Uncategorized

တောင့်တင်းတဲ့ ကိုယ်ခန္ဓာနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ တက်တူးပုံစံကြောင့် မိန်းကလေးတွေသာမက ယောကျာ်းလေးကိုပါ ဆွဲဆောင်နိုင်ခဲ့တဲ့ မော်ဒယ်တစ်ဦး

တက်တူးဟာ အလှအပနဲ့ဆိုင်တယ်ဆိုတာ ငါတို့အားလုံး သိထားကြပါတယ် ။ ဒါပေမယ့် ဒီအမျိုးသားရဲ့ တက်တူးပုံစံက မိန်းကလေးတွေရဲ့စိတ်ကိုထိုးဖောက်နိုင်ရုံသာမက orgasms မျိုးစုံပေးတယ်လို့ ၎င်းအမျိုးသားက ဆိုပါတယ် ။ ယခုအသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Jake Andrich ဟာ ကနေဒါမှ မော်ဒယ်တစ်ဦးဖြစ်ပြီး ကြည်လင်ပြီး sexy ကျတဲ့ ဓာတ်ပုံများ ရိုက်ကူးနေခဲ့ပါတယ် ။ သူက Instagram ကဲ့သို့ social media ပေါ်မှာ ပရိသတ်များရှိနေပြီး Follower တွေလည်း များစွာ ပိုင်ထားခဲ့ပါတယ် ။ Jake က လေ့ကျင့်ခန်းစတင်လုပ်ဆောင်ပြီးကတည်းက သူ့ခန္ဓာကိုယ်မှာ တက်တူးတွေ ထိုးပြီး မိမိကိုယ်ကို ယုံကြည်မှုအဆင့်ဟာ အချိန်တိုင်းမှာ အမြင့်ဆုံးရောက်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။


ပုဂ္ဂိုလ်ရေးအရ သူရဲ့ ပုံသဏ္ဏာန်နဲ့ တက်တူး တွေကြောင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေတောင် သူ့ကို မနာလိုတဲ့ အကြည့်တွေကြည်နေကြတယ်လို့ Jake က ဆိုပါတယ် ။ Jake Andrich ဟာ သုံးနှစ်တာကာလအတွင်း ကောင်းမွန်တဲ့ ပုံစံဖြင့် ရှိနေပြီး မကြာသေးမီက ကနေဒါကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပါတယ် ။ အွန်လိုင်းမှ စတင်တော့မယ့် နာမည်ကြီး Mister Bumbum ပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ် ။ “ပြိုင်ပွဲရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်” လို့ Jake က ပြောဆိုခဲ့ပါတယ် ။ သင့်ကိုယ်သင် ကြံ့ခိုင်တောင့်တင်းတဲ့ ပုံသဏ္ဏာန်လိုချင်ရင် မိမိကိုယ်ကို ဂရုစိုက်ခြင်းနဲ့ အပတ်တိုင်း လေ့ကျင့်ခန်းများ ပြုလုပ်သင့်တယ်လို့လည်း Jake က အကြံပြုခဲ့ပါတယ်။


.


.


.


.


.


.


.


.


.


.


.


.


JRose (KBdailynews)

Reference : sanook

Zawgyi




JRose (KBdailynews)

Leave a Comment