ အံ့သြစရာတစ်ခုပါဘဲ ။ သူတစ်ပါးကို ဘယ်လိုအကြံပေးချင်လဲလို့ Joyce ကို မေးတဲ့အခါ အခက်အခဲများကြားမှပင် လူတို့ရဲ့ အလုပ်ကြိုးစားမှုနဲ့ ဘဝရဲ့စိတ်အားထက်သန်မှုဟာ အမှန်တကယ်အရေးကြီးတဲ့ အရာလို့ ပြောကြားခဲ့ပါတယ် ။

ဒါ့အပြင် သူမက လူတိုင်းကို သူတို့ရဲ့ဘဝမှာ အောင်မြင်မှုကိုရချင်တယ်ဆိုရင် စိတ်ရှည်ရှည်နဲ့ အကောင်းဆုံးကြိုးစားရန် အကြံပေးခဲ့ပါတယ် ။

Mia (KBdailynews)

Reference : rachfeed

Leave a Comment