success

တိုးတက်အောင်မြင်ဖို့ ဘယ်အရာတွေမှာ ရင်းနှီးမြုပ်နှံရမလဲ

တိုးတက်အောင်မြင်ဖို့ ဘယ်အရာတွေမှာ ရင်းနှီးမြုပ်နှံရမလဲ

လူတိုင်းကတော့ ကိုယ်ရဲ့ဘဝကိုလက်ရှိအခြေအနေထက်ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ချင်ကြသူချည်းပါပဲ။ ကိုယ့်ကိုယ်ကို တိုးတက်တဲ့သူတစ်ယောက်ဖြစ်ဖို့ ဆိုရင်အရေးကြီးဆုံးက ကိုယ်အတွက်ရင်းနှီးမြုပ်နှံမှု ဘာတွေလုပ်လဲဆိုတာကို ပြန်တွေးရမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ စာဖတ်သူတွေရဲ့ ဘဝကို တိုးတက်တဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို ဘယ်လိုရင်းနှီးမြုပ်နှံမှုတွေလုပ်သင့်လဲဆိုတာပြောပြပေးချင်ပါတယ်။

(၁) အချိန်ကိုကောင်းကောင်းအသုံးချပါ

 

လူတိုင်းအတွက် အချိန်ဟာအရေးကြီးသလို တိုးတက်ပြောင်းလဲချင်တဲ့သူတစ်ယောက်အတွက်လည်း အချိန်ကိုအကျိုးရှိစွာအသုံးချတက်ဖို့က အရေးကြီးပါတယ်။ တန်ဖိုးရှိတဲ့အချိန်တွေကို ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေပေါ်မှာမကုန်ဆုံးပဲ အားလပ်ချိန်တွေမှာ သင်တန်းတွေတက်မယ် စာဖတ်မယ် စသည်ဖြင့် ကိုယ့်အတွက် တိုးတက်စေမယ့်အရာတွေနဲ့သာအချိန်ကုန်ဆုံးသင့်တာဖြစ်ပါတယ်။

(၂) စာဖတ်ပါ

 

စာဖတ်ခြင်းကလည်း အကောင်းဆုံးသော ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ဆိုနိုင်ပါတယ်။ စာအုပ်စာပေတွေထဲကနေ များစွာသော အသိပညာဗဟုသုတတွေရနိုင်သလို ဘဝအတွက် သင်ခန်းစာတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းအလေ့အထကို မဖြစ်မနေပြုလုပ်သင့်ပြီး အားလပ်ချိန်တွေမှာ စာအုပ်ဖတ်ခြင်းနဲ့ အချိန်ကိုအကျိုးရှိရှိကုန်ဆုံးသင့်ပါတယ်။

(၃) အမြဲလေ့လာနေပါ

ယနေ့ခေတ်မှာ ပညာရပ်တစ်ခုကို သင်ယူလေ့လာဖို့အရမ်းကိုလွယ်ကူနေပါပြီ။ သိချင်တဲ့အကြောင်းအရာတွေကို အင်တာနက်ကနေ အချိန်တိုအတွင်း ရှာဖွေလု့ိရနေတဲ့ခေတ်ကြီးမှာ လေ့လာသင်ယူခြင်းတွေကို ဆက်တိုက်ပြုလုပ်နေသင့်ပါတယ်။ သင်ယူလေ့လာခြင်းတွေက သင့်အတွက်အကောင်းဆုံးရင်းနှီးမြုပ်နှံမှုတစ်ခုပါပဲ။

(၄) ကိုယ့်ကိုယ်ကိုမလိမ်ပါနဲ့

မသိတာထက် သိချင်တတ်ချင် ယောင်ဆောင်တာဟာ ဘဝမှာအဆိုးဆုံးလုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ထက်သိနားလည်သူတွေ တက်ကျွမ်းတဲ့စီနီယာတွေကို ကိုယ်အနေနဲ့ မသိရင် မသိသလို ပွင့်ပွင့်လင်းလင်းမေးပါ သင်ယူပါ။ သူစိမ်းတစ်ယောက်စီက ကိုယ်မသိသေးတဲ့အရာတွ သင်ယူလေ့လာတာက ရှက်စရာမဟုတ်ပါဘူး။ သိချင်ယောင်ဆောင်ပြီး ကိုယ့်ကိုယ်ကိုလိမ်နေတာသာ ရှက်စရာဖြစ်ပါတယ်။

 

Zawgyi

တိုးတက္ေအာင္ျမင္ဖို႔ ဘယ္အရာေတြမွာ ရင္းႏွီးျမဳပ္ႏွံရမလဲ

လူတိုင္းကေတာ့ ကိုယ္ရဲ႕ဘဝကိုလက္ရွိအေျခအေနထက္ပိုေကာင္းတဲ့ေနရာတစ္ခုကိုေရာက္ခ်င္ၾကသူခ်ည္းပါပဲ။ ကိုယ့္ကိုယ္ကို တိုးတက္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ ဆိုရင္အေရးႀကီးဆုံးက ကိုယ္အတြက္ရင္းႏွီးျမဳပ္ႏွံမႈ ဘာေတြလုပ္လဲဆိုတာကို ျပန္ေတြးရမွာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ စာဖတ္သူေတြရဲ႕ ဘဝကို တိုးတက္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ ကိုယ့္ကိုယ္ကို ဘယ္လိုရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္သင့္လဲဆိုတာေျပာျပေပးခ်င္ပါတယ္။

(၁) အခ်ိန္ကိုေကာင္းေကာင္းအသုံးခ်ပါ

လူတိုင္းအတြက္ အခ်ိန္ဟာအေရးႀကီးသလို တိုးတက္ေျပာင္းလဲခ်င္တဲ့သူတစ္ေယာက္အတြက္လည္း အခ်ိန္ကိုအက်ိဳးရွိစြာအသုံးခ်တက္ဖို႔က အေရးႀကီးပါတယ္။ တန္ဖိုးရွိတဲ့အခ်ိန္ေတြကို ဆိုရွယ္မီဒီယာေတြ ဂိမ္းေတြေပၚမွာမကုန္ဆုံးပဲ အားလပ္ခ်ိန္ေတြမွာ သင္တန္းေတြတက္မယ္ စာဖတ္မယ္ စသည္ျဖင့္ ကိုယ့္အတြက္ တိုးတက္ေစမယ့္အရာေတြနဲ႔သာအခ်ိန္ကုန္ဆုံးသင့္တာျဖစ္ပါတယ္။

(၂) စာဖတ္ပါ

စာဖတ္ျခင္းကလည္း အေကာင္းဆုံးေသာ ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုလို႔ဆိုႏိုင္ပါတယ္။ စာအုပ္စာေပေတြထဲကေန မ်ားစြာေသာ အသိပညာဗဟုသုတေတြရႏိုင္သလို ဘဝအတြက္ သင္ခန္းစာေတြကိုလည္း ရရွိေစႏိုင္ပါတယ္။ ဒါေၾကာင့္ စာဖတ္ျခင္းအေလ့အထကို မျဖစ္မေနျပဳလုပ္သင့္ၿပီး အားလပ္ခ်ိန္ေတြမွာ စာအုပ္ဖတ္ျခင္းနဲ႔ အခ်ိန္ကိုအက်ိဳးရွိရွိကုန္ဆုံးသင့္ပါတယ္။

(၃) အၿမဲေလ့လာေနပါ

ယေန႔ေခတ္မွာ ပညာရပ္တစ္ခုကို သင္ယူေလ့လာဖို႔အရမ္းကိုလြယ္ကူေနပါၿပီ။ သိခ်င္တဲ့အေၾကာင္းအရာေတြကို အင္တာနက္ကေန အခ်ိန္တိုအတြင္း ရွာေဖြလု႔ိရေနတဲ့ေခတ္ႀကီးမွာ ေလ့လာသင္ယူျခင္းေတြကို ဆက္တိုက္ျပဳလုပ္ေနသင့္ပါတယ္။ သင္ယူေလ့လာျခင္းေတြက သင့္အတြက္အေကာင္းဆုံးရင္းႏွီးျမဳပ္ႏွံမႈတစ္ခုပါပဲ။

(၄) ကိုယ့္ကိုယ္ကိုမလိမ္ပါနဲ႔

မသိတာထက္ သိခ်င္တတ္ခ်င္ ေယာင္ေဆာင္တာဟာ ဘဝမွာအဆိုးဆုံးလုပ္ရပ္တစ္ခုျဖစ္ပါတယ္။ ကိုယ္ထက္သိနားလည္သူေတြ တက္ကြၽမ္းတဲ့စီနီယာေတြကို ကိုယ္အေနနဲ႔ မသိရင္ မသိသလို ပြင့္ပြင့္လင္းလင္းေမးပါ သင္ယူပါ။ သူစိမ္းတစ္ေယာက္စီက ကိုယ္မသိေသးတဲ့အရာတြ သင္ယူေလ့လာတာက ရွက္စရာမဟုတ္ပါဘူး။ သိခ်င္ေယာင္ေဆာင္ၿပီး ကိုယ့္ကိုယ္ကိုလိမ္ေနတာသာ ရွက္စရာျဖစ္ပါတယ္။

 

 

Leave a Comment