Love

မနေချင်လို့ ထွက်သွားပါမယ်ဆိုရင် အသာတကြည်နဲ့ လက်တွဲဖြုတ်ပေးနိုင်တဲ့အထိ ရင့်ကျက်ပါ

ပိုင်ရှင်ရှိမှန်းသိသိရဲ့နဲ့ လိုချင်နေတဲ့ မိန်းမတွေကို ကြည့်ပြီးတော့ သနားတယ် ။ တကယ်ဆို သူတစ်ပါး ပိုင်ဆိုင်ပြီးသားအရာကြီးကို ဘာလို့ လိုချင်ရတာလဲလို့လဲ တွေးမိပြန်တယ် ။ ချစ်လို့ ကြိုက်လို့ ဆိုပြီး ဖြေကြတာတွေလဲ ရှိတယ် တချို့က ချမ်းသာလို့ ပေးကမ်းနိုင်လို့ ။

စိတ်နဲ့တောင် မပစ်မှားသင့်တဲ့ အရာကြီးပါ ။ ဒု တ န သော တဲ့ မကြားဖူးကြတာလား ဒါမှမဟုတ် ကြောက်ပဲမကြောက်ကြတာလား မေးကြည့်ချင်မိတယ် ။ စကားလုံး အသုံးအနှုံးရိုင်းရိုင်းနဲ့ ရပ်ကွက်စကား ပြောရရင် ယောက်ျား အဲ့သလောက် ရှားသလားပေါ့ ။

အမိ . . . မှတ်ထားပါ ။ ဒီနေ့ သူတစ်ပါးမိသားစုကို မျက်ရည်ပေါက်ကြီးငယ် ကျပြီး စိတ်ဆင်းရဲရအောင်လုပ်ရင် တစ်နေ့ ကိုယ့်အလှည့်ရောက်ရင်လဲ ပျော်ရလိမ့်မယ်လို့ မထင်နဲ့ ။ သူတစ်ပါးမိသားစုကို ပြိုကွဲအောင်လုပ်ရင် တစ်နေ့ ကိုယ်တည်ဆောက်ထားတဲ့ မိသားစုလဲ တည်မြဲလိမ့်မယ်လို့ မထင်နဲ့ ။ ဒါတွေဟာ . . . ကျိန်စာမဟုတ်ဘူး မနာလိုတာလဲ မဟုတ်ဘူး သဘာ၀တရားကြီးက အလိုလို ဒဏ်ပြန်လာတတ်တဲ့ ၀ဋ်သက်သက်ပါ ။

ကိုယ့် ဇနီးမယားကို ပစ်ပြီး နောက်မီးလင်းတဲ့ ယောက်ျားက အမိလက်ထဲ ရောက်ရင်လဲ ဖောက်ပြားမှာပဲ အဲ့ဒီအချိန်အခါတွေ ရောက်ခဲ့တဲ့အခါ တစ်ချိန်က ကိုယ်ငိုခဲ့ရတဲ့ ရက်တွေကို စာနာပါလိမ့်မယ် ။ အဲ့ဒီအချိန်တွေ ရောက်မှ ငါမှားလေခြင်းဆိုတဲ့ နောင်တတွေ ရှိလာတဲ့အခါလဲ ​ခံနိုင်ရည်ရှိဖို့ပဲ ကြိုးစားပါ ။

တချို့တွေကျတော့ . . . နောင်တရဖို့ဆိုတာဝေး . .. မာန်တက်ပြတာတွေ ပြီးတော့ သူများပိုင်ထားတဲ့အရာကို ကိုယ်က လုယူထားတော့ ကိုယ့်ဆီက ပြန်ပြီး လုယူသွားမှာကြောက်တဲ့စိတ်နဲ့ ပူလောင်ရတာတွေ အများကြီးပဲ ။

ဖြစ်နိုင်ရင်လေ . . . . ကိုယ့်အတွက် သီးသန့်ဖြစ်ပေါ်လာတဲ့လက်ကိုပဲ ဆွဲပါ မနေချင်လို့ ထွက်သွားပါမယ်ဆိုရင် အသာတကြည်နဲ့ လက်တွဲဖြုတ်ပေးနိုင်တဲ့အထိ ရင့်ကျက်ပါ ။ တစ်ပါးသူနဲ့ ပြိုင်ပြီး လုယူမှ ရတဲ့အရာတွေဆို ကိုယ့်ဘက်က အရင်ဆုံး စွန့်လွှတ်လိုက်တာပဲ ကောင်းပါတယ် ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

ပိုင္ရွင္ရွိမွန္းသိသိရဲ႕နဲ႔ လိုခ်င္ေနတဲ့ မိန္းမေတြကို ၾကည့္ၿပီးေတာ့ သနားတယ္ ။ တကယ္ဆို သူတစ္ပါး ပိုင္ဆိုင္ၿပီးသားအရာႀကီးကို ဘာလို႔ လိုခ်င္ရတာလဲလို႔လဲ ေတြးမိျပန္တယ္ ။ ခ်စ္လို႔ ႀကိဳက္လို႔ ဆိုၿပီး ေျဖၾကတာေတြလဲ ရွိတယ္ တခ်ိဳ႕က ခ်မ္းသာလို႔ ေပးကမ္းႏိုင္လို႔ ။

စိတ္နဲ႔ေတာင္ မပစ္မွားသင့္တဲ့ အရာႀကီးပါ ။ ဒု တ န ေသာ တဲ့ မၾကားဖူးၾကတာလား ဒါမွမဟုတ္ ေၾကာက္ပဲမေၾကာက္ၾကတာလား ေမးၾကည့္ခ်င္မိတယ္ ။ စကားလုံး အသုံးအႏႈံး႐ိုင္း႐ိုင္းနဲ႔ ရပ္ကြက္စကား ေျပာရရင္ ေယာက္်ား အဲ့သေလာက္ ရွားသလားေပါ့ ။

အမိ . . . မွတ္ထားပါ ။ ဒီေန႔ သူတစ္ပါးမိသားစုကို မ်က္ရည္ေပါက္ႀကီးငယ္ က်ၿပီး စိတ္ဆင္းရဲရေအာင္လုပ္ရင္ တစ္ေန႔ ကိုယ့္အလွည့္ေရာက္ရင္လဲ ေပ်ာ္ရလိမ့္မယ္လို႔ မထင္နဲ႔ ။ သူတစ္ပါးမိသားစုကို ၿပိဳကြဲေအာင္လုပ္ရင္ တစ္ေန႔ ကိုယ္တည္ေဆာက္ထားတဲ့ မိသားစုလဲ တည္ၿမဲလိမ့္မယ္လို႔ မထင္နဲ႔ ။ ဒါေတြဟာ . . . က်ိန္စာမဟုတ္ဘူး မနာလိုတာလဲ မဟုတ္ဘူး သဘာ၀တရားႀကီးက အလိုလို ဒဏ္ျပန္လာတတ္တဲ့ ၀ဋ္သက္သက္ပါ ။

ကိုယ့္ ဇနီးမယားကို ပစ္ၿပီး ေနာက္မီးလင္းတဲ့ ေယာက္်ားက အမိလက္ထဲ ေရာက္ရင္လဲ ေဖာက္ျပားမွာပဲ အဲ့ဒီအခ်ိန္အခါေတြ ေရာက္ခဲ့တဲ့အခါ တစ္ခ်ိန္က ကိုယ္ငိုခဲ့ရတဲ့ ရက္ေတြကို စာနာပါလိမ့္မယ္ ။ အဲ့ဒီအခ်ိန္ေတြ ေရာက္မွ ငါမွားေလျခင္းဆိုတဲ့ ေနာင္တေတြ ရွိလာတဲ့အခါလဲ ​ခံႏိုင္ရည္ရွိဖို႔ပဲ ႀကိဳးစားပါ ။

တခ်ိဳ႕ေတြက်ေတာ့ . . . ေနာင္တရဖို႔ဆိုတာေဝး . .. မာန္တက္ျပတာေတြ ၿပီးေတာ့ သူမ်ားပိုင္ထားတဲ့အရာကို ကိုယ္က လုယူထားေတာ့ ကိုယ့္ဆီက ျပန္ၿပီး လုယူသြားမွာေၾကာက္တဲ့စိတ္နဲ႔ ပူေလာင္ရတာေတြ အမ်ားႀကီးပဲ ။

ျဖစ္ႏိုင္ရင္ေလ . . . . ကိုယ့္အတြက္ သီးသန္႔ျဖစ္ေပၚလာတဲ့လက္ကိုပဲ ဆြဲပါ မေနခ်င္လို႔ ထြက္သြားပါမယ္ဆိုရင္ အသာတၾကည္နဲ႔ လက္တြဲျဖဳတ္ေပးႏိုင္တဲ့အထိ ရင့္က်က္ပါ ။ တစ္ပါးသူနဲ႔ ၿပိဳင္ၿပီး လုယူမွ ရတဲ့အရာေတြဆို ကိုယ့္ဘက္က အရင္ဆုံး စြန္႔လႊတ္လိုက္တာပဲ ေကာင္းပါတယ္ ။

 

 

Leave a Comment