Uncategorized

အမှိုက်ပုံးထဲကစားကြွင်းစားကျန်အချို့ကို ကိုယ်တိုင်ရှာဖွေကာ စားသောက်နေခဲ့တဲ့ သက်ကြီးရွယ်အိုအဘိုးတစ်ဦး(ရုပ်သံ)

ကျွန်တော်တို့အားလုံးဟာ နှစ်တွေကြာလာတဲ့အမျှ ကျွန်တော်တို့ချစ်ခင်ရတဲ့သူများနှင့်ဝန်းရံထားတဲ့သက်တောင့်သက်သာရှိတဲ့ဘဝမျိုး ၎င်းကဲ့သို့သောရိုးရှင်းတဲ့ဆန္ဒ ကိုယ်စီရှိကြပါတယ်။ သို့ပေမဲ့ လူတော်တော်များများဟာ ၎င်းတို့ရဲ့ဆန္ဒတွေကို လက်တွေ့ဖြစ်လာအောင် လုပ်ဖို့မတတ်နိုင်ကြရပါဘူး။မကြာသေးမီက ပျံ့နှံ့ခဲ့တဲ့ဗီဒီယိုတစ်ခုတွင် အိမ်ခြေရာမဲ့အဘိုးတစ်ဦးဟာ မလေးရှားနိုင်ငံ Perak ပြည်နယ်ရှိ အမှိုက်ပုံးထဲက စားကြွင်းစားကျန်အချို့ကို ရှာဖွေနေခဲ့တဲ့ပုံရိပ်ကို ပြသခဲ့ခြင်းကြောင့် လူများစွာရဲ့နှလုံးသားကိုထိခိုက်သွားစေခဲ့ပါတယ်။ အဆိုပါအိမ်ခြေရာမဲ့အဘိုးဟာ Perak ပြည်နယ် Ipoh မြို့ရှိ UTC Padang Besar အနီးမှာ အစားအသောက်ချို့ကို ရှာဖွေရင်း ၎င်းအမှိုက်ပုံးမှာ အချိန်ဖြုန်းနေခဲ့ပါတယ်။ စွန့်ပစ်ထားတဲ့အညစ်အကြေးများကိုကြည့်ပြီး သူစားဖို့လုံလောက်မဲ့အစားအစာတစ်ခုကို ရှာနေရင်းမှာတောင် အဘိုးဟာ ဘေးပတ်ဝန်းကျင်က သူ့အား ဘယ်လိုမြင်နေမလဲဆိုတာကိုတောင် မတွေးသလို ဂရုလည်းမစိုက်နေခဲ့ပါဘူး။


ဗီဒီယိုထဲအရ အဘိုးဟာ စားပြီးသားအကြွင်းအကျန်တစ်ခုကို မစားခင်မှာ ၎င်းရဲ့အနံ့အား ရှုရှိုက်နေတာကို တွေ့နိုင်ပါတယ်။ အဘိုးရဲ့လက်တစ်ဖက်၌ ပလပ်စတစ်အိတ်တစ်လုံးကို ကိုင်ထားတာကို တွေ့ရပြီး ၎င်းက ကျန်ရှိတဲ့သူ့ရဲ့တစ်နေ့တာအတွက် လုံလောက်မယ်လို့ တွေးထားပုံရပါတယ်။ လူအများစုအတွက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော်လည်း အဆိုပါအဘိုးဟာ အမှိုက်ပုံးထဲမှစားကြွင်းစားကျန်များကို စားခဲ့တဲ့အပြင် ဆက်လက်ရှင်သန်နိုင်ဖို့ အခြားနောက်တစ်နေ့စာအတွက်ကိုပါ ရှာဖွေနေခဲ့ရပါတယ်။


အဆိုပါအဘိုးရဲ့အကြောင်းကို သေချာမသိခဲ့ရပေမဲ့ အမှိုက်ပုံးမှစားကြွင်းစားကျန်များကို ရှာစားခဲ့ပြီး ဟောင်းနွမ်းတဲ့အဝတ်အစားများနှင့် အဘိုးရဲ့ပိန်ပါးလွန်းတဲ့ခန္ဓာကိုယ်အနေအထားတို့ကို ကြည့်ခြင်းအားဖြင့် အိမ်ခြေရာမဲ့တစ်ဦးလို့ ထင်မြင်ရပါတယ်။ ၎င်းဗီဒီယိုဖိုင်က social media ပေါ်သို့ လျင်မြန်စွာပျံ့နှံ့သွားတဲ့အခါ အင်တာနက်သုံးစွဲသူများက အဆိုပါအဘိုးနှင့်သိသူများကို အဘိုးအား အကူအညီပေးဖို့နှင့် စားနပ်ရိက္ခာများ ၊ အိပ်စက်နိုင်မဲ့အမိုးအကာများကို ထောက်ပံ့ပေးပို့ တိုက်တွန်းခဲ့ကြပါတယ်။ အချို့ကလည်း ၎င်းဗီဒီယိုအား ရိုက်ကူးနေခဲ့တဲ့သူအား ၎င်းကဲ့သို့ရိုက်ကူးနေမဲ့အစား အဆိုပါအဘိုးအား ဘိုးဘွားရိပ်သာကဲ့သို့သော နေရာမျိုးသို့ ပို့ဆောင်ပေးသင့်ကြောင်းကိုပါ မှတ်ချက်ပေးခဲ့ကြပါတယ်။


Mia (KBdailynews)


Reference : goodtimes


Zawgyi

ကြၽန္ေတာ္တို႔အားလုံးဟာ ႏွစ္ေတြၾကာလာတဲ့အမွ် ကြၽန္ေတာ္တို႔ခ်စ္ခင္ရတဲ့သူမ်ားႏွင့္ဝန္းရံထားတဲ့သက္ေတာင့္သက္သာရွိတဲ့ဘဝမ်ိဳး ၎ကဲ့သို႔ေသာ႐ိုးရွင္းတဲ့ဆႏၵ ကိုယ္စီရွိၾကပါတယ္။ သို႔ေပမဲ့ လူေတာ္ေတာ္မ်ားမ်ားဟာ ၎တို႔ရဲ႕ဆႏၵေတြကို လက္ေတြ႕ျဖစ္လာေအာင္ လုပ္ဖို႔မတတ္ႏိုင္ၾကရပါဘူး။မၾကာေသးမီက ပ်ံ႕ႏွံ႔ခဲ့တဲ့ဗီဒီယိုတစ္ခုတြင္ အိမ္ေျခရာမဲ့အဘိုးတစ္ဦးဟာ မေလးရွားႏိုင္ငံ Perak ျပည္နယ္ရွိ အမႈိက္ပုံးထဲက စားႂကြင္းစားက်န္အခ်ိဳ႕ကို ရွာေဖြေနခဲ့တဲ့ပုံရိပ္ကို ျပသခဲ့ျခင္းေၾကာင့္ လူမ်ားစြာရဲ႕ႏွလုံးသားကိုထိခိုက္သြားေစခဲ့ပါတယ္။ အဆိုပါအိမ္ေျခရာမဲ့အဘိုးဟာ Perak ျပည္နယ္ Ipoh ၿမိဳ႕ရွိ UTC Padang Besar အနီးမွာ အစားအေသာက္ခ်ိဳ႕ကို ရွာေဖြရင္း ၎အမႈိက္ပုံးမွာ အခ်ိန္ျဖဳန္းေနခဲ့ပါတယ္။ စြန္႔ပစ္ထားတဲ့အညစ္အေၾကးမ်ားကိုၾကည့္ၿပီး သူစားဖို႔လုံေလာက္မဲ့အစားအစာတစ္ခုကို ရွာေနရင္းမွာေတာင္ အဘိုးဟာ ေဘးပတ္ဝန္းက်င္က သူ႔အား ဘယ္လိုျမင္ေနမလဲဆိုတာကိုေတာင္ မေတြးသလို ဂ႐ုလည္းမစိုက္ေနခဲ့ပါဘူး။


ဗီဒီယိုထဲအရ အဘိုးဟာ စားၿပီးသားအႂကြင္းအက်န္တစ္ခုကို မစားခင္မွာ ၎ရဲ႕အနံ႔အား ရႈရႈိက္ေနတာကို ေတြ႕ႏိုင္ပါတယ္။ အဘိုးရဲ႕လက္တစ္ဖက္၌ ပလပ္စတစ္အိတ္တစ္လုံးကို ကိုင္ထားတာကို ေတြ႕ရၿပီး ၎က က်န္ရွိတဲ့သူ႔ရဲ႕တစ္ေန႔တာအတြက္ လုံေလာက္မယ္လို႔ ေတြးထားပုံရပါတယ္။ လူအမ်ားစုအတြက္ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းေသာ္လည္း အဆိုပါအဘိုးဟာ အမႈိက္ပုံးထဲမွစားႂကြင္းစားက်န္မ်ားကို စားခဲ့တဲ့အျပင္ ဆက္လက္ရွင္သန္ႏိုင္ဖို႔ အျခားေနာက္တစ္ေန႔စာအတြက္ကိုပါ ရွာေဖြေနခဲ့ရပါတယ္။

အဆိုပါအဘိုးရဲ႕အေၾကာင္းကို ေသခ်ာမသိခဲ့ရေပမဲ့ အမႈိက္ပုံးမွစားႂကြင္းစားက်န္မ်ားကို ရွာစားခဲ့ၿပီး ေဟာင္းႏြမ္းတဲ့အဝတ္အစားမ်ားႏွင့္ အဘိုးရဲ႕ပိန္ပါးလြန္းတဲ့ခႏၶာကိုယ္အေနအထားတို႔ကို ၾကည့္ျခင္းအားျဖင့္ အိမ္ေျခရာမဲ့တစ္ဦးလို႔ ထင္ျမင္ရပါတယ္။ ၎ဗီဒီယိုဖိုင္က social media ေပၚသို႔ လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားတဲ့အခါ အင္တာနက္သုံးစြဲသူမ်ားက အဆိုပါအဘိုးႏွင့္သိသူမ်ားကို အဘိုးအား အကူအညီေပးဖို႔ႏွင့္ စားနပ္ရိကၡာမ်ား ၊ အိပ္စက္ႏိုင္မဲ့အမိုးအကာမ်ားကို ေထာက္ပံ့ေပးပို႔ တိုက္တြန္းခဲ့ၾကပါတယ္။ အခ်ိဳ႕ကလည္း ၎ဗီဒီယိုအား ႐ိုက္ကူးေနခဲ့တဲ့သူအား ၎ကဲ့သို႔႐ိုက္ကူးေနမဲ့အစား အဆိုပါအဘိုးအား ဘိုးဘြားရိပ္သာကဲ့သို႔ေသာ ေနရာမ်ိဳးသို႔ ပို႔ေဆာင္ေပးသင့္ေၾကာင္းကိုပါ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

Mia (KBdailynews)

Leave a Comment