ဂိုထောင်ထဲက စခဲ့တဲ့ ကမ္ဘာ့အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်း (၅) ခု
စီးပွားရေးလုပ်ငန်းတစ်ခု မဖြစ်စလောက် ပိုက်ဆံနည်းနည်းနဲ့ လုပ်ငန်းစခဲ့တယ်။ ရုံးချုပ်က ဂိုထောင်ဟောင်းတစ်လုံးဖြစ်လို့ သူ့ကို ဂိုထောင် Startup လို့ ခေါ်ခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းတာက ကမ္ဘာ့အကြီးဆုံး နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေ ၊ တီးဝိုင်းအဖွဲ့နဲ့ တခြားအောင်မြင်တဲ့စီးပွားရေး လုပ်ငန်းတွေထဲက အတော်များများဟာ ဂိုထောင်တစ်လုံးထဲကနေ လုပ်ငန်းစခဲ့တာပါပဲ။ ကဲ.. ဘယ်လို လုပ်ငန်းတွေလည်း ကြည့်ရအောင်ပါ။
(၁) Amazon
Amazon
Photo: Brightside Me
၁၉၉၄ ခုနှစ် အင်တာနက်ခေတ်ဦးမှာ ဂျက်ဖ်ဘီဇော့စ်ဆိုတဲ့ လူတစ်ယောက်ဟာ ကိုယ်ပိုင် အွန်လိုင်းစာအုပ်ဆိုင်တစ်ခု ထောင်ခဲ့ပါတယ်။ သူ့လုပ်ငန်းရဲ့ ရုံးချုပ်က သူ့အိမ်က ဂိုထောင်ထဲမှာပါ။ တံခါးဟောင်းတစ်ခုကို သူ့ရုံးစားပွဲအဖြစ်နဲ့ပေါ့။ အခုတော့ Amazon ဆိုတာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလက်လီစတိုးဆိုင် ဖြစ်လာပြီး ဒီလုပ်ငန်းကို တည်ထောင်ခဲ့တဲ့ ဂျက်ဖ်ဘီဇော့ကလည်း ကိုယ်ပိုင် အာကာသယာဉ်လုပ်ငန်းကြီးဖြစ်တဲ့ Blue Origin တို့လို လုပ်ငန်းမျိုးပါ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီး ဖြစ်နေပါပြီ။
(၂) Apple
Apple
Photo: Brightside Me
အခု Apple ရုံးချုပ်ဟာ ဒေါ်လာ ၅ ဘီလျံတန်တဲ့ အဆောက်အဦဖြစ်နေပေမယ့် Apple ကို ပထမဆုံး သန္ဓေတည်ခဲ့တာက စတိဗ်ဂျော့စ်မိသားစုပိုင် ဂိုထောင်ထဲမှာ ဖြစ်ပါတယ်။ Apple ကုမ္ပဏီဟာ လက်ရှိမှာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး စီးပွားရေးလုပ်ငန်းအမှတ်တံဆိပ်စာရင်းဝင် ကုမ္ပဏီကြီးဖြစ်လာပါပြီ။ စက်ဝိုင်းပုံ ၊ လေးထပ် Apple ရုံးချုပ်သစ်ကလည်း စတုရန်းပေ ၂.၈ သန်း ကျယ်ပြီး ဝန်ထမ်းပေါင်း ၁၃၀၀၀ အထိ ထားနိုင်တဲ့ ရုံးကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်ပါတယ်။
(၃) Disney
Disney
Photo: Brightside Me
ရွိုင်းနဲ့ ဝေါ့တ်ဒစ္စနေတို့ဟာ သူတို့ရဲ့ ပထမဆုံး အထူးပြုလုပ်ချက်လုပ်ထားတဲ့ ကာတွန်းရုပ်ရှင်ကို သူတို့ဦးလေးရဲ့ ကားဂိုထောင်ထဲမှာ ရိုက်ကူးခဲ့တာပါ။ အခုတော့ Walt Disney ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ ဝင်ငွေအမြင့်ဆုံးရတဲ့ မီဒီယာအဖွဲ့အစည်းကြီး ဖြစ်လာသလို ကိုယ်ပိုင်ရုပ်ရှင်ခြံကျယ်ကြီးတွေ ၊ တီဗွီရုပ်သံလိုင်းတွေပါ ရှိလာပြီ ဖြစ်ပါတယ်။
(၄) Hewlett-Packard
Hewlett-Packard
Photo: Brightside Me
ကမ္ဘာ့အကြီးဆုံး Laptop ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Hewlett-Packard ကို HP အမှတ်တံဆိပ်အနေနဲ့ လူသိများပါတယ်။ အခုချိန် HP ကုမ္ပဏီရုံးဟာ တကယ့်ခမ်းခမ်းနားနား မိုးမျှော်အဆောက်အဦကြီး ဖြစ်နေပေမယ့် ဒီကုမ္ပဏီဟာ ပထမတော့ ပက်ကတ်ရဲ့ ဂိုထောင်ထဲမှာ တိုင်းတာရေးကိရိယာထုတ်လုပ်သူအဖြစ် စတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ဖောက်သည်တွေထဲက တစ်ဦးက Walt Disney ကုမ္ပဏီ ဖြစ်ပါတယ်။
(၅) Google
Photo: Brightside Me
ကမ္ဘာ့အကြီးဆုံး ရှာဖွေရေးအင်ဂျင်လုပ်ငန်းကြီးဖြစ်တဲ့ Google ဟာ တစ်ခါကတော့ စတန်းဖို့ဒ်ကျောင်းထွက်နှစ်ဦးရဲ့ သုတေသနပရောဂျက်ကနေ ဖြစ်ပေါ်လာခဲ့တာပါ။ Google ရဲ့ ပထမဆုံးရုံးခန်းဟာ တကယ့်ကို သေးငယ်ကျဉ်းမြောင်းလှတဲ့ ဂိုထောင်ငယ်တစ်ခုဖြစ်ပါတယ်။ အခုတော့ Google ဟာ နောက်ဆုံးပေါ် နည်းပညာနဲ့ သိပ္ပံသုတေသနတွေ လုပ်ဆောင်ရာ နည်းပညာလုပ်ငန်းစုကြီး ဖြစ်လာပြီး လူမဲ့ယာဉ် ၊ ကွန်ပျူတာပုံရိပ်ယောင်နည်းပညာ ၊ ရောဂါဖြစ်မယ့်အရေး စောစီးစွာ ထောက်လှမ်းရေးကနေ ကြိုးမဲ့အင်တာနက်နယ်ပယ်အထိ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံထားပြီ ဖြစ်ပါတယ်၊
Zawgyi
ဂိုေထာင္ထဲက စခဲ့တဲ့ ကမာၻ႔အေအာင္ျမင္ဆုံး စီးပြားေရးလုပ္ငန္း (၅) ခု
စီးပြားေရးလုပ္ငန္းတစ္ခု မျဖစ္စေလာက္ ပိုက္ဆံနည္းနည္းနဲ႔ လုပ္ငန္းစခဲ့တယ္။ ႐ုံးခ်ဳပ္က ဂိုေထာင္ေဟာင္းတစ္လုံးျဖစ္လို႔ သူ႔ကို ဂိုေထာင္ Startup လို႔ ေခၚခဲ့ပါတယ္။ အံ့အားသင့္စရာေကာင္းတာက ကမာၻ႔အႀကီးဆုံး ႏိုင္ငံစုံေကာ္ပိုေရးရွင္းႀကီးေတြ ၊ တီးဝိုင္းအဖြဲ႕နဲ႔ တျခားေအာင္ျမင္တဲ့စီးပြားေရး လုပ္ငန္းေတြထဲက အေတာ္မ်ားမ်ားဟာ ဂိုေထာင္တစ္လုံးထဲကေန လုပ္ငန္းစခဲ့တာပါပဲ။ ကဲ.. ဘယ္လို လုပ္ငန္းေတြလည္း ၾကည့္ရေအာင္ပါ။
(၁) Amazon
Amazon
Photo: Brightside Me
၁၉၉၄ ခုႏွစ္ အင္တာနက္ေခတ္ဦးမွာ ဂ်က္ဖ္ဘီေဇာ့စ္ဆိုတဲ့ လူတစ္ေယာက္ဟာ ကိုယ္ပိုင္ အြန္လိုင္းစာအုပ္ဆိုင္တစ္ခု ေထာင္ခဲ့ပါတယ္။ သူ႔လုပ္ငန္းရဲ႕ ႐ုံးခ်ဳပ္က သူ႔အိမ္က ဂိုေထာင္ထဲမွာပါ။ တံခါးေဟာင္းတစ္ခုကို သူ႔႐ုံးစားပြဲအျဖစ္နဲ႔ေပါ့။ အခုေတာ့ Amazon ဆိုတာ ကမာၻ႔အႀကီးဆုံး အြန္လိုင္းလက္လီစတိုးဆိုင္ ျဖစ္လာၿပီး ဒီလုပ္ငန္းကို တည္ေထာင္ခဲ့တဲ့ ဂ်က္ဖ္ဘီေဇာ့ကလည္း ကိုယ္ပိုင္ အာကာသယာဥ္လုပ္ငန္းႀကီးျဖစ္တဲ့ Blue Origin တို႔လို လုပ္ငန္းမ်ိဳးပါ ပိုင္ဆိုင္ထားတဲ့ ကမာၻ႔အခ်မ္းသာဆုံး ဘီလ်ံနာႀကီး ျဖစ္ေနပါၿပီ။
(၂) Apple
Apple
Photo: Brightside Me
အခု Apple ႐ုံးခ်ဳပ္ဟာ ေဒၚလာ ၅ ဘီလ်ံတန္တဲ့ အေဆာက္အဦျဖစ္ေနေပမယ့္ Apple ကို ပထမဆုံး သေႏၶတည္ခဲ့တာက စတိဗ္ေဂ်ာ့စ္မိသားစုပိုင္ ဂိုေထာင္ထဲမွာ ျဖစ္ပါတယ္။ Apple ကုမၸဏီဟာ လက္ရွိမွာ ကမာၻ႔တန္ဖိုးအျမင့္ဆုံး စီးပြားေရးလုပ္ငန္းအမွတ္တံဆိပ္စာရင္းဝင္ ကုမၸဏီႀကီးျဖစ္လာပါၿပီ။ စက္ဝိုင္းပုံ ၊ ေလးထပ္ Apple ႐ုံးခ်ဳပ္သစ္ကလည္း စတုရန္းေပ ၂.၈ သန္း က်ယ္ၿပီး ဝန္ထမ္းေပါင္း ၁၃၀၀၀ အထိ ထားႏိုင္တဲ့ ႐ုံးႀကီးတစ္ခုအျဖစ္ အသြင္ေျပာင္းသြားၿပီ ျဖစ္ပါတယ္။
(၃) Disney
Disney
Photo: Brightside Me
႐ြိဳင္းနဲ႔ ေဝါ့တ္ဒစၥေနတို႔ဟာ သူတို႔ရဲ႕ ပထမဆုံး အထူးျပဳလုပ္ခ်က္လုပ္ထားတဲ့ ကာတြန္း႐ုပ္ရွင္ကို သူတို႔ဦးေလးရဲ႕ ကားဂိုေထာင္ထဲမွာ ႐ိုက္ကူးခဲ့တာပါ။ အခုေတာ့ Walt Disney ကုမၸဏီဟာ ကမာၻေပၚမွာ အႀကီးဆုံးနဲ႔ ဝင္ေငြအျမင့္ဆုံးရတဲ့ မီဒီယာအဖြဲ႕အစည္းႀကီး ျဖစ္လာသလို ကိုယ္ပိုင္႐ုပ္ရွင္ၿခံက်ယ္ႀကီးေတြ ၊ တီဗြီ႐ုပ္သံလိုင္းေတြပါ ရွိလာၿပီ ျဖစ္ပါတယ္။
(၄) Hewlett-Packard
Hewlett-Packard
Photo: Brightside Me
ကမာၻ႔အႀကီးဆုံး Laptop ကုမၸဏီေတြထဲက တစ္ခုျဖစ္တဲ့ Hewlett-Packard ကို HP အမွတ္တံဆိပ္အေနနဲ႔ လူသိမ်ားပါတယ္။ အခုခ်ိန္ HP ကုမၸဏီ႐ုံးဟာ တကယ့္ခမ္းခမ္းနားနား မိုးေမွ်ာ္အေဆာက္အဦႀကီး ျဖစ္ေနေပမယ့္ ဒီကုမၸဏီဟာ ပထမေတာ့ ပက္ကတ္ရဲ႕ ဂိုေထာင္ထဲမွာ တိုင္းတာေရးကိရိယာထုတ္လုပ္သူအျဖစ္ စတင္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ပထမဆုံး ေဖာက္သည္ေတြထဲက တစ္ဦးက Walt Disney ကုမၸဏီ ျဖစ္ပါတယ္။
(၅) Google
Photo: Brightside Me
ကမာၻ႔အႀကီးဆုံး ရွာေဖြေရးအင္ဂ်င္လုပ္ငန္းႀကီးျဖစ္တဲ့ Google ဟာ တစ္ခါကေတာ့ စတန္းဖို႔ဒ္ေက်ာင္းထြက္ႏွစ္ဦးရဲ႕ သုေတသနပေရာဂ်က္ကေန ျဖစ္ေပၚလာခဲ့တာပါ။ Google ရဲ႕ ပထမဆုံး႐ုံးခန္းဟာ တကယ့္ကို ေသးငယ္က်ဥ္းေျမာင္းလွတဲ့ ဂိုေထာင္ငယ္တစ္ခုျဖစ္ပါတယ္။ အခုေတာ့ Google ဟာ ေနာက္ဆုံးေပၚ နည္းပညာနဲ႔ သိပၸံသုေတသနေတြ လုပ္ေဆာင္ရာ နည္းပညာလုပ္ငန္းစုႀကီး ျဖစ္လာၿပီး လူမဲ့ယာဥ္ ၊ ကြန္ပ်ဴတာပုံရိပ္ေယာင္နည္းပညာ ၊ ေရာဂါျဖစ္မယ့္အေရး ေစာစီးစြာ ေထာက္လွမ္းေရးကေန ႀကိဳးမဲ့အင္တာနက္နယ္ပယ္အထိ က်ယ္က်ယ္ျပန႔္ျပန႔္လႊမ္းၿခဳံထားၿပီ ျဖစ္ပါတယ္၊