Tue. Oct 26th, 2021

အစွဲအလမ်းကြီးတတ်တဲ့သူက အတွေးလွန်တတ်ပါတယ် ဖုန်းစက်ပိတ်ထားတဲ့အခါ ဘာများဖြစ်နေမလဲဆိုတဲ့ အတွေးနဲ့ အရင်ဆုံးဆောက်တည်ရာမရ ဖြစ်မယ်

ငါနဲ့ စကားမပြောချင်လို့လားဆိုတဲ့အတွေးနဲ့ ၀မ်းနည်းမယ် ငါ့ကို သတိမရဘူးလားဆိုတဲ့အတွေးတွေနဲ့ ခံစားချင် ခံစားတတ်တာလေ

ဘာမဟုတ်တာလေးနဲ့ လို့ ထင်ချင်ကောင်းထင်နိုင်ပါတယ် အဲ့ဒီဘာမဟုတ်တာလေးကအစ အများကြီး ဂရုစိုက်ထားတဲ့သူက အများကြီးပိုခံစားရတာ သဘာ၀ပါ ဆင်တစ်ကောင်အတွက်တော့ နှာချေရုံလေး နှာချေလိုက်တာပါ ပုရွက်ဆိတ်လေးအတွက်တော့ မုန်တိုင်းဖြစ်ချင် ဖြစ်နေတတ်တာပဲလေ တစ်ခုခုဆို အဆုံးစွန်ထိတွေးတွေးပြီး အဆုံးစွန်ထိ ခံစားပစ်လိုက်ကြတာမျိုးပေါ့ ။ နားလည်မှုမရှိလိုက်တာလို့ မထင်ပါနဲ့ တကယ်တော့ ဂရုစိုက်ခံချင်တာပါ ။

နေရာတကာ လိုက်ပြီး မျက်စိဒေါက်ထောက် ကြည့်နေတာပဲဆိုတဲ့ စွပ်စွဲချက်တွေအနောက်မှာ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့မေ့နေတတ်တဲ့အချိန်တွေလဲ အများကြီးရှိပါတယ် အတွေးတွေကို ဂရုစိုက်ပါတယ် ကိုယ့်ကို နာကျင်စေမယ့်အတွေးတွေဆို ပိုလို့တောင် ၀င်မလာစေချင်သေးတယ် သိတယ်မလား အပ်နဲ့ ထိုးတာလေးကအစ ပုဆိန်နဲ့ ပေါက်သလောက် နာကျင်ရတာမျိုးလေ

တစ်ဖက်က ဘာမှ မဟုတ်ဘူးဆိုတဲ့ စကားအနောက်မှာ ကိုယ့်အတွေးတွေ အဖက်ဖက်က တွေးပြီး နာကျင်နေရတာမျိုးတွေလေ ကလေးကုလားဆန်လိုက်တာနဲ့ တကယ်တော့ အစွဲအလမ်းကြီးတာပါ ကိုယ်မှားသွားမှာစိုးရိမ်သလို ပစ်ထားသွားမှာလဲစိတ်ပူတာပေါ့ အမှားတွေ အမှန်တွေ ဆင်ခြင်စဥ်းစားနေဖို့ထက် ဒီလိုလားမသိဘူး ဟိုလိုလားမသိဘူးဆိုတဲ့ အတွေးပေါင်းသောင်းခြောက်ထောင်လောက် ခေါင်းထဲ ၀င်လာတတ်တာလေ

မယုံကြည်တာမဟုတ်ပါဘူး ကံတရားကို အပြည့်အ၀ မယုံရဲတာပါ ကိုယ် အများကြီး မျှော်လင့်ထားတဲ့အရာတစ်ခု ကိုယ့်ရှေ့ကနေ ပျောက်ကွယ်သွားမှာစိုးတာ အကောင်းဘက်ကချည်းဖြည့်တွေးဖို့လဲ ကြိုးစားခဲ့ဖူးပါတယ် နဲနဲလေးများ ကိုယ်စိုးထိတ်လိုက်ရင် မျက်ရည်က အလိုလိုကျလာတတ်တဲ့အထိ ၀မ်းနည်းနေတတ်တဲ့ ကောင်မလေးတစ်ယောက်ဆက်ပြီး မဖြစ်ချင်တော့လို့ပေါ့

ဖုန်းမဆက်တဲ့အခါ မအားလို့နေမှာပါဆိုတဲ့ အတွေးမျိုးတွေ တွေးတယ် ဖုန်းပိတ်ထားတဲ့အခါ ဘက်ထရီကုန်သွားတာ နေမှာပါဆိုတဲ့ အတွေးတွေ တွေးတယ် အကောင်းဘက်ကို တွေးရင်း တွေးရင်း မတော်တဆ သတိမရဘူးလားဆိုတဲ့ အတွေးတွေ ၀င်လာတဲ့အခါ အလိုလို ကမ္ဘာပျက်ရတာက ကိုယ်ပါ အတတ်နိုင်ဆုံးတော့ ကလေးကုလားဆန်တာတွေ မတွေးဖြစ်အောင်နေပါတယ် ပြီးတော့ အရမ်းကြီးတွေ တွေးပြီး အိပ်မရတဲ့ရက်တွေ ထပ်မရှိအောင်နေပါတယ်

အစွဲအလမ်းတွေ အရမ်းကို ကြီးတော့ ဘာမဟုတ်တာလေးကအစ အဆုံးစွန်ထိတွေ တွေးပြီး အဆုံးစွန်ထိတွေ နာကျင်ပစ်လိုက်တာမျိုးပါ ။နောက်ဆို ဆင်ခြင်ပါမယ်

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

အစြဲအလမ္းႀကီးတတ္တဲ့သူက အေတြးလြန္တတ္ပါတယ္ ဖုန္းစက္ပိတ္ထားတဲ့အခါ ဘာမ်ားျဖစ္ေနမလဲဆိုတဲ့ အေတြးနဲ႔ အရင္ဆုံးေဆာက္တည္ရာမရ ျဖစ္မယ္ ငါနဲ႔ စကားမေျပာခ်င္လို႔လားဆိုတဲ့အေတြးနဲ႔ ၀မ္းနည္းမယ္ ငါ့ကို သတိမရဘူးလားဆိုတဲ့အေတြးေတြနဲ႔ ခံစားခ်င္ ခံစားတတ္တာေလ

ဘာမဟုတ္တာေလးနဲ႔ လို႔ ထင္ခ်င္ေကာင္းထင္ႏိုင္ပါတယ္ အဲ့ဒီဘာမဟုတ္တာေလးကအစ အမ်ားႀကီး ဂ႐ုစိုက္ထားတဲ့သူက အမ်ားႀကီးပိုခံစားရတာ သဘာ၀ပါ ဆင္တစ္ေကာင္အတြက္ေတာ့ ႏွာေခ်႐ုံေလး ႏွာေခ်လိုက္တာပါ ပု႐ြက္ဆိတ္ေလးအတြက္ေတာ့ မုန္တိုင္းျဖစ္ခ်င္ ျဖစ္ေနတတ္တာပဲေလ တစ္ခုခုဆို အဆုံးစြန္ထိေတြးေတြးၿပီး အဆုံးစြန္ထိ ခံစားပစ္လိုက္ၾကတာမ်ိဳးေပါ့ ။ နားလည္မႈမရွိလိုက္တာလို႔ မထင္ပါနဲ႔ တကယ္ေတာ့ ဂ႐ုစိုက္ခံခ်င္တာပါ ။

ေနရာတကာ လိုက္ၿပီး မ်က္စိေဒါက္ေထာက္ ၾကည့္ေနတာပဲဆိုတဲ့ စြပ္စြဲခ်က္ေတြအေနာက္မွာ တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ဖို႔ေမ့ေနတတ္တဲ့အခ်ိန္ေတြလဲ အမ်ားႀကီးရွိပါတယ္ အေတြးေတြကို ဂ႐ုစိုက္ပါတယ္ ကိုယ့္ကို နာက်င္ေစမယ့္အေတြးေတြဆို ပိုလို႔ေတာင္ ၀င္မလာေစခ်င္ေသးတယ္ သိတယ္မလား အပ္နဲ႔ ထိုးတာေလးကအစ ပုဆိန္နဲ႔ ေပါက္သေလာက္ နာက်င္ရတာမ်ိဳးေလ

တစ္ဖက္က ဘာမွ မဟုတ္ဘူးဆိုတဲ့ စကားအေနာက္မွာ ကိုယ့္အေတြးေတြ အဖက္ဖက္က ေတြးၿပီး နာက်င္ေနရတာမ်ိဳးေတြေလ ကေလးကုလားဆန္လိုက္တာနဲ႔ တကယ္ေတာ့ အစြဲအလမ္းႀကီးတာပါ ကိုယ္မွားသြားမွာစိုးရိမ္သလို ပစ္ထားသြားမွာလဲစိတ္ပူတာေပါ့ အမွားေတြ အမွန္ေတြ ဆင္ျခင္စဥ္းစားေနဖို႔ထက္ ဒီလိုလားမသိဘူး ဟိုလိုလားမသိဘူးဆိုတဲ့ အေတြးေပါင္းေသာင္းေျခာက္ေထာင္ေလာက္ ေခါင္းထဲ ၀င္လာတတ္တာေလ

မယုံၾကည္တာမဟုတ္ပါဘူး ကံတရားကို အျပည့္အ၀ မယုံရဲတာပါ ကိုယ္ အမ်ားႀကီး ေမွ်ာ္လင့္ထားတဲ့အရာတစ္ခု ကိုယ့္ေရွ႕ကေန ေပ်ာက္ကြယ္သြားမွာစိုးတာ အေကာင္းဘက္ကခ်ည္းျဖည့္ေတြးဖို႔လဲ ႀကိဳးစားခဲ့ဖူးပါတယ္ နဲနဲေလးမ်ား ကိုယ္စိုးထိတ္လိုက္ရင္ မ်က္ရည္က အလိုလိုက်လာတတ္တဲ့အထိ ၀မ္းနည္းေနတတ္တဲ့ ေကာင္မေလးတစ္ေယာက္ဆက္ၿပီး မျဖစ္ခ်င္ေတာ့လို႔ေပါ့

ဖုန္းမဆက္တဲ့အခါ မအားလို႔ေနမွာပါဆိုတဲ့ အေတြးမ်ိဳးေတြ ေတြးတယ္ ဖုန္းပိတ္ထားတဲ့အခါ ဘက္ထရီကုန္သြားတာ ေနမွာပါဆိုတဲ့ အေတြးေတြ ေတြးတယ္ အေကာင္းဘက္ကို ေတြးရင္း ေတြးရင္း မေတာ္တဆ သတိမရဘူးလားဆိုတဲ့ အေတြးေတြ ၀င္လာတဲ့အခါ အလိုလို ကမာၻပ်က္ရတာက ကိုယ္ပါ အတတ္ႏိုင္ဆုံးေတာ့ ကေလးကုလားဆန္တာေတြ မေတြးျဖစ္ေအာင္ေနပါတယ္ ၿပီးေတာ့ အရမ္းႀကီးေတြ ေတြးၿပီး အိပ္မရတဲ့ရက္ေတြ ထပ္မရွိေအာင္ေနပါတယ္

အစြဲအလမ္းေတြ အရမ္းကို ႀကီးေတာ့ ဘာမဟုတ္တာေလးကအစ အဆုံးစြန္ထိေတြ ေတြးၿပီး အဆုံးစြန္ထိေတြ နာက်င္ပစ္လိုက္တာမ်ိဳးပါ ။ေနာက္ဆို ဆင္ျခင္ပါမယ္

 

Leave a Reply

Your email address will not be published. Required fields are marked *