Wed. Oct 27th, 2021

လက်မောင်းဒဏ်ရာနဲ့ပတ်သတ်၍ စိတ်ဝင်စားခံရမှုမြင့်တက်နေတဲ့ Super Juniorအဖွဲ့ဝင် Donghae

ယနေ့19ရက်နေ့တွင် Super Juniorအဖွဲ့ဝင် Donghaeသည် သူ၏ Instagram storyတွင် Covid-19 ကာကွယ်ဆေးအကြောင်းမျှဝေပေးခဲ့ရာ အင်တာနက်သုံးစွဲသူများအကြား အလျှင်အမြန်ပြန့်နှံ့သွားခဲ့ပါတယ်။

“ကာကွယ်ဆေးဆိုးပြီး 8နာရီရှိပြီတောင် လက်မောင်းနာနေတုန်းပဲ၊ ဒါပုံမှန်ပဲလား”

” အခု Pfizer ကာကွယ်ဆေးထိုးပြီး 12နာရီရှိပြီ၊ လက်မောင်းကို မြှောက်လို့မရသေးဘူး”

“ဆေးထိုးပြီးတာ 14နာရီနဲ့မိနစ်40ရှိပါပြီ၊ လက်မောင်းကတော့ မြှောက်နိုင်သေးဘူး၊ အခုတော့ အရင်ဆုံးအိပ်လိုက်အုန်းမယ်”ဟု မျှဝေပေးခဲ့ပါတယ်။

အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း ” Pfizerကာကွယ်ဆေးထိုးပြီးနောက် ဆေးထိုးတဲ့နေရာနာကျင်ခြင်း၊မောပန်းခြင်း၊ခေါင်းကိုက်ခြင်း၊ကြွက်သားများကိုက်ခဲခြင်း၊ အအေးမိခြင်း၊အရိုးအဆစ်များကိုက်ခဲခြင်းနှင့် ဖျားနာခြင်းတို့မှာ ဆေး၏ဘေးထွက်ဆိုးကျိုးများ”အနေဖြင့် ဖြစ်တတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကမ္ဘတစ်ဝှမ်းမှ ပရိသတ်များမှာလည်း Donghae၏ IG Storyနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေကြပြီး Donghaeဆီမှ သတင်းအသစ်များကို စောင့်မျော်နေကြလျက်ရှိပါသည်။

အသစ်အသစ်သော Updateများကို အချိန်နဲ့မပြတ်တင်ဆက်ပေးမှာမို့ Pageလေးကို Like and Follow ပြုလုပ်ပေးတားပါ။

Zawgyi









 

Leave a Reply

Your email address will not be published. Required fields are marked *